Wun Zinn's Choice of the Week (58)


မင်္ဂလာ ဆန်းဒေးပါ စာချစ်သူများခင်ဗျ … 

ဒီနေ့လို စူပါဆန်းဒေးကို စာအုပ်ကောင်းကောင်းဖတ်ရင်း ဖြတ်ကျော်နိုင်ဖို့ ဝန်ဇင်းမှ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အီတလီလူမျိုး အမေရိကန်နိုင်ငံသား စာရေးဆရာကြီး Mario Puzo က အမေရိက မှာ ကြီးစိုးနေတဲ့ မာဖီးယား လူဆိုးဂိုဏ်းတွေ အကြောင်း The Godfather စာအုပ်ကို ၁၉၆၉ ခုနှစ်မှာ ရေးသား ထုတ်ဝေလိုက်တယ်။ သာမန်လူတွေသိဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မာဖီးယားတွေအကြောင်း စာအုပ် ဂေါ့ဒ်ဖားသားကိုရေးဖို့ မာရီယိုပူဇိုဟာ တကယ့် မာဖီးယား ဂိုဏ်းခေါင်းဆောင်တွေ၊ ဂိုဏ်းသားတွေ၊ မိသားစု ဝင်တွေဆီမှာ သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လဲ ဇာတ်လမ်းထဲက လူတွေရဲ့ စရိုက်ဟာ ပီပြင်လို့ နေပါတော့တယ် ။

အီတလီနိုင်ငံ အနှံ့အပြားကနေ အမေရိကကို ပြောင်းလာခဲ့တဲ့ သူတွေဟာ အမေရိကန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကြီးကို အယုံအကြည် မရှိတော့တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားစီရင်စေဖို့ မာဖီးယားဂိုဏ်းက ဂေါ့ဒ်ဖားသားထံ အကူအညီ လာတောင်းကြရတယ် ။ 
      
ကာယကံရှင် ဘာမှပြသနာ မတက်စေရပဲ  သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲအမျိုးမျိုးတွေကို သူတို့ စိတ်ကျေနပ်မှုရအောင် ဖြေရှင်းလုပ်ဆောင် ပေးနိုင်တဲ့အတွက်ကြောင့် ဒွန်ကော်လီယွန်ရဲ့ မာဖီးယားဂိုဏ်း ဟာအီတလီ မျိုးနွယ်စုတွေအပေါ်မှာ သြဇာအာဏာ ကြီးမားပါတယ်။ 

ဒွန်ကော်လီယွန်ဟာ ကိစ္စရှိလို့ လူတစ်ယောက်ယောက်နဲ့ ညှိနှိုင်းရတော့မယ်ဆိုရင် "သူ ဘယ်လိုမှ မငြင်း နိုင်တဲ့ ကမ်းလှမ်းမှုကို တို့ပေးရမှာပေါ့ " ဆိုတဲ့ စကားက ရာဇဝင်တွင်ပါတယ်။ ဂေါ့ဒ်ဖားသား ညှိနှိုင်းတာကို လက်ခံရင်လက်ခံ၊ လက်မခံရင်တော့ အပြတ်ရှင်းပစ်မယ်ဆိုတဲ့ ကမ်းလှမ်းမှုပါပဲ။ ဂေါ့ဒ်ဖားသား ဒွန်ကော်လီယွန်ရဲ့ လုပ်ရည်ကိုင်ရည်ကို မီတဲ့သူက အငယ်ဆုံးသား မိုက်ကယ် ကော်လီယွန်ပါပဲ။ 

အမေရိကရောက် အီတလီလူမျိုးတွေကို အမာခံထားပြီး စနစ်တကျ  ဖွဲ့စည်းထားတယ်၊ လက်ရဲဇက်ရဲ လူမိုက်တွေလဲ မွေးထားတယ်၊ လောင်းကစားရုံတွေထောင်၊ ဇိမ်ခန်းတွေဖွင့်၊ သူတို့ ကြီးစိုးနေတဲ့ နယ်မြေက လူတွေဆီက ကာကွယ်စောင့်ရှောက်ခ (ဆတ်ကြေးတွေ) ယူတယ်။ နောက်ပိုင်းမှာ မူးယစ်ဆေးဝါးတွေ ဖြန့်ချီရောင်းချတဲ့အထိ လုပ်လာကြတယ်။ အဲဒါ မာဖီးယားဂိုဏ်းတွေရဲ့ လုပ်ငန်းတွေပဲ။ 

အခြား တရားဝင် စီးပွားရေး လုပ်ငန်းတွေလဲ တည်ထောင်ပြီး ဥပဒေဘောင် အတွင်းကနေ လုပ်နေတယ်။ တကယ့်စီးပွားရေး အစစ်အမှန်ကတော့  လောင်းကစားလိုမျိုး  ဒုစရိုက်လုပ်ငန်းတွေပါ။ ဂေါ့ဒ်ဖားသားတွေက လူယုံရှေ့နေတွေကိုလဲ မွေးထားပြီး သူတို့ရဲ့ လုပ်ရပ်တွေကို အပြစ်ပေးလို့မရအောင် ဥပဒေကို လက်တစ်လုံးခြား လုပ်တတ်ကြလို့ မာဖီးယား ဂိုဏ်းခေါင်ဆောင်တွေကို လွယ်လွယ်ကူကူ ဖမ်းဆီး ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီစာအုပ်ဟာ အမေရိကန်နိုင်ငံရဲ့ အားနည်းတဲ့ တရားစီရင်ရေးစနစ်ကို မာဖီယားဂိုဏ်းတွေက ဘယ်လိုအခွင့်အရေး ယူပြီး လှုပ်ရှားနေကြတယ် ဆိုတာ သိရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ Mario Puzo ရေးသားခဲ့တဲ့ မာဖီးယားဂိုဏ်း အကြောင်း စာအုပ် ၄ အုပ်ထဲက ဂေါ့ဒ်ဖားသား စာအုပ်က အကောင်းဆုံး စာအုပ်။ ယနေ့အထိ ရောင်းနေရဆဲ၊ စိတ်ဝင်စားခြင်း ခံနေရဆဲ မာဖီးယား ဇာတ်လမ်းတစ်ပုဒ်။ ၁၉၇၂ မှာ ရုပ်ရှင်အဖြစ် တင်ဆက်တော့လဲ အောင်မြင်မှုရတယ်။ 

ဂေါ့ဒ်ဖားသား ဝတ္တုက ရုပ်ရှင်ထက် မာဖီးယား လူဆိုးလောက အကြောင်းကို ကွက်ကွက်ကွင်းကွင်း အသေးစိတ် သရုပ်ဖော် တင်ပြနိုင်ပါတယ်။ မာဖီးယား လူဆိုးလောက အတွင်း မိသားစုများ နေထိုင်ပြုမူကြပုံ ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေး ကိစ္စတွေကို  စီစဉ်ဖြေရှင်းကြပုံ၊ ရန်သူတွေကို တိုက်ခိုက် ချေမှုန်းကြပုံတွေကို အလွန် ရဲတင်းပွင့်လင်းစွာ တင်ပြထားပါတယ်။

ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 


Related Posts