Wun Zinn's Choice of the Week (27)


“လက်ရှိတွင် ရုံတင်ပြသနေသည့် ရုပ်ရှင်ကားကြီး၏ မူရင်းဝတ္ထု”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …. 

ဝန်ဇင်းစာချစ်သူများအတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ အားလပ်ရက်လို နေ့မျိုးမှာ စာအုပ်ကောင်းတွေ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ အပတ်စဉ် စာအုပ်ကောင်းတွေကို ရွေးချယ်တင်ဆက်ပေးလျက်ရှိပါတယ်။ ဒီနေ့မှာဆိုလည်း လတ်တလောမှာ နာမည်ကြီးနေတဲ့ ရုပ်ရှင်ကားကြီးရဲ့ မူရင်းဝတ္ထုကို အယ်ဒီတာစိတ်ကြိုက်စာအုပ်အဖြစ် ရွေးချယ်ထားပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ ညေးရဲ့ “ငါ့ကမ်းရိုးတန်းကို လာနမ်းတဲ့မုန်တိုင်း” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

[ မိန်းမတွေဟာ ကမ်းရိုးတန်းတွေနဲ့တူတယ်။ သူတို့ဆီကို မုန်တိုင်းနဲ့တူတဲ့ ယောက်ျားတွေ … လေပြေဆန်တဲ့ ယောက်ျားတွေ ရောက်လာမှာကို လွယ်လွယ်ကူကူနဲ့ မတားဆီးနိုင်ကြဘူး ] 
ရုပ်ရှင်အဖြစ်လည်း နာမည်ကြီးနေတော့ မူရင်းဝတ္ထုကလည်း သိပ်ကိုကောင်းနေမယ်ဆိုတာ အထွေအထူး ညွှန်းဖို့တောင် မလိုတော့ဘူးထင်ရဲ့။ ဝတ္ထုအဖွင့်ကို စဖတ်လိုက်ကတည်းက ဝတ္ထုဆုံးသည်အထိ တစ်ထိုင်တည်းဖတ်မိသွားမယ့် ဇာတ်လမ်းလို့ ဆိုရမှာပါပဲ။ ဇာတ်လမ်းကတော့ စာချစ်သူတို့လည်း သိပြီးဖြစ်မှာပါ၊ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပဲပေါ့။ ဒါပေမဲ့ … ဖတ်ဖူးတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းနဲ့ မတူ၊ လှည့်ကွက်မြှုပ်ကွက် ကြီးကြီးမားမားမပါဘဲ၊ ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်သူကို ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ 

ရေကိုခွက်နဲ့သောက်လေ့မရှိဘဲ လက်ခုပ်နှစ်ဖက်နဲ့ယူသောက်လေ့ရှိတဲ့ အတွေးအခေါ်ပညာရှင် ဒိုင်အောဂျီးနီးစ်လို ရေကိုပဲလိုအပ်တာ ခွက်ကိုလိုအပ်တာမဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ စာပေကိုယ်ခံအားကောင်းပြီး ရိုးရိုးအေးအေး နေထိုင်တတ်တဲ့ ...

“ကျွန်တော် ဘာလုပ်လုပ် ဘာပြန်ရမှဖြစ်မယ်ဆိုတဲ့ ရယူလိုတဲ့စိတ်ကို တတ်နိုင်သလောက် ထိန်းချုပ်တယ်ဗျ … ကျွန်တော်က အချဉ်ကိုရွေးတာ၊ သံပုရာသီးကို ရွေးတာမဟုတ်ဘူး”  ( နေညိုသွင် )
 
သိပ်ကိုချမ်းသာပြီး ကိုယ်လိုချင်တာကို ရအောင်ယူတတ်တဲ့ သြရစိုးဟာ ‘ပျိုး’ နဲ့ အမှတ်မထင် တွေ့ဆုံပြီးနောက်မှာတော့ ချစ်သူရှိမှန်းသိပေမဲ့ ‘ပျိုး’ ရဲ့ အချစ်ကို ရယူဖို့ စနစ်ကျနဲ့ အကွက်ကျကျ မုန်တိုင်းဆင် ဝင်ရောက်လာတဲ့ ...

“ဘယ်လူပျိုလူလွတ်မဆို လွတ်လပ်တဲ့ ဘယ်မိန်းကလေးတစ်ယောက်ကိုမဆို ရင်ခုန်စွာ ချဉ်းကပ်ပိုင်ခွင့်ရှိတယ် ပျိုး … ။ ဒါ ကိုယ့်အခွင့်အရေးပဲ” ( သြရစိုး )

စာပေဝါသနာပါသူ သြရစိုးနဲ့ စာအုပ်ထုတ်ဝေသူ ပျိုး တို့နှစ်ယောက် တွေ့ဆုံပြီး ချစ်သူတွေဖြစ်သွားကြတာ ရိုးရှင်းပေမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ကမ်းခြေကို တဟုန်ထိုးတိုက်ခတ်လာတဲ့ မုန်တိုင်းတစ်စင်းကတော့ သိပ်ကို လျှို့ဝှက်နက်နဲလွန်းတယ်။ ပျိုးရဲ့ နှလုံးသားကို သိမ်းပိုက်သွားတဲ့ သြရစိုး … 

“အဓိကအပြစ်အရှိဆုံးက ပျိုးပါ။ ပျိုးရဲ့ စိတ်သာ သံမဏိလို မာကျောနေခဲ့ရင် ဒီပြဿနာ ဖြစ်လာစရာမရှိပါဘူး” … နောက်ဆုံးမှာတော့ ချစ်သူကို ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တဲ့ ပျိုး။ သိပ်ချစ်ရသူ ကိုယ့်မိန်းကလေးက တပါးသူကို ချစ်မိသွားတာကို ကာယကံရှင်ကိုယ်တိုင် ကိုယ့်ရှေ့မှာဝန်ခံဖွင့်ဟနေတာကို နေညိုသွင်တစ်ယောက် ဘယ်လိုနှလုံးသားမျိုးနဲ့ ရင်ဆိုင်နိုင်မလဲ။ 

[ To be wise and love, Exceeds man’s right တဲ့ … ချစ်လည်းချစ်ဖို့ စဉ်းစားဉာဏ်လည်းရှိဖို့ဆိုတာ လူ့စွမ်းအားနယ်ပယ်ကို ကျော်လွန်သွားတဲ့ကိစ္စပါတဲ့။ ချစ်သူရှိလျက်နဲ့ ကိုကို့ကို ချစ်မိသွားတဲ့အဖြစ်က စဉ်းစားဆင်ခြင်ဉာဏ်ကို ကျော်ထွက်သွားတဲ့ ကိစ္စတစ်ခုပဲ ] 

ပျိုး
နေညိုသွင်
သြရစိုး 
… သူတို့သုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ဘယ်လိုနိဂုံးချုပ်သွားမလဲဆိုတာကတော့ စာချစ်သူများ ဖတ်ရှုကြည့်လိုက်ပါ၊ ကြိုက်သွားမှာ အသေအချာပါပဲလို့ ပြောချင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီစာအုပ်ထဲမှာ ဒိုင်အောဂျီးနီးစ်နဲ့ ပလေတို တို့လို ပညာရှင်တွေရဲ့ အတွေးအခေါ်တွေနဲ့ အလက်ဇန်းဒါးဂရေဟမ်ဘဲလ်လို သိပ္ပံပညာရှင်ကြီးရဲ့ အတွေးအခေါ်တွေကို ဝတ္ထုထဲမှာ အံ့ဝင်ခွင်ကျ ထည့်သွင်းထားပုံလေးတွေ၊ ဝတ္ထုအစမှာ အရိပ်ပြထားတဲ့ အရေးအကြီးဆုံးအချက် …. 

ဂရေဟမ်ဘဲလ် ( Alexander Graham Bell ) အများသူငါ သွားလာနေကြ လမ်းဟောင်းထဲကနေခွဲထွက်ပြီး လမ်းမရှိတဲ့ တောထဲ ( လမ်းကြမ်း ) ကို တစ်ခါလောက် ဆင်းလျှောက်ကြည့်စမ်းပါ .. ဆိုတဲ့အတွေးလေးနဲ့ ပျိုးတစ်ယောက် လမ်းလျှောက်ထွက်ရင်း အငြိမ်းစားကျောင်းအုပ်ကြီးတစ်ဦးနဲ့ တွေ့ဆုံမိပြီး၊ သူကိုယ်တိုင် ကျောင်းသားလေးနှစ်ဦးကို Psycho Test ၊ Brain Wash လုပ်ဖူးတဲ့အကြောင်းကို အံ့အားသင့်စွာ သိလိုက်ရတယ်။

ကိုးတန်းကျောင်းသား နာမည်က Storm 
ရှစ်တန်းကျောင်းသားက Breeze တဲ့။ 
.............
ကဲ …. ကဲ၊ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ဆရာမညေးရဲ့ ဝတ္ထုတွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts