Wun Zinn's Choice of the Week (10)


ဝန်ဇင်းစာချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူများအနေနဲ့ အချစ်၊ အလွမ်း၊ အဆွေးနဲ့ စွန့်စားခန်းဝတ္ထုတွေပဲ ဖတ်နေရလို့ အီနေကြပြီလားခင်ဗျ။ ဒါဆိုရင်တော့ မပူပါနဲ့ … စာချစ်သူများအတွက် ဒီတစ်ပတ်ရဲ့ အယ်ဒီတာစိတ်ကြိုက် စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာအရေးအသား အဖွဲ့နဲ့ တင်ပြပုံတွေ ပြောင်မြောက်လှတဲ့ စာရေးဆရာကြီး ရန်ကုန်ဘဆွေရဲ့ နာမည်ကြီးလက်ရာဖြစ်တဲ့ “ရွှေဝါပြည်” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ 

ဒီစာအုပ်ဟာ လူ့လောက၊ လူ့သဘာဝနဲ့ မပြတ် ပြောင်းလဲနေတဲ့ လူမှုပတ်ဝန်းကျင်၊ ရှုပ်ရှုပ်ထွေးထွေး လူ့အဖွဲ့အစည်းက ထွက်လာတဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု၊ အဲ့ဒီလို လှိုင်းတွေရိုက်ခတ်မှုအပေါ် တုံ့ပြန်လေ့ရှိတဲ့ လူ့စရိုက်သဘောတရားတွေကို မီးမောင်းထိုးပြထားပါတယ်။ 

“ရွှေဝါပြည်” ဝတ္ထုကြီးဟာ စာရေးဆရာကြီး ရန်ကုန်ဘဆွေရဲ့ ကျယ်ပြောလှတဲ့ မဟာစိတ်ကူးပင်လယ်ကြီးထဲက လောက အကြောင်းတရားတွေကို တစ်စချင်းစီဆွဲထုတ်၊ ပိုးအိမ်ပမာ ရက်လုပ်ပြီး စီမံဖန်တီးထားသော အထင်ကရ ဝတ္ထုတစ်ပုဒ် ဖြစ်တယ်ဆိုရင် မမှားပါဘူး။ ဒီဝတ္ထုနဲ့ ပတ်သက်လို့ စာရေးသူက အမှာစာမှာ ခုလို ပြောပြထားတာ တွေ့ရပါတယ်။ 

“ထိုသူ၏ အကြောင်းလား၊ ဤသူ၏ အကြောင်းလား၊ ဟိုတိုင်းပြည်၏ အကြောင်းလား၊ သည်တိုင်းပြည်၏ အကြောင်းလားဟု စာဖတ်သူတို့က ထင်ကောင်း ထင်ကြပါလိမ့်မည်။ ဤသို့ထင်လျှင်လည်း မည်သူ၏ အကြောင်းမျှ မဟုတ်ပါ။ မည်သည့်တိုင်းပြည်၏ အကြောင်းမျှ မဟုတ်ပါဟု ဖြေလိုပါသည်။ သို့ရာတွင် လောကတွင်ရှိသော လူတွေနှင့် လောကတွင်ရှိသော တိုင်းပြည်တွေ၏ အကြောင်း ဖြစ်ပါလိမ့်မည် ဟူ၍ကား ဝန်ခံလို၏။”

ရွှေဝါပြည်မှာ ဆန်ပေါတယ်၊ ဒါကြောင့် ရွှေဝါပြည်သူပြည်သားတွေအားလုံး ထမင်းဝနေကြတယ်။ ထမင်းဝတဲ့အခါ ထုံးစံအတိုင်း ပျင်းကြတယ်။ ပျင်းတဲ့နောက် တဖြည်းဖြည်း ဖျင်းလာကြတယ်။ ဖျင်းတာကြောင့် ကြာတဲ့အခါ ငတ်ကုန်ကြတယ်လို့ ရွှေဝါပြည်ကြီးရဲ့ အဖွင့်နိဒါန်းမှာ စာရေးဆရာက တင်ပြထားပါတယ်။ 

“ထို့ပြင် ရွှေဝါပြည်သူပြည်သားအားလုံး ဘာမျှမအောင့်နိုင်၊ စိတ်ဓာတ်ညံ့ဖျင်းလာကြ၏။ ဘာမျှမလုပ်ဘဲ ဘယ်အရာမဆို အချောင်လိုချင်လာကြ၏။ ဘယ်သူမဆို မိမိအဖို့ချည်း စဉ်းစားလာကြ၏။ ဘာကိစ္စမဆို မိမိဘက်ကချည်း တွေးတောလာကြ၏။” ( ရွှေဝါပြည် … စာအုပ်မှ )

ဆရာကြီး ရန်ကုန်ဘဆွေရဲ့ “ရွှေဝါပြည်” ဟာ လူနဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံတိုင်းရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ နိမ့်ကျဆုတ်ယုတ်မှု အကြောင်းတွေကို ဖော်ထုတ်ထားတဲ့ အခုလည်း မှန်၊ နောက်လည်း မှန်နေမယ့် လောက သဘောသဘာဝတွေကို ကိုယ်စားပြုနေတာ တွေ့ရမှာပါ။

ရေမြေတောတောင်နဲ့ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့အပြင် တိုင်းသူပြည်သားတွေရဲ့ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးတို့ ပူစရာမလိုတဲ့ “ရွှေဝါပြည်” ကြီးဟာ ဘယ်နည်းဘယ်ပုံ ပျက်စီးရွေ့လျောသွားရတာလဲ … ဘယ်လိုအကြောင်းအရင်းတွေကြောင့် ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်ကြီးနဲ့ ပြည်သူပြည်သားတွေဟာ နိမ့်ကျဆင်းရဲသွားရတာလဲ … ဒီလို အခြေအနေတွေကနေ တစ်ချိန်က ရွှေဝါပြည်ကြီးအဖြစ် တဖန် ပြန်ပြီး ထူထောင်နိုင်ပါဦးမလားဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒါကြောင့် ဝန်ဇင်းစာချစ်သူများအနေနဲ့ ဒီစာအုပ်ကို လက်မလွှတ်တမ်း ဖတ်ရှုသင့်ပါတယ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ ကဲ … ဒါဆိုရင် ဝန်ဇင်းမှာ ဒီစာအုပ်လေးကို ခုပဲ ဝယ်ယူ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ ...။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......


Related Posts