Wun Zinn's Choice of the Week (20)


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့လို တနင်္ဂနွေအားလပ်ရက်လေးမှာ ဝန်ဇင်းစာချစ်သူ စာဂျပိုးတွေအတွက် အခန်းအောင်း စာဖတ်လို့ရအောင် ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ပေးထားတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ (ဆရာ) မိုးသက်ဟန် ဘာသာပြန်ဆိုထားတဲ့ “ပလက်ဖောင်း” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဝန်ဇင်းစာချစ်သူများ သိရှိနိုင်အောင်လို့ စာအုပ်ဖတ်ညွှန်းကို ခုလိုဖော်ပြလိုက်ပါတယ်။ 

မူရင်းစာအုပ်အမည် - Platform
မူရင်းစာရေးဆရာ - Michel Houellebecq
စာအုပ်အမည် - ပလက်ဖောင်း
ဘာသာပြန်စာရေးဆရာ - မိုးသက်ဟန်

၁၉၆၀ မှာ ပြင်သစ်ဖြစ်တည်မှုပဓာနဝါဒီိ စာရေးဆရာ အဲလ်ဘတ်ကမူး ကွယ်လွန်ပြီးနောက် နိုင်ငံတကာ စာဖတ်ပရိသတ်အများဆုံးရရှိတဲ့ ပြင်သစ်စာရေးဆရာအဖြစ် မီရှဲလ်ဝဲဘတ်ကို သတ်မှတ်ကြပါတယ်။ သူ့အရေးအသားတွေက ကြမ်းတမ်းသလိုတည်ငြိမ်လေးနက်မှု ရှိတယ်။ မီရှဲလ်ဝဲဘတ်ဟာ ဥရောပရဲ့ ယဉ်ကျေးတဲ့ အပြောအဆိုနဲ့ သဘောထားတွေရဲ့ မှန်ပြတင်းပေါက်တွေကို ခဲနဲ့ ပေါက်ပေါက်ပြီး ထွက်ပြေးတတ်သူတစ်ယောက်လို့ တံဆိပ်ကပ်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူစာအုပ်သစ်ထွက်တိုင်း စာပေဝေဖန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကြားမှာ အမြဲလိုလို လှုပ်ခတ်ပြီးတော့ အငြင်းပွားကြလေ့ရှိကြပါတယ်။

ဘာသာပြန်တဲ့ဆရာမိုးသက်ဟန်က သူရေးတဲ့ အမှာစာရဲ့တစ်နေရာမှာ ဇာတ်လမ်းကြောင်းကို ဒီလိုဖော်ပြထားတယ်။ " ပလက်ဖောင်းဝတ္ထုမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ မီရှယ်ဟာ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ သာမန်စာရေးစာချီတစ်ယောက်အနေနဲ့ လုပ်ကိုင်ရင်း အသက်လေးဆယ်အရွယ်ထိ ဘဝကို အထီးကျန်ပျင်းရိစွာ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ဖြစ်တယ်။သူ့အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် ခွင့်ယူပြီး ထိုင်းကိုစားရိတ်ငြိမ်း ခရီးစဉ်တစ်ခုနဲ့လိုက်ပါလာခဲ့တယ်။ ခရီးစဉ်မှာပါတဲ့တစ်နိုင်ငံတည်းသားတခြားသောပြင်သစ်တွေရဲ့ အရှေ့တိုင်းအပေါ်အထင်အမြင်သေးတာတွေ ဟိတ်ဟန်ထုတ်တာတွေအတွေးအမြင်မရှိတာတွေကို မီရှယ်ကစက်ဆုပ်မိတယ်။ ဒါပေမယ့်အဖွဲ့ထဲမှာ ပါလာတဲ့ထူးခြားပြီးဆက်ဆံရခက်လှတဲ့ ဗာလေရီဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပဲ သူ သဘောကျမိတယ်။ ဒါပေမယ့်မီရှယ်ဟာ သူစိတ်ဝင်စားတာကိုမပြပဲ သိပ်မရှုပ်ထွေးလှတဲ့ ထိုင်းအနှိပ်ခန်းတွေမှာ ထိုင်းအမျိုးသမီးတွေနဲ့ အပျော်ရှာရတာကိုပဲ ပိုနှစ်သက်နေခဲ့တယ်။ 

ထိုင်းခရီးစဉ်ပြီးတော့ ပါရီကိုပြန်ရောက်တဲ့ အချိန်မှာတော့ သူတို့နှစ်ယောက် စုံစုံမက်မက်ချစ်သူတွေဖြစ်လို့လာတယ်။ သူတို့နှစ်ယောက်လုံးအတော်ကြာကင်းမဲ့နေခဲ့တဲ့ လိင်မှုအရသာကိုပင်လယ်ရေလိုသောက်မပြေဖြစ်ကြပြီး လမ်းလွဲတဲ့အထိဖြစ်လာကြတယ်။ ကိုယ့်လိင်ဆက်ဆံဖော်ကိုနှိပ်စက်ရမှသာယာတာ၊ ကိုယ်ကအနှိပ်စက်ခံရမှ သာယာတာကိုကြိုက်နှစ်သက်သူတွေလာကြတဲ့ S&Mလို့ခေါ်တဲ့ကလပ်တွေ၊ ကိုယ့်ပါတနာကိုလဲလှယ်ဆက်ဆံကြတဲ့ကလပ်တွေသွားကြသလို အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆက်ဆံတဲ့အထိလွန်ကျူးလို့လာခဲ့တယ်။ အမွေတွေရထားတဲ့မီရှယ်ဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ ဗာရေလီိကို အကူအညီပေးဖို့ အလုပ်ကနေထွက်ခဲ့တယ်။ ဗာရေလီနဲ့သူ့အထက်လူကြီးကို မီရှယ်က လိင်မှုအခြေပြုခရီးသွားလုပ်ငန်းစတင်ဖို့အကြံပေးခဲ့တယ်။ ပထမကမ္ဘာက လူတွေမှာ ပိုက်ဆံပေါများနေပြီး ပျော်စရာဘာမှမရှိတဲ့အချိန်မှာ တတိယကမ္ဘာမှာ အစားတစ်လုတ်အတွက် ဘာမဆိုလုပ်မယ့်သူတွေသန်းပေါင်းများစွာရှိနေတယ်ဆိုတဲ့အယူအဆကိုမီရှယ်ကတင်သွင်းတယ်။ သူတို့လုပ်ငန်းက အသီးအပွင့်တွေဖြစ်ထွန်းလာတဲ့အခါမှာ ထိုင်းကိုသူတို့သုံးယောက် တစ်ခေါက်ပြန်လာခဲ့တယ်။"

စာမျက်နှာ ၄၀၀ ကျော်တဲ့ ပလက်ဖောင်းဘာသာပြန်စာအုပ်မှာ ဆရာမိုးသက်ဟန်ရဲ့ အမှာစာကတင် စာအုပ်အညွှန်းတစ်ခုအတွက်လုံလောက်နေတော့ သူ့ရဲ့အမှာကိုပဲ ကိုယ့်အမြင်လေးတွေထပ်ဖြည့်ပါရစေ။

(၁) အတွေးအခေါ်များ (yes)
စာအုပ်ရဲ့ အစပိုင်းမှာမီရှယ်ရဲ့အဖေ အသတ်ခံရတဲ့အပိုင်းနဲ့ပက်သက်ပြီး သူ့ရဲ့ အမြင်တစ်မျိုးကိုဖတ်ရမယ်။ သဘောကသားနဲ့အဖေ သိပ်အစေးမကပ်တာကိုအခြေပြုပြီး ဖြစ်တည်မှုပဓာနဝါဒ/အတ္တဘဝအမှန်ဝါဒ(existentialism)ကို စာရေးဆရာကချပြသွားတဲ့အတွက် အတွေးအခေါ်ဝတ္ထုလိုဖတ်ရမယ်။

(၂) ခရီိးသွားစာပေ (yes)
အလုပ်ကခွင့်ယူပြီး Tour နဲ့ ထိုင်းကိုသွားလည်တဲ့အကြောင်းနဲ့ ဇာတ်အလယ်ပိုင်းမှာ ကျူးဘားကို Tour လေ့လာရေးသွားတဲ့အကြောင်းတွေကို ဘယ်နေရာမှာ ဘယ်လိုသာယာတယ် ဘယ်ဒေသမှာ အဆင်မပြေတာဘယ်လိုကြုံရတယ် စသဖြင့် အတော်စေ့စေ့စပ်စပ်ရေးထားတာမို့ ခရီးသွားစာပေတစ်ခုကိုဖတ်လိုက်ရတယ်ဆိုလဲ မှန်တယ်။ အထူးသဖြင့် လိင်ခရီးသွားလုပ်ငန်းနဲ့ပက်သက်ပြီး အတော်ဂရုတစိုက်ချဉ်းကပ်ပြုစုထားတဲ့အချက်အလက်တွေပါဖတ်ရမယ်။

(၃)အချစ်ဇာတ်လမ်း (yes)
မီရှယ်နဲ့ ဗာလေရီတို့ဟာ ပထမတစ်ခေါက် ထိုင်းခရီးမှယကတည်းက မထိတထိအပြောအဆိုတွေနဲ့ ခရီးစဉ်ကအပြန်ချစ်သွားကြတယ်။ နှစ်ယောက်သားအရမ်းချစ်ပြီး ချစ်မဆုံးအောင်ပျော်ကြတာတွေပါတယ်ဆိုတော့ sex ခန်းတွေဖယ်ထားပြီးဖတ်မယ်ဆိုရင်တောင် romance ဇာတ်လမ်းကောင်းတပုဒ်ပဲလေ။ ဇာတ်သိမ်းမှာ မျက်ရည်လွယ်တဲ့သူဆို မျက်ရည်ကျစေမယ့်ဇာတ်သိမ်းမျိုးဟာလဲ ဒီစာအုပ်ဟာ အချစ်ဝတ္ထုကောင်းတစ်ပုဒ်ဆိုတာ မငြင်းနိုင်တဲ့အချက်ပဲ။

(၄)အိမ်ထောင်ရေး (yes)
ယန်းအီဗဲလ်နဲ့ သူ့အမျိုးသမီးအဆင်မပြေတာ၊ သူတို့နှစ်ယောက်ရဲ့ကလေးတွေရဲ့အကြောင်းအနည်းငယ်၊ အိမ်မှာ ကလေးထိန်းတွေနဲ့ထားခဲ့ရတာတွေ စတဲ့ယန်းအီဗဲလ်ရဲ့ အိမ်ထောင်ရေးဇာတ်လမ်းလည်းပါတယ်။ 

(၅) လိင်ခန်းများ (yes)
မင်းသားဟာ sex နဲ့ပတ်သက်ပြီး တောက်လျှောက် အဖော်မျိုးစုံနဲ့ ဆက်ဆံခဲ့တာ။ ထိုင်းမှာ ပါရီမှာ ကျူးဘားမှာ လူမျိုးပေါင်းစုံပုံစံပေါင်းစုံကိုဆက်ဆံခဲ့တယ်။ အခန်းထဲ မင်းသားဟာ မင်းသမီးနဲ့တင်မက အခြားသူတွေနဲ့ပါ Oral sex / Public sex / Three some / Two by Two / Car sex တွေအပြင် ယန်းအီဗဲလ်နဲ့ ကလေးထိန်းမလေးရဲ့ under-age sex တွေပါ ပါတာမို့ စာရေးဆရာဟာ အဲ့ဘက်မှာ အတော်လေးစုံအောင် ကြိုးစားအားထုတ်ထားပုံရတယ်လို့ပြောရင် မမှားပါဘူး။

(၆) စီးပွားရေး/စွန့်ဦးတီထွင် (yes)
ဗာလေရီနဲ့ ယန်းအီဗဲလ်တို့ဟာ စီးပွားရေးလောကထဲကဝန်ထမ်းတွေနေရာကသရုပ်ဆောင်တွေဖြစ်ပြီး ကြိုးစားရင် ရှယ်ယာပိုင်ရှင်တွေအထိဖြစ်လာမယ်ဆိုတာကို ပြသွားနိုင်တဲ့ စီးပွားရေးနောက်ခံဇာတ်တစ်ပုဒ်အနေနဲ့လည်း ရှုမြင်နိုင်တယ်။ 
………….
မကြိုက်တဲ့အချက်တစ်ချက်က မီရှဲဝဲဘက်က အတော်ပစိပစပ်များတဲ့ အဖိုးကြီးလားမသိ။ အပြင်မှာစကားလဲအတော်များမယ့်ပုံ။ မင်းသားရဲ့အတွေးတွေ တခါတခါတောက်လျှောက်ရေးရင်းရေးရင်း ဘယ်ရောက်ရောက်မှန်းမသိတာတွေဖြစ်ဖြစ်ကုန်တယ်။ (ဘာသာပြန်အခြေအနေအရ စကားလုံးတွေဖောင်းပွသွားတာလဲဖြစ်နိုင်တယ်) နောက် မိန်းမအင်္ဂါကို ပူစီလို့သုံးထားတာကိုသဘောမကျချင်ဘူး။ ဘာသာပြန်တာကိုတော့ ကောင်းလို့ပဲသတ်မှတ်ရမှာပါ။ 

နောက်ဆုံးထပ်ပြောချင်တာကတော့ ကျနော်တို့တွေစာအုပ်ဖတ်ရင် ရုပ်ရှင်တစ်ကားကြည့်သလိုပဲ ခံစားပြီးဖတ်ကြတာပဲလေ။ဒီပလက်ဖောင်းကိုသာ စာအုပ်ထဲက sex အခန်းတွေအတိုင်း ရုပ်ရှင်ရိုက်ရင် (၁၈)နှစ်အောက်ကလေးတွေဘယ်ကြည့်သင့်မလဲနော်။ အဲ့သဘောပါပဲ။ ဒီစာအုပ်ကို (၁၈)နှစ်အောက် ကလေးတွေ လုံးဝ(လုံးဝ)မဖတ်သင့်ပါဘူး။
………….
ကဲ … စာဖတ်သူရဲ့ စိတ်ဝင်ပါဝင်စားမှုကို ဆွဲဆောင်ထားနိုင်မယ့် ခုလို ဘာသာပြန်စာအုပ်ကောင်းကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများ ရှိဦးမှာမို့ ပြန်လည်အသိပေး မျှဝေဖို့လည်း မမေ့ပါနဲ့ဦး။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 
အကြောင်းအရာမျိုးစုံ တင်ပြထားတဲ့ Wun Zinn Digest ပါတဲ့ Wun Zinn နောက်ဆုံး ဗားရှင်း ကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေ ဖတ်ရှုပြီး ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပါပြီလို့လည်း ပြောပါရစေဗျ ...။ 
“ဒီပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. ။ 

Related Posts