Wun Zinn's Choice of the Week (22)


“လူ့သဘာဝအမျိုးမျိုး လူ့စရိုက်အထွေထွေကို ဖော်ထုတ်ထားသည့် ဆရာမင်းသိင်္ခ၏ဝတ္ထုတိုများ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းပရိသတ်ကြီးထဲက စာချစ်သူ၊ စာဂျပိုးတို့အတွက် ရုံးပိတ်ရက်မှာ အလုပ်အနားယူရင်း စာအုပ်ကောင်းတွေဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားတဲ့ ဝတ္ထုတိုစာအုပ်ကောင်းတစ်အုပ် ရှိနေပါတယ်။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့အားလုံး ရင်းနှီးပြီးဖြစ်တဲ့ စာရေးဆရာ မင်းသိင်္ခရဲ့ “တူသော ဝတ္ထုတိုများ” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ 

ဆရာမင်းသိင်္ခဆိုရင် ဝတ္ထုဇာတ်အိမ်ကြီးကြီး၊ စိတ်ဓာတ် ခံယူချက်ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့အတူ လေ့လာမှတ်သားစရာ ဗဟုသုတတွေ၊ အတုယူဖွယ် သံဝေဂယူဖွယ် အဖြစ်အပျက်တွေကို ခန့်မှန်းရခက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးတွေ ရေးသားလေ့ရှိတဲ့ စာဖတ်ပရိသတ်များစွာ ရရှိထားတဲ့ စာရေးဆရာအဖြစ် လူငယ်လူကြီး အကုန်သိကြပါတယ်။ အခုစာအုပ်မှာတော့ စာရေးသူရဲ့ အရင်လို တွေ့နေကြအတိုင်း ဇာတ်အိမ်ကြီးကြီးနဲ့ ဝတ္ထုရှည်မျိး ဖတ်ရှုရမှာမဟုတ်ပါဘူး။ 

ပတ်ဝန်းကျင်က လူအမျိုးမျိုး စရိုက်အထွေထွေရဲ့ သဘောသဘာဝနဲ့ ပြုလေ့ပြုထရှိတဲ့ အမူအကျင့်တွေကို သရော်နည်းတစ်ဖုံ ညွှန်ပြနည်းတစ်လှည့်နဲ့ “တူသော ဝတ္ထုတိုများ” အဖြစ် ရေးသားဖော်ထုတ်ထားပါတယ်။ “ဝတ္ထုကောင်းတွေဟာ ကမ္ဘာလောကကြီးကို ကြည့်ရှုနိုင်မယ့် ပြတင်းပေါက်များပဲဖြစ်တယ်” ဆိုတဲ့ စကားအတိုင်းပြောရရင်တော့ ဆရာမင်းသိင်္ခရဲ့ အခုစာအုပ်ဟာ စာချစ်သူတို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနိုင်မယ့် တံခါးမကြီးတစ်ခုပင်ဖြစ်တော့တယ်လို့ ဆိုပါရစေ။ 

“တူသောဝတ္ထုတိုများ” ဆိုတဲ့ စာအုပ်နာမည်ဟာ ရုတ်တရက်ကြည့်လိုက်တာနဲ့ ဆန်းနေမှာပါ။ ဒီလို ဆန်းနေတဲ့နာမည် ဘာကြောင့်ပေးထားရတယ်ဆိုတာကို စာချစ်သူများ သိရှိနိုင်ဖို့ စာအုပ်ထဲက ဝတ္ထုတို ခေါင်းစဉ်အမည်တွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။ 

ဖဲထုပ်နှင့်တူသော အိမ်နီးချင်း - ဒုတိယအိမ်နီးချင်း၊ တတိယအိမ်နီးချင်း၊ စတုတ္ထအိမ်နီးချင်း၊ ပဉ္စမအိမ်နီးချင်း။ ပရုပ်ဆီနှင့်တူသောမိန်းမ၊ မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း၊ မိုးတိမ်နှင့်တူသော လူတစ်ယောက်၊ ဖယောင်းတိုင်နှင့်တူသော ယောက်ျား၊ မျောက်နှင့်တူသော သူငယ်ချင်း၊ ဗာဒံပင်နှင့်တူသော ထမင်းဆိုင်ရှင်တစ်ဦး၊ ပိုးဟပ်နှင့်တူသော ဆရာတစ်ယောက်၊ ပုလင်းအလွတ်နှင့်တူသော အလုပ်ရှင် … စတဲ့ ဝတ္ထုတိုတွေဟာ “ဘယ်လိုမျိုး စိတ်ဝင်စားဖို့ကောင်းပြီး ဘယ်လိုတောင် ဆွဲဆောင်မှုရှိတယ်၊ လက်မှမချချင်အောင် ဖတ်လို့ကောင်းတယ်” ဆိုတာတွေ မညွှန်းတော့ပါဘူး။ 

ချုပ်ပြောရရင်တော့ ဒီစာအုပ်ဟာ လူတွေအကြောင်းလေ့လာနိုင်မယ့် စာအုပ်၊ “ဖတ်ပြီးတိုင်းပြန်ဖတ်” ရမယ့် စာအုပ်လည်း ဖြစ်တာမို့ ဝန်ဇင်းစာချစ်သူတို့လည်း ဖတ်ချင်တယ်ဆိုရင်တော့ ကဲ …
 
ဒီစာအုပ်လေးကို လက်လွှတ်မခံဘဲ၊ ဒီစာအုပ်ပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ဆိုတာကိုနှိပ်ပြီး ခုပဲ ဝန်ဇင်းမှာ ငွေ *၈၀၀-ကျပ်* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 

အကြောင်းအရာမျိုးစုံ တင်ပြထားတဲ့ Wun Zinn Digest ပါဝင်သော Wun Zinn app နောက်ဆုံး ဗားရှင်း ကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပါပြီလို့လည်း ပြောပါရစေ …...။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က ဆရာမင်းသိင်္ခရဲ့ စာဖတ်ပရိသတ်တွေ ဖြစ်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 



Related Posts