Wun Zinn's Choice of the Week (37)


“လူငယ်စာရေးဆရာ မြေမှုန်လွင်ရဲ့ ဆန်းသစ်တဲ့ပုံစံနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုလေးတစ်ပုဒ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းပရိသတ်ကြီးရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက် အားလပ်ချိန်တွေမှာ ရသစာအုပ်ကောင်းတွေ ဖတ်ရှုရင်း ဖြတ်သန်းနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ရန်ကုန်မြို့နေ လူငယ်တို့ရဲ့ စရိုက်နဲ့ သွင်ပြင်ကို ပြက်ပြက်ထင်ထင် တွေ့မြင်ရမယ့် စာအုပ် ( သို့မဟုတ် ) အတွေးအခေါ်ဆန်းသစ်တဲ့ ပင်ကိုရေးစာအုပ် ( သို့မဟုတ် ) မြေမှုန်လွင်ရဲ့ ၁ / ၂ ဝတ္ထု ။

ဒီစာအုပ်ဟာ လူငယ်စာရေးဆရာ မြေမှုန်လွင်ရဲ့ ဆန်းသစ်တဲ့ ပုံစံနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုလေးတစ်ပုဒ်ဖြစ်ပါတယ်။ သမားရိုးကျဆန်တယ်လို့ထင်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရင်း စာရေးဆရာရဲ့ မထင်မှတ်တဲ့ ရေးဟန်သစ်တစ်ခုမှာ လိုက်ပါစီးမျောရင်း တစ်ထိုင်တည်းနဲ့ကို အစအဆုံး ဖတ်စေလောက်မယ့် ဝတ္ထုစာအုပ်လေးတစ်အုပ်ပါ။ 
………….
သူ့ဝတ္ထုလေးက ရသအသစ်တစ်မျိုးကို ပေးသည်။ သမားရိုးကျ သရုပ်မှန်သမျှ ကွဲပြားခြားနေသည်။ သူ့ဝတ္ထုနှင့် ပတ်သင်၍ မော်ဒန်၊ ပို့စ်မော်ဒန်၊ ဆာရီယယ်လစ်ဇင်၊ ပဉ္စလက်သရုပ်မှန် စသော တံဆိပ်တစ်ခုခုကို အသေကပ်မပေးချင်။ ဒါတွေအားလုံးကို ရောသမမွှေထားတာလည်း ဖြစ်ချင်ဖြစ်မည်။ ဒါတွေနဲ့ လုံးဝမတူ ကွဲပြားသော ပုံစံသစ်တစ်မျိုးလည်း ဖြစ်ချင်ဖြစ်မည်။ တစ်မျိုးမျိုးကို အခြေခံပြီး တစ်ဆင့်တက်ဖို့ ကြိုးစားတာလည်း ဖြစ်ချင်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူသည် တစ်စုံတစ်ခုကို စမ်းသပ်တီထွင်နေတာတော့ သေချာသည်။ သူ့ဝတ္ထုကို ဖတ်ပြီးသည့်နောက် နည်းနည်းဖြုံသွားသည်။ တစ်ပြိုင်နက်တည်းမှာ ထိတ်ခနဲလဲ ဖြစ်သွား၏။ 

မြေမှုန်လွင်သည် စာရေးနည်းသင်ဖို့ ကျွန်တော့်ဆီရောက်လာခြင်းမဟုတ်။ သူ စာရေးတတ်ကြောင်း လာကြွားတာသာဖြစ်သည်။ တစ်နည်းအားဖြင့် သူကြိတ်ပြီး ကြံစည်ထားသော တီထွင်မှုတစ်ခုကို လာအကဲဖြတ်ခိုင်းခြင်းပင်ဖြစ်သည်။ မော်တော်ကားတော့ ကောင်းကောင်းမောင်းတတ်နေပြီ။ လိုင်စင်မရသေးတာ ဆိုသလိုမျိုး။ ခက်တာက ကျနော်သည် က.ည.န မဟုတ်၍ လိုင်စင်ထုတ်မပေးနိုင်။ သူမောင်းသောကားကို စိတ်ချလက်ချ စီးရဲပြီ။ သူ့အနေဖြင့် ဒီစာအုပ်ကို ပရိသတ်ရှေ့မှာ ချပြ အစစ်ဆေးခံပြီး လိုင်စင်လျှောက်ဖို့သာ ကျန်တော့သည်။ ( ၁ / ၂ ဝတ္ထုမှ ဆရာမင်းလူ၏ အမှာစု ကောက်နုတ်ချက် ) 
………….

မြေမှုန်လွင်ရဲ့ ဝတ္ထုလေးမှာ ဇာတ်ကောင်အများကြီး မပါဘူး။ ဒါပေမဲ့ စိုပြေတယ်။ မြေမှုန်လွင်ရဲ့ ဝတ္ထုလေးမှာ ဇာတ်လမ်းဇာတ်ကွက် အများကြီး မပါဘူး။ ဒါပေမဲ့ ဆွဲဆောင်မှုရှိတယ်။ နောက်ဆုံးပြောရရင် မြေမှုန်လွင်ရဲ့ စာအုပ်လေးဟာ ဝတ္ထုစာအုပ်တစ်အုပ်သာ ဖြစ်ပေမဲ့ နည်းနည်းထူးထူးခြားခြား ဖြစ်နေတဲ့ ဝတ္ထုစာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။

အာကာဆိုတဲ့ စာရေးဆရာဖြစ်ချင်နေသူ ကောင်လေးနဲ့ ငါးလေးဆိုတဲ့ ကုမ္ပဏီဝန်ထမ်းကောင်မလေး။ အာကာက ရန်ကုန်မှာ အလုပ်တစ်ခုအတွက် ရုန်းကန်နေရပြီး ငါးလေးက တတ်နိုင်သလောက် ထောက်ပံ့နေရတယ်။ ဇာတ်ရဲ့အစမှာပဲ အာကာဟာ အလုပ်တစ်ခုရတယ်။ စာရေးဆရာကြီးတစ်ဦးဆီမှာ စာကူးရတဲ့အလုပ်။ စာရေးဆရာကြီး ပါးစပ်က ရွတ်သမျှ တစ်မျက်နှာကို ငွေ ၁,၀၀၀ ဖြင့် လိုက်ရေးရသောအလုပ်။ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကို အာကာလိုက်၍ ကူးပေးနေရင်း ဇာတ်လမ်းရဲ့ အလယ်မရောက်တရောက်မှာ စာရေးဆရာကြီး ဆုံးသွားပါတယ်။ စာရေးဆရာကြီး ဆုံးသွားတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အာကာဟာ ချစ်သူနဲ့ နီးစပ်ဖို့ နိုင်ငံခြားကို အလုပ်သွားလုပ်ဖို့ ကိန်းဆိုက်လာခဲ့ပါတယ်။ 

ဒါဟာ မြေမှုန်လွင်ရေးတဲ့ ဝတ္ထုဇာတ်လမ်းရဲ့ ကျောရိုးပေါ့။ ထပ်ကွန့်ပြီး ပြောရမယ်ဆို အာကာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အချိန်ကာလဆီမှာ သူ့ဆီကို လူတွေ လာတွေ့တာတွေ ရှိလာတယ်။ အဲ့ဒီလူတွေက သူကူးရေးပေးခဲ့တဲ့ စာရေးဆရာကြီးရဲ့ စာအုပ်ထဲက ဇာတ်ကောင်တွေ။ အတိအကျပြောရရင် စာအုပ်ရဲ့ ဇာတ်လမ်းဖြစ်တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းထဲက မင်းသား နှစ်ယောက်ဖြစ်တဲ့ ဆရာဝန်လောင်းလက်ျာနဲ့ ရပ်ကွက်ထဲက ခပ်ဆိုးဆိုး မင်းသွေးဆိုတဲ့ နှစ်ယောက်။ ဧကရီဆိုတဲ့ ကောင်မလေးရဲ့ အချစ်ကိုရဖို့ အပြိုင်လိုက်နေသူနှစ်ယောက်ပေါ့။ သူတို့က မပြီးသေးဘဲ ရပ်သွားတဲ့ဇာတ်လမ်းအတွက် အာကာဆီလာပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင် မင်းသမီးအချစ်ကိုရဖို့ စာရေးဆရာဆီ လာတောင်းဆိုတာ …. ။ 

ဘာတွေ ဘယ်လိုဖြစ်ပြီး ဘယ်သူက မင်းသမီးအချစ်ကို ရမလဲ။ အာကာကရော နိုင်ငံခြားကိုသွားဖို့ စီစဉ်တာ အဆင်ပြေမလား။ ဇာတ်လမ်းကို ဖတ်ပြီး အဖြေရှာဖို့ပဲ တိုက်တွန်းပါရစေ။ ဆရာမင်းလူရေးထားသလို ရသအသစ်တစ်မျိုးမျိုးကို ရရှိစေမှာ လုံးဝ ( လုံးဝ ) အမှန်ပါပဲလို့ ညွန်းဆိုလိုက်ရပါတယ်။ 

တကယ်လို့ ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
………….
စာရေးဆရာ မြေမှုန်လွင်ရဲ့ ရသစာအုပ်များအပြင် အခြား သုတ၊ ရသ၊ ဘာသာပြန်၊ သမိုင်း စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုညွှန်းဆိုခဲ့တဲ့ ဆရာမြေမှုန်လွင်ရဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts