Wun Zinn's Choice of the Week (36)


“ဝန်ဇင်းစာချစ်သူများအတွက် ရှားလော့ဟုမ်းရဲ့ သည်းထိတ်ရင်ဖိုဝတ္ထုတွေ လာပါပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့လို တနင်္ဂနွေ Super Sunday ရက်မျိုးမှာ ဝန်ဇင်းစာချစ်သူတို့ရဲ့ အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် အကျိုးရှိအောင် အကောင်းဆုံးအသုံးချနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ကို ရွေးချယ်ထားပါတယ်။ အဲ့ဒီစာအုပ်ကတော့ ပင်ကိုရေးနှင့် ဘာသာပြန်စာရေးဆရာကြီး ဆရာမြသန်းတင့် ဘာသာပြန်ဆိုထားတဲ့ ရှားလော့ဟုမ်းဝတ္ထု၊ “ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို” ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ မူရင်းစာအုပ်ကတော့ စာရေးဆရာကြီး ဆာ အာသာ ကိုနင်ဒွိုင်းရဲ့ “The Exploits of Sherlock Holmes”  ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဒီစာအုပ်ထဲမှာဆိုရင်တော့

-	နာရီမုန်းသူ
-	အကျိုးမဆောင်သောရှေ့နေ
-	ဖယောင်းပြတိုက်
-	သုခရိပ်သာစိန်ပွဲစားအမှု
-	အောင်ဘာလေငွေအရက်ခွက်အမှု
-	အလုံခန်းထဲမှလူသတ်မှု
-	ရှေးကရန်ကြွေး
-	ဖယောင်းပန်းနီနီ
-	မိန်းမနှစ်ယောက်
-	နတ်ရုပ်မည်းမည်း
-	ကနေဒီငှက်ကလေးများအမှု
-	ဆံပင်နီမုဆိုးမ … စတဲ့ စိတ်လှုပ်ရှားဖွယ် ထိတ်လန့်သည်းဖို ဝတ္ထုပေါင်း ( ၁၂ ) ပုဒ် ပါဝင်ပါတယ်။
 
စာမြည်းအဖြစ် တစ်ပုဒ်ကို အညွှန်းဖော်ပြရရင် ‘အကျိုးမဆောင်သောရှေ့နေ’ - ကမ်းဘာဝဲရွာက မြေပိုင်ရှင်ထရီလော် အသတ်ခံရတဲ့အမှုပေါ့။ အသက် ( ၇၀ ) အရွယ် မြေပိုင်ရှင်သူဌေးကြီး မစ္စတာထရီလောက သူ့အိမ်မှာ ညအိပ်ရင်း သေဆုံးသွားခဲ့တယ်။ ဒါကို သေမှုသေခင်းဆရာဝန်ကြီးနဲ့ ခွဲစိတ်စစ်ဆေးကြည့်လိုက်တော့ သွေးရိုးသားရိုးနဲ့ သေဆုံးတာမဖြစ်နိုင်ဘူး။ အသတ်ခံရပုံရတယ်။ ဘယ်လိုသတ်လည်းတော့ ရှာမရသေး မသိသေးဘူးပေါ့။ ဒီနေရာမှာ သေသူရဲ့ နောက်ကြောင်းကြည့်လိုက်တော့ သေသူမှာ မစ္စဒလိုရီဒေဆိုတဲ့ တူမလေးကို အမွေစားအမွေခံအဖြစ် မွေးစားထားတယ်။ မစ္စတာထရီလောက စိတ်ကြီးပြီး ရက်စက်ကြမ်းတမ်းသူလည်းဖြစ်တယ်။ သူ့တူမလေးဟာ ထရီလောရဲ့ ရိုက်နှက်နှိပ်စက်ဒဏ်တွေကို မကြာခဏခံနေရတယ်။ မစ္စဒလိုရီက ရှေ့နေလေးဂျက်ဖရီနဲ့ စေ့စပ်ထားတယ်။ သေသူမစ္စတာထေရီလောက ရှေးရိုးသမားမို့ ပျံတန့်တန့် တူမဖြစ်သူကို ကြည့်မရဘူး။ နောက်ဆုံးမှာ တူမဖြစ်သူကို သူပေးမဲ့ အမွေအားလုံးကို သူ့အသက်ကယ်ခဲ့ဖူးတဲ့ ဒေါက်တာဂရစ်ဖင်ကို လွှဲပေးဖို့ သေတမ်းစာရေးခဲ့တယ်။ သိပ်မကြာခင်အချိန်မှာပဲ မစ္စတာထေရီလောက အသတ်ခံလိုက်ရတယ်။ 

သူ့အမှုမှာ အချက်အလက် သက်သေခံအားလုံးက ဒေါက်တာဂရစ်ဖင်ဆီကို ညွှန်ပြနေတယ်။ ပုလိပ်ဖက်ကလည်း ဒေါက်တာဂရစ်ဖင်ဟာ မစ္စတာထေရီလောဆီက အမွေရလိုမှုနဲ့သတ်တာလို့ စွဲချက်တင်နေတယ်။ ဒီအမှုကို ရှားလော့ဟုမ်းက သေဆုံးသူ မစ္စတာထေရီလောရဲ့ မျက်နှာမှာပေနေတဲ့ ဗယ်ဆလင်ဆီနဲ့ သေဆုံးသူရဲ့ ရွှေရောင် အိတ်ဆောင်သံပတ်နာရီလေးကနေ ဖော်ထုတ်ပေးလိုက်ပါတယ်။ ဒီဝတ္ထုလေးကတော့ လှပတဲ့ အလှည့်အပြောင်းလေးရယ် ဗဟုသုတရဖွယ် ဆေးပညာအချက်အလက်တချို့ပါ သိခွင့်လိုက်ရတဲ့ မှုခင်းဝတ္ထုကောင်းလေးပါ။ 

ဒီစာအုပ်ရဲ့ ထူးခြားချက်တစ်ခုကတော့ ဆရာမြသန်းတင့်က ရှားလော့ဟုမ်းဝတ္ထုတွေမှာပါဝင်တဲ့ ဇာတ်ဆောင်တွေကို ထုတ်နုတ်ပြထားတဲ့အချက်ပါပဲ။ အဓိကဇာတ်ဆောင်နှစ်ဦးရဲ့အကြောင်းကို ရှေ့ရှေ့က မိတ်ဆက်ခဲ့ပြီးတဲ့ ရှားလော့ဟုမ်းဝတ္ထုတွေမှာ ပါဝင်ဖော်ပြခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဆရာမြသန်းတင့်က ဝတ္ထုထဲမှာ ပါဝင်တဲ့ အရံဇာတ်ဆောင်တွေအကြောင်းကို ကျကျနန တင်ပြထားပါတယ်။ အရံဇာတ်ဆောင်တွေကတော့ ရှားလော့ဟုမ်းနေထိုင်ရာ ၂၂၁ ဘီ၊ ဘေကာလမ်းမှ အိမ်ရှင်ဖြစ်သူ မစ္စက်ဟတ်ဆန်နဲ့ စကော့တလန်ယာဒ်စုံထောက်အဖွဲ့မှ စုံထောက်အရာရှိများပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ မစ္စဟတ်ဆန်ရဲ့ ဇာတ်ဆောင်စရိုက်နေရာ၊ မူလစာရေးဆရာကြီး ကိုနင်ဒွိုင်းရဲ့ ဒီဇာတ်ဆောင်အပေါ် ဖန်တီးချက်၊ ဆရာမြသန်းတင့်ရဲ့ သုံးသပ်ချက်အမြင်နဲ့ မစ္စဟတ်ဆန်အနေနဲ့ ရှားလော့ဟုမ်းကို ရှုမြင်ပုံတွေကိုပါ ဖော်ပြထားတာတွေ့ရတော့ သိပ်ကို စိတ်ကျေနပ်ဖွယ် ကောင်းလှပါတယ်။ 

[ မစ္စဟတ်ဆန်သည် လန်ဒန်မှ အိမ်ရှင်များထုံးစံအတိုင်း အိမ်ငှားများအပေါ်တွင် သည်းခံတတ်သည်။ အိမ်ငှားတစ်ယောက်နှင့် ဆက်ဆံပြီးလျှင် နောက်ထပ်အိမ်ငှားကို မတင်လိုတော့ဘဲ ထို အိမ်ငှားနှင့်သာ အရှည်ဆက်ဆံသွားလိုဟန်ရှိသည်။ 

ထို့ကြောင့်ပင်လျှင် စည်းကမ်းမရှိသော ရှားလော့ဟုမ်း၊ ပစ်စလက်ခတ်နေတတ်သော ရှားလော့ဟုမ်း၊ အိမ်နံရံကို သေနတ်ဖြင့် လက်တည့်စမ်းတတ်သော ရှားလော့ဟုမ်း၊ ဆိုးဝါးလှသော ဓာတုဗေဒစမ်းသပ်မှုများကို လုပ်တတ်သည့် ရှားလော့ဟုမ်း၊ မချိန်မတော် အိမ်သို့ပြန်လာတတ်သော ရှားလော့ဟုမ်း၊ လူပေါင်းစုံနှင့် ဆက်ဆံတတ်သော ရှားလော့ဟုမ်းကို သည်းခံခြင်းဖြစ်ဟန်တူသည်။ ] 

… စသည်စသည်ဖြင့် မစ္စဟတ်ဆန် ဇာတ်ဆောင်စရိုက်ကို အကျယ်မြင်တွေ့ရမှာဖြစ်ပြီး အခြားအရေးပါသော ဇာတ်ဆောင်များအကြောင်းကိုလည်း သိခွင့်ရမှာဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် စိတ်လှုပ်ရှားဖွယ် ထိတ်လန့်သည်းဖို စုံထောက်ဝတ္ထုတွေကို ဖတ်ရင်း၊ ရှားလော့ဟုမ်းနဲ့အတူ အပြိုင် ဦးနှောက်အလုပ်ပေးပြီး ရှားလော့ဟုမ်းဝတ္ထုတွေမှာ ပါဝင်ကြတဲ့ ဇာတ်ဆောင်တွေအကြောင်း လေ့လာလိုက်ရအောင်လားခင်ဗျာ။

ဒါကြောင့် ဆရာမြသန်းတင့်ရဲ့ ဒီစာအုပ်ကိုဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျ။ 
………….
ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုညွှန်းဆိုခဲ့တဲ့ ရှားလော့ဟုမ်း ဘာသာပြန်စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts