Wun Zinn's Choice of the Week (21)


“မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း ဖြစ်ပုံအစုံစုံကို အကောင်းဆုံးလေ့လာနိုင်မယ့် စာအုပ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေအတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ အားလပ်ရက်တွေမှာ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ပေးထားတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ကဗျာ၊ သရော်စာနဲ့ စာညွှန့်စာမွန်တွေကို ရေးလေ့ရှိသူ စာရေးဆရာ နက္ခတ်နီရဲ့ “ခေတ်ထွင်းအက္ခရာများ” ဆိုတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ စာရေးသူရဲ့ လက်ရာစာမူကောင်းတွေကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ 

စာရေးသူ နက္ခတ်နီဟာ သူ့ ဖြတ်သန်းကြုံတွေ့နေရတဲ့ မျက်မှောက်ခေတ်ကာလ လူ့အဖွဲ့အစည်းရဲ့ တိုးတက်ပြောင်းလဲပုံနဲ့ ဆုတ်ယုတ်လျော့ရဲလာမှု အခြေအနေတွေကို စကားလုံး အက္ခရာတွေနဲ့ ပုံဖော် တင်ပြထားပါတယ်။ ကျွန်တော်တို့ လူ့သမိုင်းတလျှောက်လုံးမှာ အကြီးမားဆုံး ဖန်တီးနိုင်ခဲ့မှုကတော့ ဘာသာစကားပါပဲ၊ အက္ခရာစကားလုံးနဲ့ အသံတွေကို စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ ဘာသာစကားကို စာရေးသူက အပြည့်အဝအသုံးချသွားတာကို တွေ့မြင်ရမှာပါ။ 

“အကြင်သူသည် ကျွန်တော်ချခင်းပြသော အက္ခရာများမှ တစ်ဆင့် ခေတ်ဟူသော လူ့အဖွဲ့အစည်း၏ အနာအဖျားများ၊ မျှော်လင့်ချက်များ၊ ခေါ်သံများနှင့် လက်တို့ပြောသည့် အနက်အဓိပ္ပါယ်တစ်ခုခုကို ရခဲ့မည်ဆိုပါက ၃၃ နှစ်သားအိပ်မက်တို့က အချည်းအနှီးမဟုတ်ခဲ့ဟူသော ခွန်အားနှင့်ပင် ကျွန်တော် ဆက်လက်လျှောက်လှမ်းနေဦးတော့မည် ဖြစ်သည်” လို့ စာရေးသူက ဆိုပါတယ်။ 

မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေ၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေး အကြောင်းအရပ်တို့ကို ဒီစာအုပ်ထဲမှာပါဝင်တဲ့ ဆောင်းပါးတွေက ပြောပြသွားမှာပါ။ 

မြန်မာသင်္ဘောသား ( ၁၀ ) ဦးကျော်ပါဝင်သွားတဲ့ တောင်ကိုရီးယားသင်္ဘောကို ပင်လယ်ပြင်မှာ ဆိုမာလီဓားပြတွေ ပြန်ပေးဆွဲဖမ်းဆီးတဲ့အခါ ကြုံတွေ့ရတဲ့ ထိတ်လန့်သည်းဖို ဖြစ်ရပ်မှန်ကို ‘ပင်လယ်ထောင်ချောက်နှင့် သေနတ်ပြောင်းဝမှ ၁၄၄ နာရီ’ ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ 

[ “ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေစဉ်အတွင်း ကွန်မန်းဒိုအဖွဲ့မှာ ကြိုးလှေကားများဖြင့် ချိတ်ဆက်ကာ သဘောင်္နောက်ပိုင်းမှ တဖွဲဖွဲတက်၍ ဓားပြများအား အနီးကပ်ခြေမှုန်းနေပြီဖြစ်သည်။ ညကြည့်မျက်မှန်များ၊ ခေတ်မီတိုက်ပွဲဝင်ဝတ်စုံများနှင့် စနစ်တကျလေ့ကျင့်ထားသော ROKS CHOIYOUNG DDH-981 ကွန်မန်ဒိုတပ်ဖွဲ့၏ ၅ နာရီကြာ စစ်ဆင်ရေးအား ဆိုမာလီများ တောင့်မခံနိုင်ပါ။ … 

“ကျွန်တော်တို့ကို ဖမ်းခဲ့တဲ့၊ သေတွင်းပို့ခဲ့တဲ့ သူတွေပါပဲ။ ကိုရီးယားတွေက သူတို့ကို အစာမကျွေးဘူး။ နေပူရင် ကုန်းပတ်ပေါ်လှန်းတယ်။ အေးရင် ကြမ်းပြင်ပေါ်အိပ်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေလေ၊ မနေနိုင်ဘူးဗျာ။ ရန်သူတွေဆိုပေမယ့် သူတို့ကို မုန့်ခိုးကျွေးတယ်၊ ရေခိုးတိုက်တယ်။ ကျွန်တော်တို့ မနေနိုင်ပါဘူး။” ] 
ဆောင်းပါးတစ်ခုစီတိုင်းဟာ မျက်မှောက် ခေတ်ကာလ အဖြစ်အပျက်တွေကို ကိုယ်စားပြု ပုံဖော်ထားပြီး ဆောင်းပါးတစ်ခု ဖတ်ပြီးတိုင်း စာဖတ်သူအတွက် ခေတ်ရဲ့ ပြတင်းပေါက်တစ်ချပ် ပွင့်သွားသလို ခံစားရမှာပါ။ 

နာဂစ်အပြီး ပြည်သူတွေကြုံတွေ့ရတဲ့ ဖြစ်ပုံတွေကို ရှုထောင့်အသစ်မှ တင်ပြထားတဲ့ “နာဂစ်အလွန် နှစ်ကာလများနှင့် အသစ်မဖြစ်သေးသော အိပ်မက်များ”၊ လက်ပတောင်းတောင် အရေးနဲ့ပတ်သက်ပြီး “လောင်စာပေါ်က ဘယ်သူခုန်ချသလဲ” စတဲ့ ဆောင်းပါးတွေအပြင် ကိုယ်ပိုင်မဟုတ်တဲ့ကမ္ဘာတွေထမ်းပြီး နာနေတဲ့ပခုံးတွေ၊ အယုဒ္ဓယမှသင်ယူခြင်း၊ ဘေးထိုင်သင်္ကြန်နှင့် ပွဲပြီးမီးမသေ အတွေးများ၊ အဓမ္မတရား အားကောင်းလာသည့်အခါ ဓမ္မသည် တရားအဖြစ်မှ ဓားလည်းဖြစ်နိုင်၏ .. အပါအဝင် ခေတ်ကာလကို သရုပ်ဖော် သုံးသပ်ထားတဲ့ ဆောင်းပါးပေါင်း ( ၂၀ ) ဝန်းကျင်ကို ဖတ်ရှုကြရမှာပါ။ 

ခေတ်ကာလ သရုပ်သကန်ကို လေ့လာနိုင်အောင်လို့ … 

ဒီစာအုပ်လေးကို လက်လွှတ်မခံဘဲ၊ ဒီစာအုပ်ပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ဆိုတာကိုနှိပ်ပြီး ခုပဲ ဝန်ဇင်းမှာ ငွေ *၅၀၀-ကျပ်* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖတ်ရှုရတာ နှစ်သက်တယ်၊ အင်္ဂလိပ်စာကိုလည်း စိတ်ဝင်တစား လေ့လာနေသူတွေ ဖြစ်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”

“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts