Wun Zinn's Choice of the Week (33)


မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …

ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ဝန်ဇင်းစာချစ်သူတွေ အနားယူရင်း ဖတ်ရှုနိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ ဂျာနယ်ကျော်မမလေးရေးသားတဲ့ “သွေး”ဝတ္ထု ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

သွေးက စကားပြောတယ်ဆိုတဲ့စကားရှိပါတယ်။ ယုမိစံဆိုတဲ့ ဂျပန်မလေးဟာ သူ့ဖခင် ဂျပန်ကြီး မစ္စတာယူရှီဒါး မြန်မာပြည်ကို ဂျပန်စစ်တပ်နဲ့ ဝင်လာခဲ့စဉ် အိမ်ထောင်ကျပြီး မွေးခဲ့တဲ့ သူမရဲ့ (ဖအေတူ မအေကွဲ) မောင်လေးကို လိုက်ရှာရင်း သူတို့မောင်နှမအကြား၊ မြန်မာနဲ့ ဂျပန်ကြားက စစ်ရဲ့ ဆိုးမွေတွေကို ဖတ်ရှုနားလည်နိုင်မယ့် ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါတယ်။

လူသားမောင်နှမနှစ်ယောက် အသက်ရှင်ကာ၊ နီးကပ်စွာ တွေ့ဆုံနေကြပါလျက် တစ်ဦးနှင့်တစ်ဦး မည်မျှဝေးကွာ၍ နေကြရသနည်း။မည်မျှရင်နာစရာ ကောင်းသနည်း။ ဤအဖြစ်မျိုး ခံရ ကြုံရခြင်းသည် မည်သူ့ ပယောဂကြောင့်နည်း။ သူ့ဖခင်လော၊ မောင်လေးလော.... တကယ်တော့ မည်သူ့အတွက်ကြောင့်မှ မဟုတ်ကြောင်း ယုမိစံ တွေးမိ၏။

၁၉၇၀ ကျော်ကာလမှာ ထွက်ရှိခဲ့တဲ့ ဂျာနယ်ကျော်မမလေးရဲ့ သွေးစာအုပ်ဟာ (၂၀၁၈) လက်ရှိအချိန်မှာဆို ဆဌမအကြိမ်ထိအောင်အကြိမ်ကြိမ် ပုံနှိပ်ရောင်းချထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဂျပန်ခေတ်ကာလမှာ မြန်မာပြည်ကို ရောက်လာတဲ့ ဂျပန်စစ်ဗိုလ်တစ်ဦးက အစပြုခဲ့တဲ့ 'သွေး'ဝတ္ထုစာအုပ်ဟာ ဂျပန်ဘာသာဖြင့် ပြန်ဆိုခံရပြီး ရောင်းချနိုင်ခဲ့တဲ့အထိလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ သွေးစာအုပ်အတွက် အောင်မြင်မှုအရှိဆုံးဖြစ်ရပ်ကတော့ ဂျပန်-မြန်မာချစ်ကြည်ရေးအဖြစ် ရုပ်ရှင်ကားကြီး ရိုက်ကူးပြသခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်မှာ ဖတ်ရမည့်ဇာတ်လမ်းက ဘဝပေးအခြေအနေအရ ဂျပန်တွေကို မုန်းနေတဲ့ မောင်မောင်၊ သူမရဲ့ ဖအေတူမအေကွဲမောင်လေးကို လိုက်ရှာရင်း သူမရဲ့ မောင်လေးဟာ ဂျပန်တွေကို အသည်းထဲက မုန်းနေသူဖြစ်တာ သိလိုက်ရတဲ့ ဂျပန်မလေး ယုမိစံ၊ မောင်မောင့်ကို ငယ်စဉ်ကတည်းက ဂရုစိုက်ပြီး မွေးမြူစောင့်ရှောက်လာတဲ့ ဦးသက်လွင်တို့ကြားက ဇာတ်ဖြစ်ပေမယ့် တကယ်တမ်းမှာမောင်မောင်နဲ့ ယုမိစံ မောင်နှမကြားက အနီးအဝေးကို ပုံဖော်ရင်း လူအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြတဲ့ စစ်ရဲ့ ဆိုးကျိုးကို ဂျာနယ်ကျော်မမလေးက လှလှပပလေး ရေးဖွဲ့ပြသွားပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်တပ်နဲ့ အတူစစ်ချီလာတဲ့ စစ်ဗိုလ် (ယုမိစံရဲ့ ဖခင်) မစ္စတာယူရှီးဒါးဟာ မြန်မာနိုင်ငံတွင်း နေစဉ် ပဲခူးဆေးရုံမှာ မထွေးထွေးနဲ့ ဆုံပြီး ဘုရားလေးရွာမှာ မထွေးထွေးအဖေ ရွာသူကြီးဆီမှာ တရားဝင် လက်ထပ်တောင်းရမ်းယူပြီး ပေါင်းသင်းခဲ့တယ်။ စစ်ရှုံးလို့ သူပြေးရတော့ အချိန်မှာ မထွေးထွေးဆီမှာ မောင်မောင့်ကိုယ်ဝန်ကျန်ခဲ့ပြီလေ။ မစ္စတာယူရှီးဒါးဟာ ရန်ကုန်မှာ စစ်သုံ့ပန်းအဖြစ်ဖမ်းမိ၊ ဂျပန်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာ ဆုံးပါးသွားလို့ သူ့သားရှိရာဆီ ပြန်မလာနိုင်ခဲ့ဘူး။ မိခင် မထွေးထွေးဟာလည်း မောင်မောင် ဆယ်လသား အရွယ်မှာပဲ ကွယ်လွန်ခဲ့ပြန်တယ်။ မိဘမရှိပဲ ကြီးခဲ့ရတဲ့အပြင် သူ့ရဲ့အဖေဟာ ဂျပန်ဖြစ်တာမို့ မောင်မောင်ဟာ ငယ်စဉ်ကတည်း ရွယ်တူတွေရဲ့ လှောင်ပြောင်မှုမျိုးစုံ ခံခဲ့ရတာပေါ့။ သူ့ကို ဂျပန်ရဲ့သားလို့ စ လေ၊ သူကစိတ်ဆိုးပြီး ရန်ဖြစ်လေနဲ့ သူ့ရဲ့ နှလုံးသားမှာ ဂျပန်ဆိုတာကို အလွန်အမင်းကြီးကို မုန်းတီးပြီး နားကကို မကြားချင်လောက်အောင် ရွံ့မုန်းနေခဲ့ပါတယ်။ မောင်မောင့်အတွက် ကံကောင်းတာဟာ သူကပ်နေတဲ့ ဘုန်းကြီးကျောင်းကိုလာတဲ့ ကိုသက်လွင်ဟာ မောင်မောင့်ကို သနားတာနဲ့ မောင်မောင့်ကို မွေးစားဖို့ ဖြစ်လာတာပါပဲ။ မောင်မောင့်ဘက်ကလည်း ကတိတစ်ခုပဲ ကိုသက်လွင်ကို တောင်းခဲ့တာပါ။ သူ့အဖေဟာ ဂျပန်ဆိုတာကို သူ့ရဲ့ အနာဂတ်တစ်ဘဝလုံး ဘယ်သူ့ကိုမှ မပြောရပါဘူးဆိုတဲ့ ကတိပေါ့။ အဲ့ဒီလိုနဲ့ တစ်နေ့မှာ ဂျပန်မလေး ယုမိစံဟာ သူ့အဖေမဆုံးမီက သိခဲ့ရတဲ့ သတင်းတွေကတဆင့် ဂျပန်မှထွက်လာကာ ရန်ကုန်မှာ အလုပ်လုပ်ရင်း သူမရဲ့ သွေးသားတော်စပ်သူ မောင်လေးကို ရှာပုံတော်ထွက်ဖို့ ဖြစ်လာရာက သွေးဇာတ်လမ်းဖြစ်လာပါတော့တယ်။

ယုမိစံဟာ ဇွဲ၊လုံ့လ၊ဝီရိယတို့ရဲ့ အကျိုးဆက်ကြောင့် ရန်ကုန်မှာ ဦးသက်လွင်နဲ့ တူတူနေနေတဲ့ မောင်မောင့်ကို ရှာဖွေတွေ့ခဲ့ပါတယ်။ယုမိစံခမျာ မောင်မောင့်ကို ရှာတွေ့ခဲ့ပေမယ့် မောင်မောင်ဟာ ဂျပန်ဆိုရင် အသံတောင် မကြားချင်အောင် မုန်းနေခဲ့သူ ဖြစ်နေပြီလေ။အဲ့ဒီမှာ ဦးသက်လွင်ရဲ့ အကူအညီတွေနဲ့ ဦးသက်လွင်အိမ်ကိုသွားရင်း သူ့အစ်မဖြစ်ကြောင်း ပြသဖို့နဲ့ သူ့အစ်မကို ချစ်လာဖို့ ယုမိစံ နည်းမျိုးစုံကြိုးစားခဲ့တယ်။ ရန်ကုန်မှာ အလုပ်လုပ်ရတဲ့ အချိန်ကာလတစ်ခုအတောအတွင်းမှာ ယုမိစံဟာ မောင်မောင့်ကို အတိတ်က ဒဏ်ရာတွေကို မေ့ပျောက်ပြီး ဂျပန်လူမျိုးဆိုတာကို လက်ခံအောင် ကြိုးစားရာမှာ အကောင်အထည်ပေါ်မလား၊ ကျရှုံးသွားမလားဆိုတာကို ဂျာနယ်ကျော်မမလေးက ဖတ်နေသူရဲ့ ရင်ထဲကို ထိထိမိမိဖြစ်ရလေအောင် စာရေးဆရာတို့ရဲ့ အတတ်ပညာနဲ့ အချိတ်အဆက်မိမိလှလှပပ ဖတ်ချင်စဖွယ် ရေးသားထားပါတယ်။ စပြီး ဖတ်လိုက်ကတည်းက လက်ကမချပဲ အဆုံးထိဖတ်ဖြစ်သွားအောင် ဆွဲဆောင်သွားတဲ့ စာအုပ်တစ်အုပ်အဖြစ် ဂျာနယ်ကျော်မမလေးရဲ့ သွေးဝတ္ထုကို ညွှန်းဆိုလိုက်ရပါတယ်။ 

ကဲ … ဒီတော့ ခုလို စိတ်ဝင်စားဖွယ် စာအုပ်ကို ဝန်ဇင်းစာချစ်သူတွေ လက်လွှတ်မခံဘဲ ဒီပို့စ်မှာပါဝင်တဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ငွေကျပ် *၁ဝဝဝ* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ဖတ်ချင်တဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ခု စာအုပ်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

အကြောင်းအရာမျိုးစုံ တင်ပြထားတဲ့ Wun Zinn Digest ပါတဲ့ Wun Zinn နောက်ဆုံး ဗားရှင်း ကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေ ဖတ်ရှုပြီး ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပါပြီလို့လည်း ပြောပါရစေဗျ ...။ 
“ဒီပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. ။

Related Posts