Wun Zinn's Choice of the Week (6)


"သူလိုလူ" - ဂျာနယ်ကျော်မမလေး 

( လူတိုင်းမသိသော လျှို့ဝှက်ချက်ကြီး နှစ်ချက်သည် ယခုဖတ်ရလတ္တံ့သော "သူ့လိုလူ" ဝတ္ထုကြီး၌ ဆက်လက်ဖုံးဖိထားခြင်းငှါ မဖြစ်နိုင်တော့အောင် ဘူးပေါ်သလို ပေါ်ခဲ့ရပြီဖြစ်သည်။ ဤဝတ္ထုသည် ဆန်းလွန်းသော လူရိုးတစ်ယာက်၏ အကြောင်းဖြစ်ပြီး ရိုးလွန်းသော လူဆန်းကြီးတစ်ဦး၏ အကြောင်းလည်းဖြစ်၏။ ဤသို့ဖြစ်၍ ဤဝတ္ထုသည် ဆန်းဆန်းနှင့်ပင်ရိုး၍ ရိုးရိုးနှင့်ပင်ဆန်းနေ၏။ )

ဝန်ဇင်းစာချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ .......

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ဝန်ဇင်းစာချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုတဲ့ စာအုပ်ကတော့ လူရိုး လူထူးလူဆန်းကြီး တစ်ယောက်ရဲ့အတ္ထုပ္ပတ္တိကို ရသမြောက်စွာ ရေးသားဖော်ထုတ်ထားတဲ့  "သူလိုလူ" စာအုပ်ကြီးပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဒီစာအုပ်ကို စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးက ရေးသားထားပြီး သူမရဲ့ ခင်ပွန်းဖြစ်သူ၊ တစ်ချိန်က မြန်မာ့နိုင်ငံရေးမှာ ထိပ်တန်းသတင်းစာကြီးတစ်စောင်ရဲ့ အယ်ဒီတာချုပ် ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ထူးခြား ( လွန်း ) တဲ့ စိတ်နေသဘောထားနဲ့ သူတို့နှစ်ဦး မေတ္တာရေစက်အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမှာပါ။ 

" နိုင်ငံတော်ချစ် သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီးတစ်ဦး၏ အလွန်တိုတောင်းလှသော ဘဝသက်တမ်းတွင် ယုံကြည်နိုင်ရန် ခဲယဉ်းလှပေသော သူ၏ အတွင်းရေးအတ္ထုပ္ပတ္တိကြီးကို ဂျာနယ်ကျော်မမလေးသည် သူ့လိုလူ ဟူသောအမည်ဖြင့် ယခုလို ရေးသားထုတ်ဝေလိုက်ခြင်း ဖြစ်ပေ၏။ " ( စာအုပ်အမှာစာမှ.. . )

ဘဝတစ်ခုလုံးကို သတင်းစာနဲ့ စာပေမှာ မြှုပ်နှံထားတဲ့ ရွှေလင်းယုန်အမည်ခံ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ပင်ကိုယ်စရိုက်၊ ဇာတိသရုပ်နဲ့ နိုင်ငံရေးသမားကြီးတစ်ဦးအဖြစ် နိုင်ငံနဲ့ ပြည်သူအပေါ်ထားတဲ့ သစ္စာသဘောထားတို့ကို စာဖတ်သူစိတ်အာရုံထဲ ထင်ထင်ရှားရှား ပီပီသသ ပေါ်လွင်လာအောင် ရေးဖွဲ့ထားတယ်၊ စိတ်ကူးယဉ်မဟုတ်ဘဲ တကယ့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ ဒီစာအုပ်မှာ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ ပြောင်မြောက်တဲ့ အရေးအသားကို ဖတ်ရှုရင်း ဦးချစ်မောင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ အပြည့်အဝ သိရှိသွားမှာဖြစ်ပါတယ်။ 

" အအိပ်မမှန်၊ အစားမမှန်သဖြင့် အသားအရေခန်းခြောက်လျက် မျက်တွင်းမျက်ချောင်ကျနေသော လူပျိုအယ်ဒီတာချုပ်တစ်ဦးသည် သူ အလုပ်လုပ်လျက်ရှိသော သတင်းစာတိုက်ကြီးအား သူ၏ တစ်ကိုယ်လုံးကို အပ်နှံလျက်၊ သူ၏ ဦးနှောက်မှ ယိုစိမ့်၍ ထွက်လာသော အခိုးအလျှံဖြင့် တိုင်းပြည်ကို ပူဇော်လျက်ရှိစဉ်၊ သူနှင့် တစ်ခါဖူးမျှ မျက်နှာချင်းမဆိုင်ဖူးသော မိန်းမပျိုတစ်ဦးသည် သူ့မျက်မှောက်၌ ဘွားခနဲပေါ်လာကာ၊ သူ၏ အကျင့်လွန်မှုကို ကြေးမုံဖြင့် ပြပြီးနောက် မလျော့မတင်းသော စောင်းသံကို တီးပြခဲ့လေသည် " ( အမှာစာမှ ... ) 

ဒီစာအုပ်ထဲမှာ စာရေးသူ ဂျာနယ်ကျော်မမလေးရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းလာခဲ့ပုံ၊ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ စစ်ပြေးဘဝအဖြစ် ဒုက္ခရောက်ကြပုံနဲ့ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ တွေ့ဆုံပုံ၊ ပြီးနောက် ဦးချစ်မောင်ရဲ့ အလွန်ရိုးသားသောစိတ်ဓာတ်၊ ထက်မြက်တဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးစိတ်ဓာတ် နိုးကြားပုံတို့ကို ထိုခေတ်ထိုအခါက နိုင်ငံရေးအခြေအနေတွေနဲ့အတူ သတင်းစာ၊ စာနယ်ဇင်းလောကရဲ့ အဖြစ်အပျက်တွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

၂၀ ရာစုရဲ့ အထူးခြားဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်တဲ့အပြင် အလွန်လေးစား အတုယူဖွယ်ကောင်းလှတဲ့ လူပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ အကြောင်းကို ဆရာမကြီး ဂျာနယ်ကျော်မမလေးက သူမရဲ့ ကလောင်စွမ်းနဲ့ မချွင်းမချန် တင်ပြထားတဲ့အတွက် စာဖတ်ဝါသနာပါသူတိုင်း ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ ( ဒီစာအုပ်ကို ဖတ်တဲ့အခါ ထမင်းမေ့ဟင်းမေ့ ဖြစ်မှာစိုးလို့ စာအုပ်မဖတ်ခင် လုပ်စရာရှိတာတွေ အရင်လုပ်ထားဖို့ ဝန်ဇင်းပရိသတ်ကြီးကို တိုက်တွန်းပါတယ် ... ???? )

ကဲ .. ဒီလိုဆိုရင်ဗျာ၊ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်ရအောင် ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

 ဝန်ဇင်းမှာဝယ်ဖတ်မယ်ဆို ၈၀၀ ကျပ်တည်းဖြင့် လွယ်ကူသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါတယ် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 



Related Posts