Wun Zinn's Choice of the Week (55)


[ ရုံးပိတ် အလုပ်နားရက် စနေမှာ ကမ္ဘာပတ်ဖို့ သင့်အတွက် ကမ္ဘာ့ရှုခင်း ] 

စာအုပ်အမည် - ကမ္ဘာ့ရှုခင်း 
စာရေးဆရာ - မြသန်းတင့်
စာအုပ်ဖတ်ညွှန်း ။	။

ယနေ့ ကမ္ဘာကြီးမှာ ဆက်သွယ်ရေး မီဒီယာတွေ လွှမ်းမိုးမှုက ကျယ်ပြန့်လာတယ်။ ဟိုတစ်ခေတ်က သတင်းစာ ၊ မဂ္ဂဇင်း ၊ ရေဒီယိုလောက်သာ အားကိုးနေကြရတာ။ အခုတော့ ရုပ်မြင်သံကြား ဂြိုဟ်တုသတင်းမှာ ကမ္ဘာကြီး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ချက်ချင်း တိုက်ရိုက် သိနိုင်နေပြီ။

" ကမ္ဘာပြားပြီ " လို့ ဆိုခဲ့တဲ့ မာရှယ် မက်လူးဟန် က "ကျွန်တော်တို့ အားလုံးဟာ တစ်ပြိုင်တည်း ဖြစ်ပျက်မှုထဲမှာ နေထိုင်ကြရပြီ " လို့ ဆိုပါတယ်။ သူ ပြောသလိုပဲ ရုပ်သံမီဒီယာတွေ အားကောင်းလွန်းတော့ ပုံနှိပ်မီဒီယာ သတင်းစာ၊ မဂ္ဂဇင်း တော်တော်များများ ပြိုလဲ ရပ်တန့်ကုန်ကြတယ်။
 
ဒါပေမဲ့ တိုင်းမဂ္ဂဇင်း ကတော့ အဲဒီလို အဖြစ်မခံဘူး ။ ရှုခင်းကဏ္ဍ ဆိုပြီး သာမန် သတင်းရေး တင်ပြတဲ့ပုံစံ မဟုတ်ဘဲ ဝေဖန်ဆန်းစစ် တင်ပြပေးတဲ့ ပုံစံ နဲ့ လမ်းသစ် ဖောက်လိုက်တယ်။ ရုပ်သံကင်မရာက ကမ္ဘာ့သတင်းတွေ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ ရှုခင်း စာရေးဆရာက ကင်မရာ မရောက်နိုင်တဲ့ ဒေသတွေကို ခြေဦးလှည့်ပြီး ကမ္ဘာ့ရှုခင်း ကို တစ်မူထူးခြားစွာနဲ့ တင်ဆက်ပြသလိုက်တယ်။
 
ရုပ်မြင်သံကြားက ဘော့စနီယားစစ်ပွဲ သတင်းတင်ဆက်ချိန်မှာ ရှုခင်းကဏ္ဍက နယ်လ်ဆင် မင်ဒယ်လာ ၁၈ နှစ်ကြာ အိပ်ခဲ့ရတဲ့ ကျွန်းကလေးပေါ်က အကျဉ်းခန်းကလေးကို တင်ပြတယ်။ ရုပ်မြင်သံကြားက တိုကျို မြေအောက်ရထား အဆိပ်ငွေ့သင့်တဲ့ အကြောင်း တင်ပြချိန်မှာ ရှုခင်းကဏ္ဍက လက်ဘနွန်တောင်ကြား တစ်နေရာက မှောင်ခိုရာဇာတို့ရဲ့  ဘေးမဲ့ရိပ်မြုံကို သတင်းပေးတယ်။ အဲဒီလို ထူးခြားတဲ့ တိုင်းမဂ္ဂဇင်းက ရှုခင်းကဏ္ဍကို ဆရာမြသန်းတင့်က ဘာသာပြန်ထားပါတယ်။
 
ဒီ ကမ္ဘာ့ရှုခင်း ထဲမှာ လူ့သဘာဝ စရိုက်အဖွဲ့၊ ပတ်ဝန်းကျင်သဘာဝအဖွဲ့၊ တောတောင်ရေမြေ သဘာဝ အလှဖွဲ့၊ ခေတ်ပြိုင်ခံစားမှု၊ ဒဿန၊ အတွေးအမြင်တို့ ဝင်းလက် တောက်ပနေတာ တွေ့ကြရမှာပါ။ 

ဆရာမြ ဘာသာပြန်ပေးထားတဲ့ ရှုခင်းတွေကတော့ .. 

-	ရော်ဘင်ကျွန်း (တောင်အာဖရိက)
-	လန်ကက်စတာ (ပင်ဆယ်ဗေးနီးယား )
-	ချီဘာရွာ (လေဘာနွန် )
-	အူဆိုဆူနိုဗီယာမြို့ (ဂျပန်)
-	ရှန်ယန်း (တရုပ်)
-	မော်စကို (ရုရှား ) 
-	တက္ကဆက်ပြည်နယ် (အမေရိကန်)
-	ဘုံဘေ (အိန္ဒိယ)
-	ဟနွိုင်း (ဗီယက်နမ်)
-	တိုကျို (ဂျပန်)
-	အီတလီ
-	နဂွန် (ကင်ညာ )
-	အော်ပိုတို (ပေါ်တူဂီ )
-	ပနားမား (တောင်အာဖရိက)
-	ဒီလွန် (မွန်တာနာ )
-	ရာဂျက်စသန် (အိန္ဒိယ)
-	ဆီတာ ဒယ် ဖာရီယာရေးခံတပ် (ဟေတီ ) 
-	ဟောင်ကောင် 

စတာတွေပဲ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာပတ်ချင်သူများ လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်လို့ ညွှန်းဆိုလိုက်ပါရစေ။ 

ဝန်ဇင်းပရိသတ်ကြီးလည်း ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် လက်ရာနဲ့အတူ တိုင်းမဂ္ဂဇင်းက ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ မြန်မာငွေ *၁,၀၀၀* ကျပ်တည်းဖြင့် ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ် ခင်ဗျာ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 




Related Posts