Wun Zinn's Choice of the Week (23)


“အချစ်ကို ဓါတ်ခွဲခန်းထဲ စမ်းသပ်အဖြေထုတ်ထားတဲ့ စာအုပ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေအတွက် ဒီနေ့လို အားလပ်ရက်၊ ရုံးပိတ်ရက်မျိုးမှာ ဖတ်ရှုတွေးတောနိုင်အောင်လို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ တင်ပြချင်တဲ့ စာအုပ်ကောင်းတစ်အုပ် ရှိနေပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာကြီး လူထုစိန်ဝင်း ရေးသားထားတဲ့ “လူငယ်နဲ့အချစ်” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

လူတိုင်းကြုံတွေ့ရတဲ့ ‘အချစ်’ နဲ့ ပတ်သက်ပြီး ဆရာကြီးက လက်တွေ့လောကထဲက အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ချိန်ထိုး သုံးသပ်ပြထားပါတယ်။ လူငယ်တွေအနေနဲ့ အထူးအလေးထား ဖတ်ရှုရမယ့် စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်ခင်ဗျ။ 
…….
တက္ကသိုလ်မှာ တွေ့ဆုံချစ်ကြိုက်ခဲ့သူ - ၃ ဦး
အရပ်ထဲမှာ တွေ့ဆုံချစ်ကြိုက်ခဲ့သူ - ၉ ဦး
အလုပ်ထဲမှာ တွေ့ဆုံချစ်ကြိုက်ခဲ့သူ - ၆ ဦး
မိဘပေးစားလို့ယူခဲ့သူ - ၂ ဦး 

အိမ်ထောင်ကျပြီးသား မိန်းကလေးဆယ်ယောက်၊ ယောက်ျားလေးဆယ်ယောက်၊ လူအယောက် ( ၂၀ ) ဆီက ကောက်ယူထားတဲ့ စစ်တမ်းတွေဖြစ်ပါတယ်။ ဒီစစ်တမ်းတွေကိုကြည့်ပြီး ရာနှုန်းတွက်ရင် တက္ကသိုလ်ကျောင်းသားကျောင်းသူ အယောက် ( ၁၀၀ ) မှာ ( ၁၅ ) ယောက်သာ တွေ့ဆုံချစ်ကြိုက် ဖူးစာဖက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ စာရေးသူဟာ သူစစ်တမ်းကောက်ယူခဲ့သူ ( ၂၀ ) ကို ဒီမေခွန်းသုံးခုလည်း ဖြေခိုင်းပါသေးတယ်။ 

( ၁ ) အချစ်ဆိုတာကို ဘယ်လိုနားလည်သလဲ။
( ၂ ) အချစ်မှာ ဘာအရေးကြီးဆုံးလဲ။	
( ၃ ) ကိုယ့်ဘဝမှာ အချစ်ဟာ ဘယ်လောက်ထိ အရေးပါတဲ့နေရာမှာ ရှိသလဲ။ ( စာဖတ်သူများလည်း ဖြေကြည့်နိုင်ပါတယ် ) 

Marrige is romance in which the hero dies in the first chapter. ( Anonymous ) 
အိမ်ထောင်ရေးဆိုတာ ဇာတ်လိုက်က အခန်းတစ်မှာပဲ သေဆုံးသွားရတဲ့ဝတ္ထုဖြစ်တယ်။
 
Love – a grave mental disease. ( Plato ) 
အချစ်ဆိုတာ အဆိုးဆုံး စိတ်ရောဂါပဲ။ 

Man loves little and often, women much and rarely. ( Basta )
ယောက်ျားကနည်းနည်းနဲ့ ခဏခဏချစ်တတ်တယ်။ မိန်းမက များများနဲ့ ရှားရှားပါးပါးချစ်တတ်တယ်။  

ဒီစာအုပ်က အချစ်အကြောင်းကို စောင်းပါးရိပ်ခြေပြောမှာ မဟုတ်ပါဘူး။ ချစ်ကြိုက်ကွဲညားသက်သက်တွေကို ပြောမှာမဟုတ်ပါဘူးး။ အချစ်ရဲ့ အဓိပ္ပါယ်တွေ၊ အချစ်ရဲ့ စတင်ရာတွေ၊ အချစ်ရဲ့ နက်ရှိုင်းမှုတွေ၊ အချစ်ရဲ့ အသိရခက်မှုတွေ၊ အချစ်ရဲ့ အားနည်းမှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး တည့် ( ဒဲ့ ) ရှင်းမယ့် စာအုပ်အမျိုးအစားပါ။ 

တိုက်ဆိုင်မှုရှိရင် နာကျင်နိုင်မယ့်၊ တိုက်ဆိုင်မှုရှိရင် လွမ်းဆွေးသွားနိုင်မယ့်၊ တိုက်ဆိုင်မှုရှိရင် ကြည်နူးသွားမယ့် အဖွဲ့အနွဲ့မျိုးထက် အချစ်ဆိုတာကို အသေးစိတ် ခွဲခြမ်းပြီး လေ့လာကြည့်မယ့် စာအုပ်ဖြစ်ပါတယ်။ စာရေးသူ ဆရာကြီး လူထုစိန်ဝင်းကလည်း ဒီစာအုပ်ရေးရတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။ 

“သားသမီးတွေနဲ့ ဒီကိစ္စမျိုးကို ပြောဆိုဆွေးနွေးဖို့ ဝန်လေးတတ်ကြတဲ့ မိဘတွေအဖို့ သားသမီးတွေကို ဝယ်ပေးစရာ စာအုပ်ကလေးတစ်အုပ် ရှိစေချင်တဲ့ စေတနာ၊ ကျောင်းသား ကျောင်းသူ လူငယ်အများစုဟာ လေးလေးနက်နက်နဲ့ ဗဟုသသုတတွေကို အငမ်းမရရှာဖွေနေကြတာဖြစ်ကြောင်း မိဘတွေ သိစေချင်တဲ့ စေတနာ၊ ချစ်ရေးကြိုက်ရေး ကိစ္စမျိုးတွေကို အဖေအမေတွေကို ဖွင့်ဟတိုင်တည်ရမှာ မဝံ့မရဲဖြစ်နေကြတဲ့ လူငယ်တွေအတွက် ဖတ်ရှုလေ့လာစရာ စာအုပ်ကလေးတစ်အုပ် ရှိစေချင်တဲ့စေတနာ၊ မိဘတွေက သားသမီးတွေကို ပြောပြချင်တဲ့ လောကတံထွာ ဓမ္မတာ ကိစ္စတွေ၊ လူငယ်တွေက အဖေတွေ အမေတွေကို မေးမြန်းဆွေးနွေးချင်တဲ့ ချစ်ရေးကြိုရေးကိစ္စတွေကို ဆွေးနွေးတင်ပြတဲ့ စာမျိုးရှိရင် ကောင်းမှာပဲလို့ အတွေးရောက်ပြီး ဒီစာအုပ်ကလေးရေးဖြစ်သွားတာပါ” 

လူငယ်နဲ့အချစ်အကြောင်းဆိုလို့ လူကြီးတွေ မဖတ်ရဘူးမဟုတ်ပါဘူး။ လူကြီးတွေလည်း လူငယ်ဖြစ်ဖူးတာမို့ စာအုပ်ဖတ်ပြီး ကိုယ့်ငယ်ဘဝဖြတ်သန်းမှုနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်နိုင်ပါတယ်။ စာအုပ်ထဲမှာ ပါဝင်တဲ့ ရှိတ်စပီးယားရဲ့ ကဗျာတစ်ပုဒ်ကိုလည်း ဖော်ပြခဲ့ချင်ပါသေးတယ်။

“ကွေကွင်းမှု” ( Absence ) 
မင်းရဲ့ကျေးကျွန်အဖြစ်နဲ့ ငါ့မှာ ဘာများလုပ်စရာရှိလို့လဲ၊ 
နာရီတိုင်း အချိန်တိုင်း မင်းရဲ့ လိုအင်ဆန္ဒတွေကို
ဖြည့်ဆည်းပေးဖို့က လွဲရင်လေ
ငါ့မှာ အဖိုးတန်တဲ့ အချိန်ရယ်လို့ ဖြုန်းတီးပစ်ရာ 
နတ္ထိပါပဲ။ 
လုပ်စရာလည်း မရှိပါဘူး၊ မင်း လိုအပ်တဲ့အချိန်ထိပေါ့လေ။ 
အဆုံးမရှိတဲ့ ကမ္ဘာကြီးရယ်လို့ မကျေမချမ်းလည်း မဖြစ်ဝံ့ပါဘူး။ 
ငါ့မင်း င့ါချင်း ငါက မင်းအတွက် နာရီကို စောင့်ကြည့်နေရခိုက်မှာလေ။ 
ခွဲခွာခြင်းရဲ့ ရင်နာစရာတွေကိုလည်း ခါးသည်းနာကြည်းစွာ 
တွေးတောမနေခဲ့ပါဘူး။
မင်းရဲ့ လက်ပါးစေကို မင်းက နှုတ်ဆက်စကား 
ပြောသွားခဲ့စဉ်ကလေ။ 
သဝန်တိုအတွေးနဲ့ မေးလည်း မမေးရဲခဲ့ပါဘူး၊ 
မင်းဘယ်မှာလဲ ဘာကိစ္စလဲ ဆိုတာတွေကိုလေ။
ဘာမှမတွေးပါဘူး၊ 
မင်းဘယ်မှာလဲ ဘယ်လောက်စိတ်ချမ်းသာနေလဲ
ဆိုတာတွေက လွဲရင်ပေါ့လေ။
အချစ်ဆိုတာ တကယ်မိုက်မဲတဲ့ အရာတစ်ခုပဲ 
မင်းရဲ့စိတ်ထဲမှာလေ မင်းဘာပဲလုပ်နေနေ
( ဝီလျံ ရှိတ်စပီးယား )  

တကယ်တော့ အချစ်နဲ့စစ်မှာ မတရားတာရှိပါတယ်။ မမျှတဘဲ သူတပါးကို နာကျင်စေတဲ့ အချစ်ဟာ မတရားတဲ့ အချစ်ပါပဲ။ စာဖတ်သူတိုင်း တရားသောအချစ်မှာ ခရီးလမ်းသာ၍ အေးမြနူးညံ့မှု ရရှိကြပါစေသား။ 
တကယ်တော့ အချစ်နဲ့စစ်မှာ မတရားတာရှိပါတယ်။ မမျှမတဘဲ သူတပါးကို နာကျင်စေတဲ့ အချစ်ဟာ မတရားတဲ့ အချစ်ပါပဲ ။ စာဖတ်သူတိုင်း တရားသောအချစ်မှာ ခရီးလမ်းသာ၍ အေးမြနူးညံ့မှု ရရှိကြပါစေသား ။
…….
ကဲ … ဒီတော့ ခုလို စိတ်ဝင်စားဖွယ် စာအုပ်ကို ဝန်ဇင်းစာချစ်သူတွေ လက်လွှတ်မခံဘဲ ဒီပို့စ်မှာပါဝင်တဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ငွေကျပ် *၇၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ဖတ်ချင်တဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ခု စာအုပ်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…….
 “ဝန်ဇင်းစာချစ်သူတို့က စာရေးဆရာကြီး လူထုစိန်ဝင်းရဲ့ စာတွေကို နှစ်သက် သဘောကျ တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …


Related Posts