Wun Zinn Choice of the Week - 5


"နှင်းခွဲမီး" - ပျိုးလက်ဟန်

အထီးကျန်မှု ဆိုတာ လူအများစု ဖြစ်နေတဲ့ ရောဂါပဲ ။
အဲ့ဒီအထီးကျန်မှုရဲ့ လက္ခဏာတွေက လူတွေကို မယုံကြည်တာ ၊ ကိုယ့်ကိုကိုယ် ငါရူးများရူးနေလားလို့ ပြန်မေးနေမိတာ ၊
အစစအရာရာ အားထုတ်ခြင်းကင်းမဲ့ပြီး ဖြစ်သလို မျှောနေလိုက်တာ ၊ တစ်ယောက်တည်း အခန်းထဲမှာ ၊ ကုတင်ပေါ်မှာ ဟိုတွေးဒီတွေးနဲ့ အတွေးတွေ ခေါင်နေတာတွေပဲ ။
အထီးကျန်မှုဟာ အပယ်ခံမှုရဲ့ သွားနဲ့ကိုက်ခံလိုက်ရမှုကြောင့် ကူးဆက်လာတဲ့ ဗိုင်းရပ်စ်ပဲ ။
အထီးကျန်မှု ဗိုင်းရပ်စ်ကိုက်ခံရရင် နေ့တွေ ညတွေ ထိုင်းမှိုင်းလာပြီး တစ်မိုးလုံးယုံကြည်မှုတွေ ပျောက်ရှလို့
အိပ်ခန်းကျဉ်းလေးရဲ့ ခန်းစည်းဖျော့နောက်ကွယ်မှာ မျက်ကွင်းလေးတွေ ညိုလာတော့တာပဲ ။
နှင်းသူက အဲ့ဒီလို မိန်းကလေးပေါ့ ။
ဆာတယ်ထင်ရင် စားတယ် ။ မြို့ကလေးထဲ လျှောက်သွားတယ် ။
ထူးဆန်းပြီး ကိုယ့်ကိုကိုယ်သတ်သေထားတဲ့ အဖွားကြီးနဲ့ အတူနေခဲ့တဲ့ နှင်းသူကို ဘယ်သူမှ လည်း မနှောင့်ယှက်ရဲဘူး ။
ကြောက်ပြီး ပယ်ထားကြတယ် ။ နှင်းသူကလည်း သူနဲ့ အပေါင်းအသင်းလုပ်ပါလို့ လိုက် ခယ မနေပါဘူး ။
ဘဝဟာ သူများကို ခယဖို့ ဖြစ်တည်လာတာမှ မဟုတ်ပဲ ။
နှင်းသူ ဖြစ်သလို နံနက်ခင်းတွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းပစ်တယ် ။ မီးဖိုချောင်မှာ လောက်တက်နေတဲ့ အစားအသောက်ပုလင်းတွေကြား နှင်းသူအသားကျနေပါပြီ ။
မြို့စွန်က သရဲခြောက်တယ်ဆိုတဲ့ အိမ်ထဲက မိန်းကလေးကို ဘယ်သူမှ မတို့မထိရဲတာ ဆန်းသလား ။

ဒါပေမယ့် ဂျီဂျီကတော့ နှင်းသူနဲ့ နီးကပ်ဖို့ ကြိုးစားခဲ့တယ်
ဂျီဂျီဆိုတာ စာအုပ်လေးလက်ကကိုင် ၊ သစ်တောလမ်းကလေးထဲမှာ စကိတ်လေးစီးပြီး အားလပ်ရက်တွေကို ဖြတ်ကျော်နေတဲ့ သူပေါ့ ။
ယောကျာ်းလေးလို့ ထင်သွားလား မဟုတ်ဘူး ။ ဂျီဂျီဆိုတာ မိန်းကလေးပါ ။ ဂျီဂျီရဲ့ နာမည်အရင်းကလည်း နှင်းပါတယ် ။
နှင်းပန်းဖြူတဲ့ ။
ဂျီဂျီဟာ ဘာကြောင့် လူတကာက ကြောက်စရာကောင်းတဲ့လို့ ထင်တဲ့ နှင်းသူကို ခင်မင်နေမိတာလဲ ။
ဂျီဂျီဘဝကကော ဘယ်လိုမျိုးလဲ ။
ဂျီဂျီနဲ့ နှင်းသူအကြောင်း .... ။
သာမန်ဝတ္ထုအရေးအဖွဲ့တွေနဲ့ ကွဲပြားပြီး ကိုယ်ပိုင်ဟန်တစ်မျိုးနဲ့ ခွဲထွက်ထားတဲ့ ဝတ္ထုပါ ။
ဖတ်ဖူးနေကျ အရေးအသားတွေနဲ့ သိသိသာသာကွဲပြားပါတယ် ။
ဖတ်သင့်ပါတယ် ။
နှင်းတွေကို ဘယ်သူတွေက ခွဲမှာလဲ ။ နှင်းကိုခွဲမယ့် မီးဟာ ဘာလဲ ။
ဆရာမ ပျိုးလက်ဟန်ရဲ့ လက်ရာပါ ။ စိမ်းသက်ထူးခြားတဲ့ အရသာတစ်မျိုးရပါတယ် ။ ဖတ်ကြည့်စေချင်ပါတယ် ။
စာဖတ်သူများအားလုံး အထီးကျန်ခြင်းမှာ ကင်းဝေးကြပါစေသား ... 

ဝန်ဇင်းစာဖတ်ပရိသတ်ကြီး ၊ ဖတ်ကြည့်ပါ ကြိုက်ကြမှာ အသေအချာပါပဲ ။ ဝန်ဇင်းမှာဝယ်ဖတ်မယ်ဆို ၈၀၀ ကျပ်တည်းဖြင့် လွယ်ကူသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါတယ် ။ 

Related Posts