Wun Zinn's Choice of the Week (9)


"ကျွန်တော်ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် သူ့အပေါ်မှာ အကုန်အစင် သုံးစွဲခဲ့တယ်နဲ့တူတယ်။ တစ်ခါတစ်ခါ ရင်ထဲမှာ ဘာမှမရှိတော့တဲ့ လူတစ်ယောက်လို၊ ခွဲပြီးသား စုဘူးတစ်​ဘူးလို၊ ခွင့်လွှတ်မှု အစအနတွေပဲ ကျန်တယ်။ ကိုယ်မင်းကို နောက်ထပ်မချစ်နိုင်တော့ဘူး။ မင်းချမ်းမြေ့ပါစေ။" ( စစ်ငြိမ်း )
စာချစ်သူများ .... မင်္ဂလာပါခင်ဗျာ 

ဝန်ဇင်းစာချစ်သူများထဲက RS တွေအပါအဝင် FA နဲ့ Single တွေအနေနဲ့ သင်္ကြန်တွင်းမှာ  ဖီးလ်လို့ကောင်းမယ့် စာအုပ်တစ်အုပ်ကို ဒီတစ်ပတ်ရုံးပိတ်ရက်အတွက် အယ်ဒီတာစိတ်ကြိုက် စာအုပ်များကဏ္ဍကနေ ရွေးချယ်ပေးလိုက်ပါတယ်။ ရုံးပိတ်ရက်မှာပဲဖြစ်ဖြစ်၊ သင်္ကြန်ကာလအတွင်းမှာ အခန်းအောင်းမယ့်သူတွေအတွက်ပဲ ဖြစ်ဖြစ် အေးအေးငြိမ့်ငြိမ့်နဲ့ ဖတ်ရှုခံစားလို့ကောင်းမယ့် စာအုပ်ကတော့ ကလောင်အမည် 'စစ်ငြိမ်း' ရေးသားတဲ့ "ချစ်သော ... Emily " စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးသူ ဆရာစစ်ငြိမ်းက သူချစ်ရတဲ့ ချစ်သူနဲ့ကွဲပြီး အိမ်တွင်းအောင်းစဉ် ရေးခဲ့တဲ့ စာစုတွေကို ပေါင်းစည်းထားတာလို့ သိရပါတယ်။ 

"ဒီစာအုပ်ထဲမှာတော့ ခရမ်းပြာရောင်သန်းနေတဲ့ နာကျင်ယစ်မူးနေတဲ့ ... အသည်းတွေကွဲနေတဲ့ ကျွန်တော့်ရဲ့ အစိတ်အပိုင်းအချို့ကိုပဲ ချပြလိုက်ပါတယ်။ ကယ်ပါယူပါ ကိုယ့်နာကျင်ကဗျာတွေဟာ လူတွေစိတ်ထဲ ခံစားဖို့ပါ၊ ပျော်ပါ ရွှင်ပါ ငိုပါ လွမ်းပါပေါ့လေ။ ငိုစရာ လွမ်းစရာတွေချည်းပဲ ထည့်ပေးလိုက်မိတယ်။ ဒီစာအုပ်ထဲမှာ ကျွန်တော့် ငိုစရာတွေလည်း အကုန်ပါပဲ။ ကျွန်တော့် လွမ်းစရာတွေလည်း အကုန်ပါပဲ" ( အမှာစာမှ ... ) 

ကဗျာနဲ့ အက်ဆေးလို့ အမည်ပေးထားတဲ့ ဒီစာအုပ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ Emily ဆိုတဲ့ ချစ်ရသူမိန်းကလေးအပေါ် ချစ်ခြင်း၊ မုန်းခြင်းနဲ့အပြိုင် ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့၊ ထေ့လုံး ငေါ့လုံးတွေပါပဲ။ ခံစားချက်တွေကို ဖော်ပြထားတဲ့ ရိုးရှင်းတဲ့ စာကြောင်းတိုတွေက စာဖတ်သူရဲ့ ရင်ထဲကို ထိရှခံစားရစေမှာပါ။ 

ကဗျာတစ်ပုဒ်ချင်းစီတိုင်းနဲ အက်ဆေးတစ်ပိုဒ်ချင်းစီတိုင်းဟာ သီးသန်​ဘောဆောင်တဲ့ အဓိပ္ပါယ်နဲ့ ပြည့်ဝနေသလို စာတစ်အုပ်လုံး ဖတ်ပြီးချိန်မှာဆိုရင်တော့ Emily နဲ့ စာရေးသူတို့ကြားက ဇာတ်လမ်းကို ဝတ္ထုတစ်ပုဒ်သဖွယ် ခံစားရမိမှာပါ။ အဲ့ဒီလို ခံစားမြင်မိဖို့အတွက်ကတော့ စာဖတ်သူအနေနဲ့ စာအုပ်ပါ ကဗျာနဲ့အက်ဆေးတွေကြားထဲက ဆက်နွယ်မှုကို ဖမ်းဆုပ်မိဖို့ လိုပါလိမ့်မယ်။ 
………….
ပျော်ပါတယ် Emily ရေ ...။ ဘယ်သူနဲ့မှ စကားပြောဖို့မလိုဘဲ
တိတ်တိတ်လေးထိုင်နေရတာ ပျော်ပါတယ်။ 
ချဉ်စပ်ခေါက်ဆွဲတစ်ပွဲကို တစ်ယောက်တည်းစားရတာ ပျော်ပါတယ်။ 
ကော်ဖီတစ်ခွက်ကို တစ်ယောက်တည်းသောက်ရတာ ပျော်ပါတယ်။ 
ညဘက်ဆို ဘယ်သူ့ကိုမှ နှုတ်ဆက်စရာမလိုဘဲ အိပ်ရတာ ပျော်ပါတယ်။ 
စီးကရက်တွေ အတားအဆီးမရှိ သောက်ရတာ ပျော်ပါတယ်။ 
"ဒုတိယလူ" သီချင်းကို နားထောင်ရတာ ပျော်ပါတယ်။ 
ကိုယ့်သေတွင်းကိုယ် မြတ်မြတ်နိုးနိုးတူးရတာ ပျော်ပါတယ်။ ( စာအုပ်အတွင်း တစ်နေရာမှ ... ) 

ကဲ ... ကဗျာချစ်သူ စာချစ်သူများအနေနဲ့ အလွမ်းအဆွေးလှိုင်းလုံးထဲ စီးမျောသွားချင်တယ်ဆိုရင်တော့ ဝန်ဇင်းမှာ ဒီစာအုပ်လေးကို ခုပဲ ဝယ်ယူ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ ...။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......


Related Posts