Wun Zinn's Choice of the Week (46)


[ ဝန်ဇင်း စာချစ်သူများအတွက် စာရေးဆရာမ စံပယ်ဖြူနုရဲ့ အမျိုးသားစာပေဆုရ ဝတ္ထုရှည်တစ်ပုဒ် ]

………….

မင်္ဂလာပါဗျို့ 

ဒီနေ့လို Super Sunday နေ့လေးမှာ ဝန်ဇင်းစာချစ်သူများအနေနဲ့ ဘယ်လိုစာအုပ်တွေ ဖတ်ရှုဖို့ စိတ်ကူးထားလဲခင်ဗျ။ စိတ်မကူးရသေးဘူးဆိုရင် ဝန်ဇင်းမှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ကြည့်ဖို့ ညွှန်းဆိုပါရစေ။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက် စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ စာအုပ်ပါပဲ။ 

စာအုပ်အမည် >>> မြောက်ဖျားကအလွမ်းရာသီ


စာရေးဆရာမ >>> စံပယ်ဖြူနု 


[ မိုးရာသီသည် ကချင်မြေအဖို့ ကံမကောင်းခြင်းကိုသာ လက်ဆောင်လို ယူလာခဲ့ပါသည်ဆိုလျှင် ဆောင်းရာသီကတော့ သူ့အတွက် အိပ်မက်ဆိုးများသာ ပေးခဲ့ပါသည်ဟု အဆိုင်း ဆိုချင်ပါသည်။ ဘဝတွင် ယောင်၍မျှ မစဉ်းစားဖူးသော အိပ်မက်ဆိုးပင်တည်း။ ထိုနှစ်က ဆောင်းရာသီသည် ပုံမှန်လိုပင် ဆိုက်ရောက်လာခဲ့သည်။ မြူနှင်းဝေဆိုင်းခြင်းသည်လည်း ပုံမှန်လို။ ကြမ်းရှအေးစိမ့်သော လေများ အိပ်ငယ်လေးများထဲသို့ တိုးဝှေ့တိုက်ခတ်လာသည်မှာလည်း ပုံမှန်လို။ အရာရာပုံမှန်လို။ သို့သော် … ပုံမှန်မဟုတ်ဟု ဆိုစရာရှိသည်များကိုလည်း ကြုံလာရပေသည်။ စစ်သည် ခြောက်သယောင်းထသည့် တော၌ လောင်အပ်သောမီးနှယ် တစစ ကျယ်ပြန့်လာပြီ။ ] ( စာအုပ်မှ )


တကယ်တော့ စံပယ်ဖြူနုဟာ ဝတ္ထုတိုတွေမှာ ပြောင်မြောက်နေတဲ့ ကလောင်တစ်ချောင်းပါ။ ကျွန်တော့် အတွေ့အကြုံအရဝတ္ထုတို ရေးအားကောင်းတဲ့ ဆရာ၊ ဆရာမများဟာ ဝတ္ထုရှည်မှာအားနည်းတတ်ကြပါတယ်။ ထိုနည်းတူစွာ ဝတ္ထုရှည် ရေးအားကောင်းတဲ့ သူများကလည်း ဝတ္ထုတိုရေးရင် အားနည်းတတ်ပါတယ်။ ဒါပေမယ့် စပယ်ဖြူနုကတော့ ပြောင်မြောက်တဲ့ ဝတ္ထုတိုတွေကို ဖန်တီးနိုင်ခဲ့သလို သူ့ ပထမဆုံးဝတ္ထုဖြစ်တဲ့ "မြောက်ဖျားက အလွမ်းရာသီ" ကိုလည်း အပီပြင်ဆုံး ရေးဖွဲ့နိုင်ခဲ့ပါပြီ။ အဖေတူ အမေကွဲ ညီမဖြစ်သူကို လိုက်ရှာပုံ ရေးထားတာဟာ သူ့ဖြစ်ရပ်မှန်ကို ရေးထားတာလားလို့တောင် ထင်ရပါတယ်။ သူ ဒီလို ရေးနိုင်ခြင်းဟာ ပါရမီကြောင့်လား သို့တည်းမဟုတ် ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ခြင်းကြောင့်လား ဆိုတာကတော့ ဆရာမ ကိုယ်တိုင်သာ ဖြေကြားနိုင်မယ့် ကိစ္စ ဖြစ်မယ် ထင်ပါတယ်။ ( ဦးဝင်းငြိမ်း၏ အမှာစာမှ ကောက်နှုတ်ချက် )


အေးချမ်းလှပပြီး မြူခိုးဝေနေတဲ့ မြန်မာနိုင်ငံ မြောက်ဘက် ကချင်ပြယ်နယ်က တောင်တန်းတွေပေါ် ယမ်းငွေ့တွေ သန်းလာပြန်တယ်။ စစ်တွေ ဖြစ်ကြတယ်။ မြေဇာပင်တွေကတော့ အပြစ်မဲ့တဲ့ မြန်မာပြည်သူတွေ .... 


၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆု ( ဝတ္ထုရှည် ) ကို ဆွတ်ခူးခဲ့တဲ့ စံပယ်ဖြူနုရဲ့ မြောက်ဖျားက အလွမ်း
ရာသီဟာ စစ်ဖြစ်ရာဒေသ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ဘေးကြောင့် 
ဒုက္ခရောက်နေရရှာတဲ့ စစ်ပြေးဒုက္ခသည်တွေကို နောက်ခံထားပြီး မေသီနွယ် တစ်ယောက် သူ့ အဖေတူ အမေကွဲ ညီမလေး အဆိုင်း (မရန်ဆိုင်းမိုင်) ကို ဒုက္ခသည်စခန်းတွေမှာ သွားရောက်ရှာဖွေတဲ့ လွမ်းမောဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ 


စာအုပ်ရဲ့ အစမှာ ရန်ကုန်မြို့ကြီးမှာ ဂျပန်ဘာသာစကား သင်တန်းဆရာမအဖြစ် ကြိုးစားရုန်းကန်နေရတဲ့ မေသက်နွယ်ရဲ့ အကြောင်းကနေစ ထားပါတယ်။ သူမရဲ့ ဖခင်က မေသက်နွယ်ရဲ့ အဖေတူ အမေကွဲ ညီမလေး အဆိုင်း ပျောက်နေတာကို ရှာပေးဖို့ ဖုန်းဆက်လာပါတယ်။ ဖခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ်၊ မုန်းဟန် ဆောင်နေခဲ့ပေမယ့် မသိစိတ်ထဲက အဆိုင်းကို ချစ်နေတဲ့စိတ်က မြောက်ဖျားက အလွမ်းရာသီ ဇာတ်လမ်းကို ဖြစ်လာခဲ့ပါတယ်။


အတိတ်ကို ပုံဖော်ရေးသားထားတဲ့ Flash Back ခန်းတွေမှာဆိုလည်း စာရေးဆရာမရဲ့ အရေးဟာ ပြောင်မြောက်လှပါတယ်။ မေသက်နွယ်ရဲ့ငယ်စဉ်ဘဝ ရွာတွင် နေထိုင်ခဲ့ပုံ၊ ရွာရှိ လူပျိုအပျိုတို့၏ ချစ်ဇာတ်လမ်းများ၊ မေသက်နွယ် နိုင်ငံခြားဘာသာတကသိုလ် (မန္တလေး) တက်စဉ် တက္ကသိုလ်ကျောင်းသူဘဝ အစရှိတာတွေကို ဖတ်ချင်စဖွယ် ရေးထားပါတယ်။ 


စာအုပ်ရဲ့ အဓိက ဇာတ်ဆောင်တွေအနေနဲ့ မေသက်နွယ်နဲ့ အတူ အဒွဲနဲ့ မွန်းရာဆိုတဲ့ တိုင်းရင်းသူလေးတွေ၊ မေသက်နွယ်ကို တက္ကသိုလ်ကျောင်းသူ ဘဝကတည်းက ချစ်ခဲ့သူ လင်းထင် (INGO တစ်ခုမှာ အလုပ်လုပ်နေသူ)၊ မေသက်နွယ်ရဲ့ ငယ်သူငယ်ချင်း နူးမိုင် ( ကချင်ပြည်နယ် ဒုက္ခသည်စခန်းရောက်မှ ပြန်ဆုံရသူ) နဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေပေါ့။ 


ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ဒါတွေကို မြင်တွေ့ရပါလိမ့်မယ်။ ညီအစ်မဆိုတဲ့သံယောဇဉ် နွယ်ကြိုးလေးတွေ၊ စစ်ဘေးရှောင်စခန်း မှာနေကြရတဲ့ ဘဝတွေ (ကိုယ်တိုင်မြင်ရသလို ကိုယ်တိုင် ရောက်သွားရသလို)၊ အချစ်ဆိုတာ မယုံကြည်တတ်တဲ့ မိန်းမသားတစ်ဦးအပေါ် မေတ္တာစစ်နဲ့ချစ်တဲ့ ယောက်ျားးတစ်ယောက်ရဲ့ အချစ်စစ်၊ ကချင်ပြည်နယ်ရဲ့ သဘာဝတောတောင်၊ စမ်းချောင်၊ ချိုင့်ဝှမ်း၊ တောင်ယာတွေကို မြင်တွေ့ရမယ့်အပြင် စာရေးဆရာမရဲ့အဓိကအကျဆုံးသော ဆိုလိုရင်းဖြစ်တဲ့ စစ်ဆိုတာ ဘယ်လို အကြောင်းတရားနဲ့မှ လူသားတွေအတွက် ကောင်းကျိုးမပေးဘူးဆိုတာ စိတ်ထဲမှာ နက်နက်နဲနဲ နားလည်စေနိုင်ပါလိမ့်မယ်။ အမျိုးသားစာပေဆု (ဝတ္ထုရှည်) ဆွတ်ခူးခဲ့တဲ့ စံပယ်ဖြူနုရဲ့ မြောက်ဖျားက အလွမ်းရာသီဟာ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံထဲက နိုင်ငံသူနိုင်ငံသားများ ဖတ်ရှုသင့်တဲ့ အဆင့်မြင့်ဝတ္ထု စာအုပ်တစ်အုပ်ဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်။

ဒါကြောင့် ဝန်ဇင်းစာချစ်သူတို့လည်း ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………
	
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts