Wun Zinn's Choice of the Week (4)


"ယမကာလုလင် - မင်းလူ"

ဝန်ဇင်း စာချစ်ပရိသတ်ကြီးအတွက် ဒီအပတ်ပိတ်ရက်မှာ အနားယူရင်း ဖတ်ဖို့ ဆရာမင်းလူ ရဲ့ ယမကာလုလင် အကြောင်း ညွှန်းဆိုပေးချင်ပါတယ်။ ဆရာမင်းလူလို့ပြောလိုက်ရင် သဘာဝကျကျရယ်မောစရာဇာတ်လမ်းတွေ ရေးဖွဲ့တတ်တဲ့ စာရေးဆရာမှန်း သိကြမှာပါ ။ 

ဆရာမင်းလူရဲ့ ယမကာလုလင် က အရက်သမားဋီကာ လို့ပြောလို့ရမလား ။ အရက်သမားကြမ်းလို့ ခေါ်မလား ၊ ဆရာ့ ဘဝတစ်လျှောက် တကယ့်လက်တွေ့ဘဝ မှာ ကြုံဆုံခဲ့ရတဲ့ ၊ အရက်သမားတွေရဲ့ ဖြစ်ရပ်အလွဲတွေကို ပေါ့ပေါ့ပါးပါး ဟာသနှောပြီးရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ ။ စာအုပ်က နိဒါန်း မှာတည်းက ရယ်ရတဲ့ စာအုပ်လို့ ညွှန်းရင် ၊ ကျွန်တော်လွန်မယ် မထင်ဘူး ။ 
ယမကာလုလင်လို့ဖြစ်မလာခင် ဆရာက နာမည်ပေးဖို့ဘယ်လောက်စဉ်းစားခဲ့ရလဲ ။ 

စာအုပ်နာမည်မှာက ပုလင်း ၊ ခွက် ၊ ယမကာ ပါသင့်တယ် ၊ ခေတ်ကလည်း နာမည်ဆန်းဆန်းလေးတွေ ကြိုက်တတ်တဲ့ခေတ်ဆိုတော့ ၊ သူပထမဆုံး ထူးခြားအောင်ဆိုပြီးပေးဖို့ကြိုးစားတဲ့နာမည်က “သင်နှင့် ရမ်ပုလင်းကိုသာ ဝင်ခွင့်ပြုမည်” ၊ ဒီတော့ တာရာမင်းဝေရဲ့ နာမည်ကြီး စာအုပ်နှင့် သွားဆင်နေပြန်တယ် ။ 

မဖြစ်သေးပါဘူး ၊ ဆက်စဉ်းစားကြည့်တယ် ။ 
“ပုလင်းထဲမှာ မောင့်ကိုထားရစ်ခဲ့” ဒါကျတော့ ဂျူးရဲ့ စာအုပ်တစ်အုပ်ကို တုပသလိုဖြစ်သွားမယ်။ “ခွက်တို့ရဲ့မာယာ” ဆိုရင် ပိုဆိုးသွားမယ် ဆိုပဲ။ ထပ်စဉ်းစားပြန်ပါတယ်။ သူချစ်ရတဲ့ ဆရာချစ်ဦးညိုကို အားကျလို့ “ယမကာဒီပချစ်သူ” ဆိုပဲ ။ 

နောက်ဆုံးတော့ ဆုံးသွားတဲ့ စာရေးဆရာကြီးတစ်ယောက် ပြောခဲ့တဲ့ စကားကို သွားသတိရ “အရက်သမားလို့ ခေါ်တာ ရင့်သီးလွန်းပါတယ် ….နားဝင်ချိုအောင် ယမကာလုလင်လို့ ခေါ်သင့်ပါတယ်” တဲ့ ။ ဒီလိုနဲ့ နားဝင်ချိုတဲ့ ယမကာလုလင် ရယ်လို့ ဖြစ်လာပါတယ် ။ 

အရက်နဲ့အချစ်ဟာ သဘောတရားခြင်းတူပါသတဲ့ ။ အစပြုမိလျှင် နောက်ဆုတ်ဖို့ခက်တယ် ။ တချို့လူတွေက အရက်ကို အစပြုလုပ်မိပေမဲ့ အောင်အောင်မြင်မြင်နဲ. နောက်ဆုတ်ကျောခိုင်းလိုက်နိုင်တယ် ။ တချို့ကတော့ အချစ်ကို အစပြုခဲ့ပေမဲ့ ၊ နောက်ဆုတ်ဖို့ စိတ်ကူးတော့ မရှိခဲ့ကြဘူး ။ ဘာလို့လဲဆိုတော့ 
Love is Like Wine 
The Older, The Better 
အချစ်သည် ၀ိုင်နှင့်တူ၏…
ကြာလေကောင်းလေ…..တဲ့ ။ 

ဝန်ဇင်းစာဖတ်ပရိသတ်ကြီး ၊ ဖတ်ကြည့်ပါ ကြိုက်ကြမှာ အသေအချာပါပဲ ။ ဝန်ဇင်းမှာဝယ်ဖတ်မယ်ဆို ၈၀၀ ကျပ်တည်းဖြင့် လွယ်ကူသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါတယ် ။ 

Related Posts