Wun Zinn's Choice of the Week (41)


ကောင်းသောနေ့လေးပါ ဝန်ဇင်းစာချစ်သူများခင်ဗျ …

ဒီတစ်ပတ် ရုံးပိတ်ရက်မှာ ဝန်ဇင်းစာချစ်သူတွေ ပျင်းမနေရဘဲ လှုပ်လှုပ်ရှားရှားရှိအောင်လို့ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ စာအုပ်တစ်အုပ် ရွေးချယ်ထားပါတယ်။ အနားယူရက်မှာ လူအနားယူပေမဲ့ ဦးနှောက်နဲ့နှလုံးသားကို အားဆေးတိုက်ရင်း စိတ်အာဟာရပြည့်ဖို့အတွက် ဒီစာအုပ်လေးကို ဖတ်ရှုလိုက်ပါဦး။ စာအုပ်နာမည်က - “မစဉ်းစားမိတဲ့ကိစ္စ အက်ဆေးစုစည်းမှု” ဆိုတဲ့ စာအုပ်ပါပဲ။ ရေးသူကတော့ စာချစ်သူနဲ့ ရင်းနှီးပြီးဖြစ်သူ ဆရာ ဒီနိုဗိုပဲ ဖြစ်ပါတယ်ဗျ။


ဘာသာပြန်စာပေလိုင်းမှာ ဒီနိုဗိုဟာ ဆရာတစ်ဆူ ဖြစ်ပါတယ်။ မှန်သားမြို့တော် - တစ္ဆေ - ပိတ်ထားတဲ့အခန်း ဆိုတဲ့ ပေါလ်အော်စတာရဲ့ Trilogy သုံးအုပ်တွဲ စာအုပ်ကြီးတွေအပြင် မီလန်ကွန်ဒီရာရဲ့ မခံမရပ်နိုင်အောင် ပေါ့ပေါ့ပါးပါးဘဝများ၊ မူရာကာမိရဲ့ အပြေးအကြောင်း ပြောဖြစ်တာတွေ၊ အဲဘတ်ကမူးရဲ့ ကာလီဂူလာ၊ Chinua Achebe ရဲ့ ကတွဲတပြား၊ ဘာနားနား ယိုရှိမိုတိုရဲ့ ကျိန်စာနဲ့ မြူခိုးဝေဝေ ကန်ရေဖွေးဖွေး၊ ပေါ်လိုကွေလိုရဲ့ ဇာဟိရ်နဲ့ ဆယ့်တစ်မိနစ် စာအုပ်များအပြင် အခြားဘာသာပြန်စာအုပ်များဖြင့် ပရိသတ် အားပေးထောက်ခံမှု အများအပြား ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ ဒီနိုဗိုရဲ့ ဘာသာပြန်စာအုပ်များကို ဖတ်ရှုရတဲ့အခါ ဒီနိုဗိုဟာ ဘာသာပြန်မှာ မြန်မာ - အင်္ဂလိပ် နှစ်ဘာသာလုံးကို ကျွမ်းကျင်နိုင်နင်းမှု ရှိတဲ့အတွက် သူ့ရဲ့ စာအုပ်များဟာ အောင်မြင်မှု ရရှိနေတယ်လို့ မြင်ပါတယ်။


‘မစဉ်းစားမိတဲ့ကိစ္စ’ ဟာ ဒီနိုဗိုရဲ့ အခြားစာအုပ်တွေလို ဘာသာပြန်မဟုတ်ဘဲ ပင်ကိုရေး အက်ဆေးများကို 
စုစည်းထားတဲ့ စာအုပ်တစ်အုပ်ပါ။ အက်ဆေးဆိုတဲ့ ဝေါဟာရကို စာရေးဆရာကြီး မြသန်းတင့်က ရသစာတန်းငယ်လို့ အမည်ပေးခဲ့ပါတယ်။ ခု ဒီနိုဗိုရဲ့ အက်ဆေးတွေကိုတော့ ‘အတွေးရသစာတမ်းငယ်’ လို့ ထပ်ဖြည့်ပြီး ပြောချင်ပါတယ်။ စာအုပ်ထဲက အက်ဆေးတွေကို ဖတ်ပြီးရင် စာရေးဆရာ ရေးပြတဲ့နောက်ကို အတွေးတွေက ထိန်းမရသိမ်းမရ လိုက်ပြီး တွေးနေမိမှာ စာဖတ်သူတိုင်းပါပဲလို့ ဆိုပါရစေ။ ကြည့်ပါဦး၊ သူ့ရဲ မစဉ်းစားမိတဲ့ကိစ္စ စာအုပ်ထဲက အက်ဆေးအရေးအသား တချို့ကို - 


“သာရေးကွင်းတစ်ကွင်းအကြောင်းကို အက်ဆေးရေးဖို့ စဉ်းစားနေရင်းနှင့်ပင် စိတ်က ကျုံ့လိုက် ဆန့်လိုက်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ရင်းနှီးကျွမ်းဝင်သော အရာများထက် ထူးဆန်းပြီး ကိုယ်နှင့် မဆိုင်သော ကိစ္စရပ်များကို ပို၍ စိတ်ဝင်စားတတ်သည်ဟု ထိမိသောကြောင့်ပင်။ ဆိုကြပါစို့ … အင်္ဂါဂြိုဟ်တွင် သက်ရှိများ ရှိနိုင် မရှိနိုင်ကိစ္စကို ကိုယ့်အရပ်တွင် ဖြစ်ပွားနေသာ သစ်တောပြုန်းတီးမှုထက် ပိုစိတ်ဝင်စားကြပါသည်။ နေ့စဉ် ဘုရားရှိခိုးဖို့သာ စိတ်မပါရှိမည်။ ဘယ်ဆရာတော်ကြီးကတော့ ရဟန္တာဖြစ်ပြီ မဖြစ်သေးဘူး မလျှော့တမ်း ငြင်းခုံကြသည်။ လူအချင်းချင်း ငတ်မွတ်ခေါင်းပါးနေသူများကို လှည့်ကြည့်ဖို့ သတိမရ၊ ပန်ဒါချစ်သူများအသင်းတွင် ရန်ပုံငွေ အလုအယက် ထည့်ဝင်ကြသည်။ ပြောလျှင် ဆုံးမည်မထင်” ( သားရေကွင်း အက်ဆေးမှ ) 


“လူတိုင်း အနုပညာသမား မဖြစ်နိုင်။ သို့သော် ထူးဆန်းသည်မှာ လူတိုင်းနီးပါး အနုပညာရှင် ဖြစ်ချင်ခဲ့ကြသည်။ ဟစ်တလာက ပန်းချီဆွဲသည်။ ဥက္ကဋ္ဌကြီးမော်က ကဗျာစပ်သည်။ အိုင်းစတိုင်းက တယောထိုးသည်။ ဆိုလိုသည်မှာ လူတိုင်း၏ ရင်ထဲတွင် မိုက်ခရိုဖုန်းတစ်လုံးရှိ၏။ သို့သော် ဘာကိုဆိုရမှန်းမသိ၊ မဖန်တီးတတ်၊ ထိုအခါ သူများ ဖန်တီးပြီးသား အနုပညာကိုပင် ပျော်ပျော်ပါးပါး သီဆိုဖို့ရာ ရှိသည်မဟုတ်လား” ( အသံနဲ့ရေးတဲ့ အက်ဆေးမှ ) 


“တကယ်တော့ လူငယ်ဆိုသည်မှာ ကလေးတစ်ဆ၊ လူကြီးတစ်ဆ၊ နတ်သားတစ်ဆ အချိုးကျရောစပ်ထားသော လူသားဖြစ်ပါသည်။ ကလေးတစ်ယောက်၏ ဖြူစင်ရိုးသားမှု မကုန်ခမ်းသေးသလို လူကြီးတစ်ယောက်၏ ဆက်ဆံရေးဘဝထဲ စတင်ဝင်ရောက်နေသာ ကာလလည်းဖြစ်သည်။ အထူးခြားဆုံးမှာ နတ်သားတစ်ပါးလို လှပဆန်းပြား ကြီးကျယ်သော အရာများကို စိတ်ကူးတွေးထင် ခံစားနားလည်နိုင်စွမ်း ရှိခြင်းပင်။ လူ့ဘဝ၏ ဘယ်အစိတ်အပိုင်းတွင်မှ မရရှိနိုင်သော အရည်အသွေးပင် မဟုတ်ပါလား။ ဘောဂဗေဒ ရှုထောင့်မှ ကြည့်လျှင် လူငယ်ဆိုသည်မှာ အကြီးမားဆုံးသော ဝယ်လိုအား အစုကြီး ဖြစ်နေခဲ့သည်။” ( သက်တံဖမ်းသူ ဆက်ဆေးမှ ) 


“ပေတံတစ်ချောင်း၏ အခြေခံကျကျ အသုံးတည့်မှုတစ်ခုမှာ မျဉ်းတား၍ ရခြင်းဖြစ်သည်။ ညီညာဖြောင့်တန်းသော မျဉ်းတစ်ကြောင်းကို ရရှိဖို့ ပေတံတစ်ချောင်း မရှိမဖြစ် လိုအပ်ပါသည်။ အထူးသဖြင့် ဝါကျများ၏ စမှတ်များ ညီညာစေဖို့ မျဉ်းတစ်ကြောင်းတော့ ချလေ့ရှိသည်။ ထို့အတူ အဆုံးသတ်သွားသော စာပိုဒ်များအတွက်လည်း ကျွန်တော်တို့ မျဉ်းတစ်ကြောင်း ပိတ်လေ့ရှိသည်။ ထို့ကြောင့် ပေတံများကို ‘အစနှင့်အဆုံးကို သေချာစေသူ’ ဟု အမည်ပေးရင် ကောင်းမလား စဉ်းစားမိသည်။” ( ပေတံနှင့်အုပ်ချုပ်ခြင်း အက်ဆေးမှ )

ဒီနိုဗိုရဲ့ မစဉ်းစားမိတဲ့ကိစ္စ အက်ဆေးစုစည်းမှုစာအုပ်မှာ အထက်ညွှန်းထားတဲ့ သားရေကွင်း၊ အသံနဲ့ရေးတဲ့အက်ဆေး၊ သက်တံဖမ်းသူ၊ ပေတံနှင့်အုပ်ချုပ်ခြင်း အက်ဆေးများအပြင် နံနက်ခင်းတစ်ခုနှင့်လိုက်ပါခြင်း၊ လေးဘီးတပ်လူ့အဖွဲ့၊ ဉာဏ်သမား၊ အနီကဒ်များကိုကျွန်တော်မုန်းပါသည်၊ ရှားပါးလှတဲ့အသံ၊ မစဉ်းစားမိတဲ့ကိစ္စ၊ စာစွဲသူ၊ ပျောက်နေတဲ့ချိန်ခွင်၊ လက်ကိုင်ဖုန်းတွေသာမရှိခဲ့ရင်၊ စကားလုံးပုံသွန်းခြင်းနှင့်ပတ်သက်၍၊ ကိုယ့်အထွာနဲ့ကိုယ်၊ အဖြူရောင်ကား၊ မှိတ်ထားတဲ့မျက်လုံး၊ သင်ခန်းစာ၊ ညပျောက်တဲ့ည၊ သူ့စာကိုယ့်စာ အစရှိတဲ့ အက်ဆေးများကို တဝကြီး ဖတ်ရှုရမှာ ဖြစ်ပြီး စိတ်အေးလက်အေးနဲ့ အတွေးတွေကို ဆန့်ထုတ်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါရစေခင်ဗျာ။

တကယ်လို့ ဖတ်ရှုမယ်ဆိုရင်တော့ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

………….

စာရေးဆရာ ဒီနိုဗိုရဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုညွှန်းဆိုခဲ့တဲ့ ‘မစဉ်းစားမိတဲ့ကိစ္စ’ အက်ဆေးစာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts