Wun Zinn's Choice of the Week (39)


“ဆရာသင့်လူရဲ့ စာဖတ်ပရိသတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ - ကျားဖြူ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ ဘာသာပြန်စာချစ်သူတွေ အများအပြားရှိနေမယ်ထင်ပါတယ်။ ဘာသာပြန် ရသစာပေမျိုးစုံကို ဖတ်ရှုနေကြတဲ့ ဝန်ဇင်းစာချစ်သူများအတွက် စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ “ကျားဖြူ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ “The White Tiger” စာအုပ်ကို ဘာသာပြန်စာရေးဆရာသင့်လူက မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။

The Man Booker ဆုက စာပေဆိုင်ရာဆုတွေထဲမှာ နိုဘယ်ဆုပြီးရင် သြဇာအကြီးဆုံးဆုပါပဲ။ မူရင်းစာအုပ်က ၂၀၀၈ ခုနှစ်အတွက် The Man Booker ဆု ရထားပါတယ်။ စာရေးသူက အိန္ဒိယနွယ်ဖွား။ နယူးရောက်ခ် ကိုလံဘီယာတက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ Aravind Adiga က ဆုရချိန်မှာ အသက် ၃၃ နှစ်ပဲ ရှိပါသေးတယ်။ ဒီစာအုပ် “ကျားဖြူ” ထဲမှာ တရုတ်ပြည်ရဲ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ( ၂၀၀၈ ) ဆီကို ပေးစာရေးတဲ့ ပုံစံမျိုးနဲ့ ထူးထူးခြားခြား ရေးသားထားတယ်။ 

“ဝန်ကြီးချုပ်ဝမ်ကျားပေါင်သို့ ပေးစာ” ဆိုပြီး ရေးသူက ကျားဖြူခေါ် မွန်းနားခေါ် ဘယ်ရမ်ဟာဝေခေါ် တောကြက်ခေါ် အာသောကရာမားခေါ် ငါးမည်ရ ပုဂ္ဂိုလ်ကျော် စွန့်ဦးတီထွင်လုပ်ငန်းရှင်ပါဆိုပြီး အစချီထားတယ်။ သူက ဝမ်ကျားပေါင်ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရသလဲဆိုတာကို ဆရာကြီးလေနဲ့ ( ၇ ) ညတိုင်တိုင် ပေးစာသဘောမျိုး ခပ်ထေ့ထေ့ ရေးသားထားလေရဲ့။ 

ဂါယာနယ်က လန်ခြားသမားရဲ့ အိမ်တော်ပါကျွန်၊ ကားဒရိုင်ဘာတစ်ယောက် ဘယ်လိုမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားရသလဲဆိုတာကို ကျားဖြူက ရှင်းပြထားတယ်။ ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယ၊ ဂန္ဓလရာဇ်နဲ့ မစ္ဇျိမ၊ ပေါက်စီနဲ့ စမူဆာ၊ ဆွေမျိုးပေါက်ဖော်နဲ့ အာ့ကိုကျီးတို့ အားပြိုင်ပွဲမျိုးမဟုတ်ဘဲ ထင်မှတ်မထားတဲ့ ဇာတ်ကြောင်းကို ခင်းသွားပါတယ်။ 

သူဌေးအာသောကသခင်က “စာရေးစာဖတ်တတ်ပေမဲ့ သူဖတ်တဲ့စာရဲ့ အဓိပ္ပါယ်ကို သေချာနားမလည်တဲ့ မကျက်တကျက် ဖုတ်ထားတဲ့ ကိတ်မုန့်တစ်လုံး၊ တို့တိုင်းပြည်မှာ သူ့လို လူမျိုးတွေ ပြည့်လို့” ဆိုပြီး ထောမနာပြုခံရတဲ့ အိမ်တော်ပါဒရိုင်ဘာ ကျားဖြူ မကျက်တကျက် အိန္ဒိယသားတစ်ယောက်ရဲ့ စွန့်ဦးတီထွင် ရာဇဝင်လို့လည်း ပြောနိုင်ပါတယ်။ 

ကျားဖြူပြောသွားတာတွေကတော့ အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ဇာတ်ခွဲခြားခြင်းတွေ၊ နယ်ဘက်ကျေးဘက်က ရှိသမျှ မြေတွေ၊ မြစ်ချောင်းတွေ၊ တောတောင်တွေကို ပိုင်တော်မူထသော ခရိုနီတွေက ဆင်းရဲသားနင်းပြားတွေအပေါ်မှာ ဂုတ်သွေးစုတ် ခေါင်းပုံဖြတ် အနိုင်ကျင့်၊ မဟတ္တမဂန္ဒီကြီးရဲ့ပုံ ရှေ့ထားပြီး လာဘ်စားနေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ၊ ဘယ်တော့မှ မတည်တဲ့ ကတိတွေ အမျိုးမျိုးပေးပြီး မဲဆွယ်တဲ့ နိုင်ငံရေးသမားလူကြီးမင်းတွေ၊ ခေတ်အဆက်ဆက် ခံဘက်ကဖြစ်တဲ့ ဆင်းရဲသားနင်းပြားလူမွဲတို့ရဲ့ ဘဝဇာတ်ကြောင်းကို မည်းမှောင်နေတဲ့ ဟာသဉာဏ်နဲ့ တင်ပြထားတဲ့ ခေတ်သစ် “အိန္ဒိယငဘ” ဇာတ်လမ်း။

ဒီစာအုပ်ထဲမှာ အိန္ဒိယနွယ်ဖွားတစ်ယောက်ရဲ့ သူ့နိုင်ငံနဲ့ သူ့လူမျိုးတွေအပေါ် မြင်တဲ့အမြင်ကို ဟာသသဘော သရော်ပြီးရေးထားတာတွေကို တွေ့ရမှာပါ။ အိန္ဒိယရဲ့ ဇာတ်ခွဲခြားခြင်းတွေ၊ မြို့ကြီးပြကြီးတွေမှာတောင် ဆင်းရဲသားတွေ နောက်ဖေးသွားခြင်းကို လမ်းဘေးမှာပဲ စွန့်ကြဲပုံတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ အစိုးရရုံးတွေက ကြိုးနီစနစ်တွေ၊ အိန္ဒိယမှာ ဆင်းရဲချမ်းသာ ကွာဟလွန်းနေတာတွေ … စတဲ့စတဲ့ အိန္ဒိယရဲ့ သရုပ်သကန် အမှန်မှန်ကို သိရမှာပါ။ မျက်မှောက်ခေတ် ဝတ္ထုဖန်တီးမှု အတတ်ပညာမှာ နိုင်ငံတကာက အလေးထားဖတ်ရှုနေကြရတဲ့ စာအုပ်ဖြစ်တာမို့ ဝန်ဇင်းစာချစ်သူတွေလည်း ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

တကယ်လို့ ဖတ်ရှုမယ်ဆိုရင်တော့ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
………….
စာရေးဆရာသင့်လူရဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုညွှန်းဆိုခဲ့တဲ့ ‘ကျားလူ’ ဘာသာပြန်စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts