Wun Zinn's Choice of the Week (35)


မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအတွက် ဒီနေ့လို စနေနေ့ ၊ ရုံးပိတ်ရက် အားလပ်ချိန်တွေမှာ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ ဘာသာပြန် စာအုပ်ကောင်းတစ်အုပ် ရှိနေပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ ဆရာမောင်ထွန်းသူ ဘာသာပြန်ဆိုထားတဲ့ “ရဲတိုက်” ဆိုတဲ့ ဝတ္ထုပါပဲ။ 

ရဲတိုက်အမည်ဖြင့် ဆရာမောင်ထွန်းသူ ဘာသာပြန်လိုက်တဲ့ ဒီစာအုပ်ဟာ အန်းရူးမေဆင်လို့ အမည်ရတဲ့ ဆရာဝန်တစ်ဦးရဲ့ ဘဝနောက်ခံ ရသစာအုပ်ကောင်းပဲ ဖြစ်ပါတယ်။ ဒေါက်တာ အန်ဒရူးမေဆန်ဟာ ဆေးပညာကို လူထုလက်ထဲ အရောက်ပို့ချင်တယ်။ သူ့ရှေ့ ဆရာဝန်တွေနဲ့ မတူဘဲ ဆေးပညာအတွက် လမ်းသစ်ခင်းပေးချင်တယ်။ ဒါကြောင့်ပဲ ရဲတိုက်ဝတ္ထုမှာ လမ်းဟောင်းကို လျှောက်ချင်သူတွေနဲ့ လမ်းသစ်ဖောက်ချင်သူတို့ကြား ပဋိပက္ခကို မြင်တွေ့ကြရမှာပါ။ 

“အေ၊ ဂျေ၊ ခရိုနင်သည် ဆေးပညာအကြောင်းကိုသာမက လူတွေအကြောင်းကိုပါ ရေးသော စာရေးဆရာ ဆရာဝန်ဖြစ်လေသည်” ( မြသန်းတင့် ) 

A.J. Cronin ရဲ့ The Citadel ကို ဆရာမောင်ထွန်းသူက ‘ရဲတိုက်’ အမည်နဲ့ ဘာသာပြန်ခဲ့ပြီး ဘဝတက္ကသိုလ်စာအုပ်တိုက်က ၁၉၈၃ ခုနှစ်မှာ နှစ်တွဲခွဲပြီး ထုတ်ဝေခဲ့ပါတယ်။ ဘယ်လောက်ထိ အောင်မြင်မှု ရခဲ့သလဲဆိုရင် မောင်ထွန်းသူက “ထိုစဉ်က ကျွန်တော့်ကလောင်သည် စာပေနယ်တွင်း ခြေတစ်ဖက်ချဖို့ စမ်းတဝါးဝါးလုပ်နေသည်ဟု ဆိုနိုင်ရုံမျှသာရှိသည်။ အကယ်၍ ရဲတိုက်သာ မအောင်မြင်ပါက ကျွန်တော်သည် ပြင်ပလုပ်ငန်းရှင်တစ်ဦးထံ၌ လခစား လုပ်ရတော့မည်ဖြစ်သည်” ဟု ရေးခဲ့ပါတယ်။ 

ရဲတိုက် အောင်မြင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်အတွက် အမျိုးသားစာပေ ဘာသာပြန် ( ရသ ) ဆုကို ဆွတ်ခူးခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ စာဖတ်ပရိသတ်များကြားတွင်လည်း အထူးပဲ အောင်မြင်ခဲ့ပါတယ်။ ယေဘုယျဆိုရလျှင် ရဲတိုက်ရဲ့ ဇာတ်လမ်းအခင်းအကျင်းကို ကြိုက်ကြတယ်။ ဘာသာပြန်အရေးအသား ချောမွေ့လို့ ဖတ်ရတာ အဆင်ပြေတယ်။ ဇာတ်ကောင်တွေကို စွဲကြတယ်။ ဝတ္ထုရဲ့ ဦးတည်ချက်၊ ဝတ္ထုကပေးတဲ့ အချက်အလက်ကို စာဖတ်ပရိသတ်များ အလွန်သဘောကျကြတယ်။ အထူးသဖြင့် ဝတ္ထုရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ အင်ဒရူးမေဆန်နဲ့ ခရစ္စတီတို့ဟာ စာဖတ်ပရိသတ်အတွက် မမေ့နိုင်စရာ ဇာတ်ကောင်တွေ ဖြစ်လာခဲ့ပါတယ်။ 

ဆရာဝန်တစ်ယောက်ရဲ့ဘဝကို ရေးသားထားတဲ့ ရဲတိုက်ဟာ A.J. Cronin ရဲ့ လက်ရာများထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံရပြီး ခေတ်သစ်ဂန္ထဝင်စာရင်းဝင် စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဒေါက်တာ အင်ဒရူးမေဆင်ဟာ ဆေးကျောင်းမှ ဆင်းပြီးနောက် ဝေလပြည်နယ် သတ္တုတွင်းတွေဘက်မှာ သွားပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဆေးကုရင်း မိတ်ဆွေတွေနှင့်သာမက ရန်သူတွေနဲ့လည်း ဆုံတွေ့ခဲ့တယ်။ အလုပ်သမားတွေရဲ့ အခြေခံဘဝတွေကိုလည်း သူသိခဲ့တယ်။ နောက်ဆုံးမှာ ဒေါက်တာအန်ဒရူးမေဆင်ဟာ လူနာတစ်ယောက်ကို ဆေးကုသခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကုသပုံဟာ ဆေးကောင်စီရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးလို့ အစွပ်စွဲခံခဲ့ရတယ်။ ဆေးကောင်စီမှာလည်း အစစ်ခံခဲ့ရတယ်။ ဆေးကောင်စီမှာ အစစ်ခံတဲ့အခါ ဒေါက်တာအန်ဒရူးမေဆင်က “ကျွန်တော်တို့ ဆေးပညာရှင်တွေ ပြောတာမှ မှန်တယ်။ အပြင်ကလူတွေပြောတာ မမှန်ဘူးလို့ ထင်နေကြရင် သိပ္ပံပညာဟာ တိုးတက်လာမှာ မဟုတ်ပါဘူး။ သေသွားတော့မှာပဲ။ ဆေးပညာလောကဟာ ကျဉ်းမြောင်းတဲ့ အဖွဲ့အစည်းလေးတစ်ခု ဖြစ်နေတော့မှာပဲ။ ဒီတော့ ကျွန်တော်တို့ ဆေးပညာလောကကို ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်နေပါပြီ” လို့ အစချီပြီး ဆေးကောင်စီကို သူ့ရဲ့ အယူအဆတွေ ရဲရဲဝံ့ဝံ့ မကြောက်မရွံ့ နောက်မဆုတ်တမ်း ချပြခဲ့ပါတယ်။

ဒေါက်တာအန်ဒရူးမေဆင်တစ်ယောက် ဆေးကောင်စီက သူ့အပေါ်တင်ထားတဲ့ စွဲချက်ကနေ လွတ်မြောက်သွားမလား၊ ဒါမှမဟုတ် ကောင်စီက သူ့ရဲ့ အဆိုကို လက်မခံဘဲ ဆရာဝန်လက်မှတ်ကို သိမ်းသွားပြီး သူဟ  ကျရှုံးမလားဆိုတာကို ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ စိတ်ဝင်တစား ဖတ်ရှုမိမှာပါ။ ကဲ … ဒီတော့ ဒေါက်တာအန်ဒရူးမေဆင်ရဲ့ စိတ်ဝင်စားဖွယ် ဘဝကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ A.J.Cronin ရဲ့ ‘ရဲတိုက်’ ကို ဆရာမောင်ထွန်းသူရဲ့ ချောမွေ့ညက်ညောတဲ့ ဘာသာပြန်အရေးအသားနဲ့အတူ ဖတ်ရှုခံစားနိုင်ဖို့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ခုပဲ ဝန်ဇင်းမှာ ငွေကျပ် ၁,၀၀၀ တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
………….
ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုညွှန်းဆိုခဲ့တဲ့ ဘာသာပြန်စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts