Wun Zinn's Choice of the Week (44)


“Super Sunday နေ့မှာ စုံထောက်ဝတ္ထုကောင်းကောင်းဖတ်ရင်း အိမ်တွင်းအောင်းမယ်”

………….

မင်္ဂလာပါဗျို့။

ဒီနေ့ကတော့ မင်္ဂလာရှိသော တနင်္ဂနွေနေ့၊ Super Sunday နေ့လေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ဝန်ဇင်းစာချစ်သူများ စာအုပ်ကောင်းကောင်း ဖတ်ရှုနိုင်ဖို့ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ စုံထောက်ဝတ္ထုကောင်းတစ်အုပ်ကို ရွေးချယ်ထားပါတယ်ခင်ဗျ။ 


စာအုပ်နာမည်က - ဖွဲခိုးမမိနှင့် အခြားစုံထောက်ဝတ္ထုတိုများ


မြန်မာစာပေလောကမှာ ဆရာကြီးမြသန်းတင့်ဆိုတာ နေလိုလလို ထင်ရှားသူပါ။ သူ့ရဲ့ ဘာသာပြန်စာပေများနဲ့ ပင်ကိုရေးတွေ ၊ မြန်မာမှုပြုခဲ့တဲ့ အမှီးစာအုပ်တွေကလည်း အတော်များများ ရှိပါတယ်။ အဲ့ဒီလိုမျိုး ပင်ကိုရေးနဲ့ အမှီးစာတွေ ပေါင်းစုပြီး ထုတ်ခဲ့တဲ့ စာအုပ်ကတော့ ဒီနေ့ တင်ပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 


ဆရာမြဟာ ကမ္ဘာ့စာပေလောကမှာ ထင်ရှားတဲ့ ဆာ အာသာ ကိုနင်ဒွိုင်းရဲ့ စုံထောက်ရှားလော့ဟုမ်းဝတ္ထုတိုများကို အတွဲ ( ၆ ) တွဲခွဲပြီး ပြန်ဆိုခဲ့ပါတယ်။ နောက်ပြီး နှစ်တစ်ရာအတွင်း ထွက်ရှိခဲ့တဲ့ စုံထောက်ဝတ္ထုတိုများထဲကမှ အကောင်းဆုံးတွေကိုသာ စုစည်းပြီး ကမ္ဘာ့နှစ်တစ်ရာ စုံထောက်ဝတ္ထုတိုများဆိုပြီး စာအုပ်တစ်အုပ် ဘာသာပြန်ရေးသား ပြုစုထုတ်ဝေခဲ့ပါသေးတယ်။ ခုပြောသလို ကမ္ဘာ့စုံထောက်စာပေတွေကို နှံ့စပ်တဲ့ ဆရာက သူအကြိုက်ဆုံး ရွေးချယ်ထားတဲ့ စုံထောက်ဝတ္ထုတွေကို အမှီးပြန်ရေးထားတဲ့ ဒီစာအုပ်ထဲကဝတ္ထုတွေဟာ သိပ်ဖတ်လို့ကောင်းနေပြီဆို အထူးပြောဖို့ မလိုတော့ဘူးထင်ပါတယ်။


ဒီတစ်ပတ်အတွက် မိတ်ဆက်လိုက်တဲ့ ဖွဲခိုးမမိနှင့် အခြားစုံထောက်ဝတ္ထုတိုများ စာအုပ်ထဲမှ ဝတ္ထုတိုများကတော့ ၁၉၈၅၊ ဇန်နဝါရီလ၊ စန္ဒာရုပ်စုံမဂ္ဂဇင်း အမှတ် ၁၉၀ မှ ၁၉၈၉၊ ဇွန်လ၊ စန္ဒာရုပ်စုံမဂ္ဂဇင်း အမှတ် ၂၃၅ အထိ ဆရာမြသန်းတင့် ရေးသားခဲ့တဲ့ စုံထောက်ဝတ္ထုတိုများပဲ ဖြစ်ပါတယ်။ ပင်ကိုရေးအပါအဝင် အမှီးဘာသာပြန် စုံထောက်ဝတ္ထုတို စုစုပေါင်း ( ၃၅ ) ပုဒ် ပါဝင်ပါတယ်။ 


စာမြည်းအနေနဲ့ အနည်းငယ် ပြောပြရရင်တော့ …..

၁။ စက်ပိုင်ကတော် သေဆုံးမှု - အမှုက စက်ပိုင်ကြီးရယ်၊ စက်ပိုင်ဇနီးနဲ့ ဇနီးဖြစ်သူရဲ့ အမေတို့ ညစာအတူ စားကြတယ်။ ညရောက်တော့ သုံးယောက်စလုံး မူးဝေအော့အန်ပြီး စက်ပိုင်ကတော် သေဆုံးသွားခဲ့တယ်။ အမှုကို ရဲဘက်က အစာအဆိပ်သင့်ပြီး သေဆုံးမှုအနေနဲ့ ပိတ်လိုက်ကြတယ်။ နောက်ဆုံး အချိန်တော်တော်ကြာလာတော့ စာလေးတစ်စောင်ကြောင့် အမှုပြန်ဖွင့်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ အာဆင်းနစ်အဆိပ်သင့် သေဆုံးမှန်း သိလိုက်ရတယ်။ 


အမှုမှာ ပါဝင်သူတွေလို့ ထင်ရသူတွေကို စစ်ဆေးကြည့်တော့လည်း မသင်္ကာစရာ မတွေ့ရဘူး။ ညစာကို အတူစားကြတယ်၊ အတူသောက်ကြတယ်။ နောက်ပြီး အတူတူပဲ မူးဝေအော့အန်ကြပေမဲ့ တစ်ယောက်ပဲ သေဆုံးခဲ့တယ်။ လူသတ်မှုက အမှုသွား အမှုလာ မထင်ရှားဘူး။ ဒါပေမဲ့ မကောင်းမှုမှာတော့ ဟာကွက်လေးက ရှိစမြဲပေါ့။ အမှုက သေသပ်လွန်းလို့ စိတ်ဝင်တစားဖတ်ရှုရမယ့် စုံထောက်ဝတ္ထုတိုပဲ ဖြစ်ပါတယ်။ 


၂။ အမေဂျမ်းနတ်ကွန်းမှာ ဖြစ်ရပ်ဆန်း - တစ်ခါတလေ ကိုးကွယ်ယုံကြည်မှုတွေနဲ့ ပတ်သက်လာရင် မှန်ကန်စွာ တွေးခေါ်မှုအတွက် ရှုပ်ထွေးမှုဖြစ်လာတယ်၊ ယိမ်းယိုင်လာတတ်တယ်။ ဒီသဘောကို အမေဂျမ်းနတ်ကွန်းမှ ဖြစ်ရပ်ဆန်းမှာ တွေ့ရပါလိမ့်မယ်။ 


မန္တလေးဒီစတိတ်နဲ့ စစ်ကိုင်းဒီစတိတ်အကြား နာမည်ကြီး နတ်ကွန်းကြီးမှာ ဖြစ်ခဲ့တာပါ။ ညအချိန်မတော်ကြီး အဲ့ဒီနတ်ကွန်းမှာ မြို့ပိုင်သမီးကြီး ခင်စောတင့်ကို အမေဂျမ်းနတ်က ဝင်ပူးတယ်။ အပူးခံရတယ်။ သူမဆီကို စိတ်ပူပြီး ပြေးသွားတဲ့ မြို့ပိုင်လေး၊ သူမနဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ရုတ်တရက် လဲကျသေဆုံးသွားတယ်။ သေသူကို ကြည့်လိုက်တော့ ရင်ဝမှာ ဓားဒဏ်ရာနဲ့။


သေဆုံးသူနဲ့ ခင်စောတင့်ကလည်း အဝေးကြီး၊ လက်လှမ်းမမီရာမှာ။ ဒီ့အပြင် ဒဏ်ရာကိုသာ တွေ့ရပြီး အနီးအနားမှာ ဓားကမရှိ၊ လက်နက်ရှာမတွေ့ဘူး။ ပတ်ဝန်းကျင်မှာ လူက နှစ်ဆယ်လောက်ရှိတယ်။ အများရှေ့မှာ ဖြစ်သွားတာ။ ဒါကို မကျေနပ်လို့ နောက်တစ်ရက် တိကုဆရာဝန်လေးက လက်နက်ပြန်သွားအရှာ၊ သူလည်း ဘယ်သူလုပ်လိုက်မှန်းမသိတဲ့ ဓါးဒဏ်ရာနဲ့ပဲ မြို့ပိုင်လေး သေဆုံးတဲ့နေရာမှာပဲ လဲကျနေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက လူတွေက နတ်ကြီးပြီး မြေကြမ်းတဲ့ ဒီနယ်မှာ အနေအထိုင် မတတ်ကြလို့ ဖြစ်တာဆိုပြီး သတ်မှတ်ကြတယ်။ နတ်ကိုင်တယ်ပေါ့။ အမှုမှာ ပါဝင် တွေ့ကြုံရတဲ့ မြေတိုင်းစာရေးလေးက -


“ဒါကတော့ ကိုရင်တို့ သဘောပေါ့လေ၊ ယုံချင်မှလည်း ယုံကြပါ။ ကျုပ်ကတော့ အဲ့ဒီတုန်းက အဖြစ်ကိုမြင်ပြီး ဖျားယူမတတ်ပဲ။ ဒီနေ့အထိလည်း အဲ့ဒီအကြောင်း ပြန်တွေးလိုက်ရင် ကျုပ်စိတ်ထဲ ကြက်သီးတွေ  တဖြန်းဖြန်းထနေတုန်းပဲ ရှိသေးတယ်။ ကိုရင်တို့ပဲ စဉ်းစားကြည့်လေ၊ ကိုယ့်ရှေ့မှာတင် လူတစ်ယောက် အကောင်းပကတိကြီးကနေ နတ်ကိုင်ခံရသလိုဖြစ်ပြီး စင်းစင်းကြီးသေသွားတာ မကြောက်ဘဲ ရှိပါ့မလား”

………….


ကျန်ရှိနေသေးတဲ့ စုံထောက်ဝတ္ထုတိုများကလည်း ဆရာမြရဲ့ လက်ရာကောင်း စာကောင်းပေမွန်များ ဖြစ်တာကြောင့် ဘာသာပြန်ကြိုက်သူများရော မြန်မာမှု ချစ်သူတွေအတွက်ပါ အဆင်ပြေစေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။


ကဲ ၊ ဖတ်ရှုမယ်ဆိုရင်လည်း ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သက်သာ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်း ပါးလိုက်ပါတယ်။


………….

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုညွှန်းဆိုခဲ့တဲ့ စုံထောက်ဝတ္ထုတိုစာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts