Wun Zinn's Choice of the Week (14)


“စနစ်ကျသော ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အရာရာကို သုံးသပ်ဆင်ခြင်နိုင်တဲ့ စွမ်းရည် ရရှိစေလာမည့်စာအုပ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ယနေ့လို တနင်္ဂနွေရုံးပိတ်ရက်လေးမှာ ဝန်ဇင်းစာချစ်သူတွေ အိမ်မှာ အနားယူရင်း ဖတ်ရှုနိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာကိုတာရဲ့ “ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ” ဆိုတဲ့ စာအုပ်ပါပဲ။ တွေးတောဆင်ခြင်ရတာ စိတ်ဝင်စား၊ ဝါသနာပါတဲ့ ဝန်ဇင်းစာချစ်သူတွေအတွက် ဒီစာအုပ်ဟာ များစွာ အထောက်အကူပြုပါလိမ့်မယ်။

ဆရာကိုတာဟာ ဖြန့်ထွက်တွေးခြင်း ( Lateral Thinking ) နည်းတွေကို စနစ်တကျ ဖော်ပြထားတယ်။ အကြောင်းအရာ ရှုထောင့်တစ်ခုအပေါ် ရှေးဟောင်းစဉ်လာ တွေးရိုးတွေးစဉ်နည်းတွေနဲ့မတူဘဲ ကွဲပြားခြားနားတဲ့ အတွေးအသစ် အမြင်သစ်တွေ၊ ဖြန့်ထွက်တွေးခြင်းနည်းနာတွေကို မိတ်ဆက်ပေးထားပါတယ်။ 

“ကျွန်တော်တို့ကို လွှမ်းမိုးနေသော အတွေးအခေါ် အယူအဆများ ( Dominant idea ) များ ရှိပါသည်။ မည်သည့်အယူအဆက မိမိကို လွှမ်းမိုးနေသလဲဟု သိရှိရန် ကြိုးစားရပါမည်။ ထိုသို့ ကြိုးစားခြင်း၏ ရည်ရွယ်ချက်မှာ ထိုအယူအဆ၏ လွှမ်းမိုးမှုမှ လွတ်မြောက်မှသာလျှင် အခြားနည်းလမ်းများ၊ အခြားသင့်လျော်သော အမြင်များ ရနိုင်သောကြောင့် ဖြစ်ပါသည်။ တစ်ခါတရံ အခြားနည်းလမ်းအသစ်တစ်ခုဟု ထင်ရသော်လည်း နည်းဟောင်းအဘောင်အတွင်းမှာပင် ရှိနေတတ်ပါသည်။” ( ပြောင်းလဲခြင်းနှင့် ဖြန့်ထွက်တွေးခြင်း … မှ )

ဒီစာအုပ်ထဲမှာ ပြောင်းပြန်စဉ်းစားခြင်း ( Reverse method ) ၊ ဘာကြောင့်ဟု မေးခွန်း ဆက်ကာဆက်ကာ ထုတ်ခြင်း ( Why technique ) ၊ ပွင့်နေသောကြောင့် ပိတ်ခြင်း ( Block by opening ) စတဲ့ နည်းလမ်းတွေနဲ့ စဉ်းစားဆင်ခြင်နိုင်ဖို့ ဆွေးနွေးထားပါတယ်။ ပညာရပ်ဆိုင်ရာ ဝေါဟာရအသုံးအနှုန်းတချို့ ပါဝင်ပေမယ့် ဆရာကိုတာဟာ စာဖတ်သူတိုင်း နားရှင်းအောင် ပြောဆိုတင်ပြထားတာ ဖတ်ရှုရမှာပါ။ ကျောင်းသားလူငယ်တွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေတဲ့သူ၊ လူလတ်လူကြီးပိုင်းကအစ မည်သူမဆို၊ စဉ်းစားဆင်ခြင်တတ်သူတိုင်း မိမိရဲ့ တွေးခေါ်မှုပုံစံကို ဆန်းစစ်ပြီး တွေးခေါ်နိုင်စွမ်းအရည်အသွေးတွေ တိုးတက်လာဖို့အတွက် ဆရာကိုတာဟာ အရိုးရှင်းဆုံး ဆွေးနွေးတင်ပြထားပါတယ်။ 

“အတွေးအမြင်ပြောင်းလဲရန်မှာ အခက်အခဲဆုံးအလုပ်ဟု ပြောကြသော်လည်း ထိုခက်ခဲသော အလုပ်ကိုပင် ကျွန်တော်တို့ လုပ်ကြရမည်ဟု ထင်ပါသည်။” ( စာရေးသူ … ) 

ဒီစာအုပ်ထဲမှာ ဖြန့်ထွက်တွေးခြင်းမိတ်ဆက်၊ အစည်းအဝေးများနှင့် ဦးထုပ်ခြောက်လုံးတွေးခြင်း၊ ပြောင်းလဲခြင်းအကြောင်း၊ အသွင်ပြောင်းလဲခြင်းဇာတ်လမ်း၊ ပိုက်ဆံအကြောင်းအက်ဆေး၊ သားကိုကျောင်းထားခြင်း၊ သားကိုကျောင်းထားခြင်းနှင့် သင်ယူခြင်း၊ နက်(စ်)ကော်ဖီမှတစ်ဆင့် စဉ်းစားမိခြင်း၊ ကျွန်တော်နှင့် ကျွန်တော်၏ကျောင်းသားများ၊ အမြဲသင်ယူနေသော အဖွဲ့အစည်း၊ ကိုယ့်ကိုယ်ကိုပြုပြင်ခြင်း … စတဲ့ စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာ ဆောင်းပါး၊ စာတမ်းတွေကို ဖတ်ရှုကြရမှာပါ။ 

ကဲ … အကြောင်းအရာတစ်ခုကို ပုံသေရှုထောင့်ကနေ မကြည့်ချင်ဘူး၊ ရှုထောင့်အသစ်ကနေ စဉ်းစားတွေးခေါ်ချင်တယ်ဆိုတဲ့ ဝန်ဇင်းစာချစ်သူတိုင်းအတွက် အခုမိတ်ဆက်လိုက်တဲ့ စာအုပ်ဟာ ဆရာသဖွယ် ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် .. ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ချင်တဲ့သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့ ( share ) လည်း မမေ့နဲ့ဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ ၀န်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......  

Related Posts