Wun Zinn's Choice of the Week (25)


“လူတိုင်းအတွက် အောင်မြင်ရေးဗီတာမင်များ လာပါပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်ပရိသတ်ကြီးအနေနဲ့ ရုံးပိတ်ရက်၊ အားလပ်ရက်မှာ ဖတ်ရှုနိုင်ဖို့ စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားသော စာအုပ်ဖြစ်တဲ့ ဆရာလင်းသိုက်ညွန့် ( မြန်မာ့မြေ ) ရဲ့ “သင့်အတွက် အောင်မြင်ရေးဗီတာမင်များ” စာအုပ်ပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်ကို ဖတ်ရှုတဲ့အခါ လိုတိုရှင်းနဲ့ ထိထိရောက်ရောက်ရှိတဲ့အချက်တွေကို မြင်တွေ့ရပါလိမ့်မယ်။ ဘဝအောင်မြင်ရေးနဲ့ ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေတဲ့အချက်တွေ၊ မိမိလုပ်ငန်းခွင်အတွင်း ပြဿနာတွေကို ဖြေရှင်းရခက်လို့ ခေါင်းခဲမှုတွေ၊ အောင်မြင်မှုကို စီမံခန့်ခွဲရေး နည်းဗျူဟာတွေကို လူတိုင်းဖတ်လို့ နားလည်လွယ်အောင် ရေးသားဖော်ပြထားတယ်။ 

ဆရာ့စာအုပ်ထဲက အချို့စာများကို စာမြည်းအဖြစ် ကောက်နုတ်ဖော်ပြရရင် … 

“အမြင့်ကို တက်ချင်ရင် ပြုတ်ကျမှာကို ကြောက်နေလို့မရပါဘူး။ အမြင့်ကို ရောက်လေလေ ပြုတ်ကျနိုင်လေလေပါပဲ။ ပြုတ်ကျမှာကို ကြောက်နေရင် ကြမ်းပြင်နဲ့ ကပ်နေမှပဲ ရပါမယ်။ အလုပ်သေးသေးလုပ်ရင် ပြဿနာသေးသေး၊ ဝေဖန်မှုသေးသေး တွေ့ပါမယ်။ အလုပ်ကြီးကြီးလုပ်ရင် ပြဿနာကြီးကြီး၊ ဝေဖန်မှုကြီးကြီး တွေ့ပါမယ်။ ဘာပြဿနာ ဝေဖန်မှုမှ မတွေ့ချင်ဘူးဆိုရင် ဘာမှမလုပ်ဘဲ အိမ်ထဲမှာ အိပ်နေမှပဲ ရပါလိမ့်မယ်။”

“ဘဝမှာ ရည်မှန်းချက် မြင့်မြင့်မားမား မျှော်မှန်းထားတဲ့ သူတွေဟာ အခက်အခဲတွေ ရင်ဆိုင်လာရရင် တုန်လှုပ်ကြလေ့မရှိဘဲ ပိုပြီးတော့တောင် ရင်ခုန်ကြိုးစားကြလေ့ ရှိပါတယ်။ အခက်အခဲဆိုတဲ့ကောင်က သူ့ကို ကြောက်ပြရင် စာရေးသူတို့ကို ပိုပြီးဖြဲခြောက်မှာပါပဲ။”

“ကမ္ဘာပေါ်မှာရှိသည့် များစွာသော အောင်မြင်သူများမှာ အားသာချက်များစွာ၊ မတူညီသည့် နောက်ခံအကြောင်းအရာများစွာရှိကြသော်လည်း ၄င်းတို့အားလုံးတွင် ထူးခြားစွာ တူညီနေသည့် အရာတစ်ခုကို တွေ့ကြရသည်။ ယင်းကား … အခြားမဟုတ်၊ ‘တွေးခေါ်ပုံ တွေးခေါ်နည်း’ ပင် ဖြစ်သည်။”
…..
စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လို စတင်ဆောင်ရွက်မလဲ၊
ပဋိပက္ခတွေကို ဖြေရှင်းဖို့ မဟာဗျူဟာ၊ နည်းဗျူဟာ၊ နည်းလမ်းချမှတ်ခြင်းတွေ၊
မိမိရဲ့အလုပ်အကိုင် အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်ပြီး အမြင့်ကို တက်လှမ်းနိုင်ဖို့ လှေကား ၆ ထစ်၊
အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်း၊ 
အောင်မြင်မှုလမ်းကို လျှောက်လှမ်းရာမှာ ဆောင်ရန်ရှောင်ရန်တွေ … စတာတွေကို ဖတ်ရှုလိုက်ရတဲ့အခါ စာဖတ်သူအနေနဲ့ အသိအမြင်သစ်၊ အတွေးသစ်တွေကို ရရှိသွားပါလိမ့်မယ်။ 

ဒီလိုမျိုး အသိသစ် အတွေးသစ် အမြင်သစ်တွေကို ပေးစွမ်းနိုင်မယ့် “သင့်အတွက် အောင်မြင်ရေးဗီတာမင်များ” စာအုပ်ကို ဖတ်ရှုဖို့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ဆရာလင်းသိုက်ညွန့်ရဲ့ အောင်မြင်ရေးစာစုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts