Wun Zinn's Choice of the Week (15)


ဝန်ဇင်းစာချစ်သူပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ယနေ့မှာတော့ ဝန်ဇင်းစာချစ်သူတွေ ရုံးပိတ်ရက်မှာ အနားယူရင်း ဖတ်ရှုလို့ရအောင်အတွက် ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များ ကဏ္ဍကနေ တင်ဆက်ပေးချင်တဲ့ ဝတ္ထုကောင်းတစ်အုပ် ရှိပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ မစန္ဒာရဲ့ “အရိပ်” ဆိုတဲ့ ဝတ္ထုရှည်တစ်အုပ်ပါပဲ။ 

မိသားစုတွင်းမှာရှိသင့်တဲ့ ချစ်ခြင်းမေတ္တာ နဲ့ သွေးချင်းမောင်နှမတွေကြားက နွေးထွေးတဲ့ သံယောဇဉ်တို့ကို ထုတ်ဖော် ဖွဲ့နွဲ့ထားတဲ့ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်လေးပေါ့ ။ ခေတ်ပုံရိပ်အဖြစ် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းစဉ်ကာလတွင်း အခြေအနေကို နောက်ခံပြုထားတယ်။ အဲ့ဒီခေတ်ကာလ က ကျော်လွှားဖြတ်သန်းနေတဲ့ မိသားစုနှစ်စုအတွင်းမှာ ကြုံတွေ့ပေါ်ပေါက်တဲ့ ကြည်နူးစရာ၊ ဝမ်းနည်းစရာ ရသအစုံစုံကို စာချစ်သူတွေ ဖတ်ရှုကြရမှာပါ။

ဒီစာအုပ်ကို (၁၉၉၇)ခုနှစ်မှာ ဒါရိုက်တာ မီးပွား က ဇော်လင်း ၊ အကယ်ဒမီ မင်းမော်ကွန်း ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ်ဒမီ ပန်းဖြူတို့နဲ့ ရိုက်ကူးခဲ့ပြီး မမပန်းဖြူကို အကယ်ဒမီ ပန်းဖြူရယ်လို့ ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလို့ပြောရင် ကျွန်တော် လွန်မယ် မထင်ပါဘူး ။

မိသားစုမေတ္တာဖွဲ့တွေ ဖွဲ့ဆိုရေးသားရာမှာ ထင်ရှားလှတဲ့ ဆရာမ မစန္ဒာရဲ့ "အရိပ်" ဆိုတဲ့ ဝတ္ထုကို ၊ အခုတစ်ကြိမ်မှာတော့ MRTV-4 ရုပ်သံလိုင်းကနေ အကယ်ဒမီရန်အောင် ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ်ဒမီချိုပြုံးနဲ့ ၊ မမေမြင့်မိုရ် တို့နဲ့ အတူ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး မေလ (၁) ရက်နေ့ မှာ စတင်ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ် ။

" လူကြီးဘ၀ဆိုတာက အဲ့ဒီကလေးဘ၀တုန်းက တည်ဆောက်ခဲ့တဲ့ အဆောက်အအုံက ထင်ဟပ်တဲ့ အရိပ်... "

မိဘ ၊ ဘိုးဘွားက ချမ်းသာပေမဲ့ ငယ်စဉ်ကတည်းက မိဘဆီက 
နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတရားကို တစ်ခါမှ မခံစားဖူးတဲ့ "စုစုလှိုင်"

စီးပွားရှာတော်သလောက် ၊ ပေါများလှတဲ့ သူ့ ချစ်ခြင်းမေတ္တာတွေကို တစ်ခြားမိန်းမတွေကိုပဲ မျှဝေပေးတတ်တဲ့ သူမ ရဲ့ ဖခင်

သားသမီးကို ချစ်တတ်ဖို့ဝေး ၊ မေတ္တာတစ်ရားကို သူကိုင်နေတဲ့ ဖဲချပ်တစ်ချပ်လောက်မှ အလေးမထားတတ်တဲ့ သူမ ရဲ့ မိခင်

ဒီလိုမိဘနှစ်ပါးကြားမှာ ၊ မိခင်နဲ့ဖခင်ရဲ့ မေတ္တာကို ငတ်မွတ်တောင်းတရင်း ၊ နာကျင်မှုတွေနဲ့ ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက် ၊ သူမလိုချင်တဲ့ အေးချမ်းတဲ့ မေတ္တာတရားကို မရလေတော့ ၊ မီးလိုပူတဲ့ တစ်ထောင့်ငါးရာ မေတ္တာတွေနဲ့ ဆော့ကစား သာယာမိတော့တာပေါ့ ။

ငွေကြေးကလည်းပြည့်စုံ ၊ ရုပ်ရည်ရူပကာကလည်း ချောမောလွန်းတော့ ဒီပန်းကို ချူချင်သူတွေကလည်း ခပ်များများ ၊ ဒါပေမဲ့ ယောင်္ကျားတိုင်းဟာ သူ့အဖေလိုပဲလို့ ထင်တော့ သူမကိုယ်တိုင်လည်း ချစ်ခြင်းမေတ္တာကို အလေးမထားတတ်တော့ဘူး ။ စစ်မှန်တဲ့ ချစ်ခြင်းကို မယုံကြည်တတ်လေတော့ သူမကို တစ်ကယ်မြတ်နိုးသူနဲ့ ကြုံလာတဲ့အခါ ဝေခွဲမရတွေဖြစ်ပြီး မျိုသိပ်ခံစားရပြန်ရော .....။

"အချစ်မခံရတဲ့ ကလေးဟာ မချစ်တတ်ဘူးတဲ့ ၊ စုရဲ့နှလုံးသားထဲမှာ မာမီကရော ၊ ဒယ်ဒီကပါ ချစ်တတ်တဲ့ မေတ္တာတရားလေးကို ထည့်မှ မပေးခဲ့ကြတာ..."

သူမဟာ သာယာမှုနောက်ကိုလိုက်ရင်း မှားသထက်မှားလာ ၊ ဒီကြားထဲ မူးယစ်ဆေးကို စမ်းသုံးကြည့်မိလေတော့ မူးယစ်နွံထဲကို နစ်သွား...... ။

"ဒို့မိန်းကလေးတွေရဲ့ ဘဝဟာ ပန်းလိုပဲတဲ့။ ဒီတော့ သဇင်လိုလည်း အမြင့်မှာ မပျော်နဲ့၊ စံပယ်လိုလည်း အညှာမလွယ်နဲ့၊ နှင်းဆီလိုလည်း ဆူးမဖက်ပါနဲ့လို့ ပြောလိုက်ချင်ပါတယ်ကွယ်" - အမာညို

သူမ သူငယ်ချင်း အမာညိုပြောခဲ့တဲ့ စကားနဲ့အတူ ၊ ဒီဝတ္ထုလေးရဲ့ နောက်ဆုံးဇာတ်သိမ်းမှာ သူမကို ဒီအရိပ်ဆိုးတွေထဲကနေ အေးချမ်းလှတဲ့ အရိပ်ကလေး ဖန်တီးပေးနိုင်မဲ့သူက ဘယ်သူဖြစ်မလဲ ၊ သူမ မျှော်လင့်နေတဲ့ တစ်စုံတစ်ယောက်များဖြစ်နေမလား ....။ ဘဝတစ်လျှောက်လုံး မျှော်လင့်ခဲ့ရတဲ့ သူမ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကြောင့်လား ...... သိချင်နေကြပြီ ဟုတ် ?

ဆရာမ မစန္ဒာရဲ့ "အရိပ်" ဆိုတဲ့ ဝတ္ထုလေးကို ဝန်ဇင်း မှာ (၁,၀၀၀) ကျပ်တည်းနဲ့ လွယ်ကူသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်တာမို့ ၊ မဖတ်ရသေးတဲ့ စာဂျပိုးတို့ရေ အခုပဲ အမြန်လေး ဝယ်ပြီး အပီအပြင် ခံစားဖတ်ရှုလိုက်ကြတော့နော် ။ 

မယုံမရှိနဲ့ ၊ ကိုယ်ဆို ကြိုက်လွန်းလို့ (၃) ခေါက်တောင်ဖတ်ပြီးပြီ ????


Related Posts