Wun Zinn's Choice of the Week (18)


“အိပ်ချင်တော့ နည်းနည်းပြေလာသလို စာရွက်လေးရွက်ကိုစိုက်ကြည့်၊ နံရံတွင် တိပ်ဖြင့်ကပျာကယာကပ်ကြည့် တစ်ခုနဲ့တစ်ခု အထားအသိုပြောင်းကြည့်၊ ဘာကြီးမှန်းမသိ။ ပဲခူးသူလေး သူ့ကို အဝေးထိန်းခလုတ်ဖြင့် လှမ်းစားနေချေပြီ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့လို တနင်္ဂနွေရုံးပိတ်ရက်လေးမှာ ဝန်ဇင်းစာချစ်သူတို့ အိမ်မှာနှပ်ရင်း အေးအေးဆေးဆေး ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက် စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ သိုးဆောင်းရဲ့ “ငါ့အလင်းတံခါးမှာ ဖယောင်းတိုင်ထွန်းထားတယ်” ဆိုတဲ့ စာအုပ်ပါပဲ။ 

အောင်မြင်စပြုနေတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ ‘ဇိုး’ ၊ Album သစ်တစ်ခုတည်းဖြင့် လူငယ်တွေကြားမှာ ပေါက် သွားတဲ့ အဆိုတော်ဖြစ်တာမို့ သူ့ရဲ့ တက်လမ်းကို သိပ်ဂရုစိုက်လွန်းတဲ့ မိဘတွေနဲ့ ဇိုး အကြောင်း သူ့မိဘတွေဆီ ပြန်ပြောပြဖို့ ဇိုးကို ထပ်ကြပ်မကွာ စောင့်ကြည့်နေတဲ့ သူငယ်ချင်းကောင်မလေး ‘ရတီ’ တို့ကြားမှာ ဇိုးရဲ့ နှလုံးသား လွတ်လပ်မှုဟာ အကျဉ်းချခံထားရသလို ဖြစ်နေတယ်။ ကွဲနေတဲ့ ဇိုးရဲ့ မိဘတွေဟာ အဝေးကနေပဲ ရတီကတစ်ဆင့် ဇိုးကို ဂရုစိုက်တယ်ဆိုရင်လည်း မမှားသလို မိသားစုအတွင်းရေးက ဇိုးရင်ထဲမှာလည်း အမာရွတ်တွေနဲ့ ….. ။

တစ်ရက်တော့ ဇိုးတို့ သူငယ်ချင်းအဖွဲ့ ပဲခူးဘက်ကိုသွားရင်း ဇိုးအတွက် မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကြုံခဲ့တယ်။ သူမက ဇိုးရဲ့ အမှိုက်ပစ်လိုက်တဲ့ အသေးအမွှားကိစ္စကစလို့ အရာအရာကို သိထားနှင့်သလို ဂစ်တာကြိုးပြတ်လို့ လက်ရှာမှာကို ကြိုတင်သတိပေးနေတဲ့ ဇိုးရဲ့ ပရိသတ်ကောင်မလေး ‘ရည်ရွယ်’ ။ 

‘ရည်ရွယ်’ နဲ့ ‘ဇိုး’ တို့ နှစ်ဦးရဲ့ ဖြစ်ပုံတွေက သိပ်ကို တိုက်ဆိုင်လွန်းခဲ့တယ်။ တစ်ယောက်ဖြစ်နေတာတွေ ကျန်တစ်ယောက်မှာလည်း ဆက်ပြီး ဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦးကြားက ဆက်နွယ်မှုက ဘယ်လိုမျိုးလဲ …

“လောကမှာ အချို့အရာတွေက ဘယ်လိုကြောင့်ဖြစ်ဖြစ် ခွဲထားလို့ မရဘူး။ အောက်ချင်းငှက်စုံတွဲကို ခွဲထားလို့ မရဘူး။ သက်တံ့နဲ့မိုးတိမ်ကို ခွဲထားလို့ မရဘူး။ ကိန္နရီ ကိန္နရာကို ခွဲထားလို့ မရဘူး။ အဲဒီလိုပဲ အာဒံရဲ့ လက်သူကြွယ်က လက်စွပ်နဲ့ ဧဝရဲ့ လက်သူကြွယ်က လက်စွပ်လေးကိုလည်း ခွဲထားလို့ မရဘူး။ ခွဲလို့မရတာတွေကို ခွဲခြားလိုက်တဲ့အခါ ပျက်စီးတတ်တယ်။ သေဆုံးတတ်တယ် …. ဒါ နတ်ဘုံနတ်နန်းက ချမှတ်ထားတဲ့ စည်းကမ်းတွေပါပဲ။ ဒါပါပဲ။” ( စာအုပ်ရှေ့ဆုံးစာမျက်နှာမှ …. )
…………..

ဒီဝတ္ထုလေးက လူငယ်တွေ ရင်ထဲ ‘ထိရှ’ နိုင်မယ့် ဝတ္ထုလို့ ဆိုရမှာပါ။ ထုံးစံအတိုင်း စာရေးသူကတော့ သူ့ရဲ့ ဝတ္ထုထဲမှာ စဉ်းစားစရာ ဦးနှောက်ခြောက်စရာ case လေးတွေကို ထည့်သွင်းထားဖို့ မမေ့ခဲ့ပါဘူး။ မိဘမေတ္တာ အပြည့်အဝမရခဲ့တဲ့ မေတ္တာငတ်သူ ဇိုး၊ သူနဲ့ အရာရာမှာဆိုသလို တိုက်ဆိုင်နေတဲ့ ကောင်မလေး ရည်ရွယ်၊ ပြီးတော့ ဇိုးကို ငယ်ကြီးပေါင်းဖော် သူငယ်ချင်းဖြစ်သူ ရတီ …. ဒီစာအုပ်ဟာ သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်လို့ စာချစ်သူတွေ ခန့်မှန်းမိမှာပါ။ ဒါပေမဲ့ အဲ့ဒီလို ဖြစ်မဖြစ်နဲ့ ဒီစာအုပ်က စာချစ်သူတို့ ရင်ထဲကို ဘယ်လို ကျန်ခဲ့စေမယ်ဆိုတာကတော့ …

ကဲ … စာဖတ်သူရဲ့ နှလုံးသားခံစားမှုကို ဆွဲဆောင်ထားမယ့် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

“ဒီပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. ။ 

Related Posts