Wun Zinn's Choice of the Week (51)


[ ဘဝရဲ့ လောကဓံအခက်အခဲတွေကို ရဲရဲကြီး ရင်ဆိုင် ဖြတ်ကျော်ခဲ့ကြတဲ့ ရှင်ရဲယှဉ်ရဲ လူငယ်တွေအကြောင်း ]
…..

စာအုပ်အမည် - ရှင်ရဲယှဉ်ရဲလူငယ်များ
စာရေးဆရာ - မသီတာ ( စမ်းချောင်း )
 
ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုနိုင်မယ့် ဈေးနှုန်း - မြန်မာငွေကျပ် *၁,၀၀၀* 

စာအုပ်ဖတ်ညွှန်း - Teen ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းမှစ၍ စိတ်ခွန်အားပေးစာစုများကို ရေးသားလေ့ရှိသူ ဆရာမ မသီတာ ( စမ်းချောင်း ) က ဆယ်ကျော်သက်လူငယ်တိုင်းကို အဖိုးတန် စိတ်အင်အားရစေဖို့နဲ့ အရာရာမှာ အောင်မြင်စေဖို့ စတဲ့ စေတနာတွေ အရင်းခံပြီး ရေးသားထားတဲ့ စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘဝရဲ့ လောကဓံအခက်အခဲတွေကို ရဲရဲကြီး ရင်ဆိုင် ဖြတ်ကျော်ခဲ့ကြတဲ့ ရှင်ရဲယှဉ်ရဲ လူငယ်တွေအကြောင်းကို သာဓကပေး ဖော်ပြထားတာမို့ ဖတ်မိသူတိုင်း အတုယူ အားကျစရာ စတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပေါ်လာမယ်ဆိုတာ သေချာပေါက် ဆိုလိုက်ပါရစေရှင့်။ 

ကျွန်မကတော့ ဒီစာအုပ်လေးထဲက ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး ကမ္ဘာကို ရက်ပေါင်း ( ၂၁၀ ) ကြာ ရွက်လှေတစ်စင်းထဲနဲ့ ပင်လယ်ပြင်မှာ တစ်ကိုယ်တော် ရွက်လွှင့်ခဲ့တဲ့ သြစတြေးလျသူ သူရဲကောင်းမလေး Jessica Waston ကို အနှစ်သက်ဆုံးပါ။ နုနုရွရွ မိန်ကလေးတစ်ယောက်အနေနဲ့ အဖော်မပါဘဲ ကြမ်းတမ်းတဲ့ ပင်လယ်ခရီးမှာ စုန်ဆန်ပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားအောင် လုပ်ပြခဲ့တဲ့ သတ္တိကတော့ ကျွန်မအတွက် အတိုင်းအထက်အလွန် အားကျဖို့ ကောင်းပါတယ်။ 

ခရီးစဉ်တစ်လျှောက် ရေဒီယိုမှတစ်ဆင့် ဆက်သွယ်ပြောကြားပေးရုံမှလွဲရင် မည်သူ့ဆီကမှ အကူမယူခဲ့ဘဲ အခက်အခဲတိုင်းကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သူပါ။ ကမ္ဘာ့ရွက်လွှင့် အမြန်နှုန်းကောင်စီရဲ့ သတ်မှတ်ချက်အရ သူမဟာ အီကွေတာလဲ မဖြစ်မနေ ဖြတ်ရပါသေးတယ်။ တစ်နေ့တော့ ညသန်းခေါင်ယံ နှစ်နာရီမှာ မှေးခနဲ အိပ်ပျော်ရင်း တန်ခြောက်သောင်းကျော်ရှိတဲ့ ကုန်သင်္ဘောတစ်စင်းနဲ့ ဝင်တိုက်မိရင်း စက်ချို့ယွင်းသွားပါတော့တယ်။ ဒါပေမဲ့ Jessica ကတော့ အခက်အခဲကို အတည်ငြိမ်ဆုံး ရင်ဆိုင်ပြီး လှေကို ပိုင်ပိုင်နိုင်နိုင် ထိန်းကျောင်းပြီး အနီးဆုံးကမ်းကပ်နိုင်ခဲ့တဲ့အပြင် အသက်အငယ်ဆုံး တစ်ကိုယ်တော်ရွက်လွှင့်မှုမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ 

ဒါက တစ်ဦးပဲ ရှိပါသေးတယ်။ ဒီစာအုပ်ထဲမှာ အခြားအခြားသော အတုယူစရာ အားကျစရာ စံပြ အောင်မြင်သူများအကြောင်းကို တစ်စုတစ်စည်းတည်း ဖတ်ရှုမှာဖြစ်တော့ ဗဟုသုတလည်း ရစေသလို ခြုံပြောမယ်ရင် လူငယ်တိုင်းအတွက် တကယ်ကို ဖတ်ရှုသင့်ပြီး စိတ်ခွန်အားအပြည့် ပေးနိုင်တဲ့ စာအုပ်ပါပဲ။ 

ကျွန်မတို့ဘဝတွေဟာ အမြဲ ပျော်စရာကောင်းမနေပါဘူး။ ပျော်စရာဝတ္ထုလေးတွေက ပျော်တုန်းသာ ဖတ်လို့ကောင်းပေမဲ့ တကယ်တမ်း စိတ်ဓါတ်တွေ ပြိုလဲလာရင်တော့ စိတ်ခွန်အားဖြည့် စာအုပ်လေးတွေကသာ မွန်းကျပ်မှုတွေကြားက အဖိုးတန် အောက်စီဂျင်ကို ပေးနိုင်တာပါ။ ဒါကြောင့် စာချစ်သူတို့လည်း စိတ်ဓါတ်ပဲကျနေကျနေ အောင်မြင်ဖို့ ကြိုးစားဆဲပဲဖြစ်ဖြစ် အခက်အခဲတွေကို အနိုင်ယူပြီး အောင်မြင်သွားကြတဲ့ သူတွေအကြောင်းကို လေ့လာမှသာ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီး လိုတိုးပိုလျှော့ ဉာဏ်ကစားပြီး အလွယ်တကူ အောင်မြင်နိုင်ကြမှာပါ။ 

ဒီစာအုပ်ထဲမှာတော့ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ခံရတဲ့ အောင်မြင်သူတွေရဲ့ Secret တွေကို အလွယ်တကူပဲ လေ့လာနိုင်မှာဖြစ်လို့ စာချစ်သူတို့လည်း အားတဲ့အခါ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပြီး ကိုယ့်ဘဝနဲ့ ချိန်ထိုးသုံးသပ်၊ အတုယူစရာတွေကို လေ့လာပြီး ကိုယ့်အတွက် စိတ်ခွန်အားအဖြစ် ပြန်လည်အသုံးချပြီး ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင် အောင်မြင်မှုကို အရယူနိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီစာအုပ်လေးကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

[ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဒီစာအုပ်လေးကို ခုပဲ ဝန်ဇင်းကနေ ဝယ်ယူဖတ်ရှုနိုင်ပါပြီ။ ]

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်နော်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....



Related Posts