Wun Zinn's Choice of the Week (54)


“လူငယ်များ အမှောင်ထဲမှာ မနေချင်ကြပါနှင့်။ အကြောက်တရားတွေနှင့် မနေချင်ကြပါနှင့်။ စာဖတ်ကြရပါမည်။ စာဖတ်မှ အလင်းထဲ ရောက်နိုင်သည်။ ကမ္ဘာကြီးကို မြင်နိုင်သည်။ သတ္တိရှိလာနိုင်သည်။”
…..
စာအုပ်အမည် - လူငယ်များသို့ …
စာရေးဆရာ - ဦးတင်ဦး ( ကျူရှင် ) 

စာမြည်း -

လူငယ်များသည် ကိုယ့်စိတ်ကို အရောင်လက်လာအောင် စိတ်ကောင်းတွေ မွေးရပါမည်။ မိမိစိတ်မှာ စိတ်ကောင်းစိတ်သန့်တွေ အားကြီးလာလေလေ စိတ်ဓာတ်ခွန်အား တက်လာလေလေ ဖြစ်ပါ၏။ စိတ်ဓာတ်ခွန်အားတွေ ကောင်းလာရသည်နှင့်အမျှ မိမိတို့စိတ်မှာလည်း ကြံ့ခိုင်လာပေလိမ့်မည်။ စိတ်ဓာတ်ကြံ့ခိုင်လာလျှင် ဘဝကိုလည်း နေရဲလာပေလိမ့်မည်။ ( လူငယ်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု … မှ ) 

အသိပညာကို အတွေ့အကြံ့နှင့်ရော မရနိုင်ဘူးလားဟု မေးဖွယ်ရှိပါ၏။ သို့ရာတွင် တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ် မိန့်ဆိုသကဲ့သို့ အတွေ့အကြုံမှ ရသော ပညာသည် ခါးသီးလှပါသည်။ ကမ္ဘာကို လှည့်ပတ်တောင်းနေရသော အခါတွင်မှ တို့နိုင်ငံ ဆင်းရဲသွားပေပြီတကား ဟူသော အသိမျိုးကား အလွန်ခါးသီးဖွယ် ကောင်းလှပါသည်။ ( လူငယ်နှင့်စာဖတ်ခြင်း … မှ ) 

မကောင်းတာကို လျစ်လျူရှုတတ်သူသည် မညည်းညူတတ်ဘဲ အလုပ်လုပ်ရင်း ပျော်အောင် နေသွားတတ်ပါသည်။ အဆိုးတွေထဲမှ အကောင်းကို ရှာယူသွားတတ်ပါသည်။ ( လူငယ်နှင့် အတွေးအမြင် … မှ ) 

အောင်စိတ်ဆိုသည်မှာ ကိုယ်နှင့် စီးပွားပြိုင်ကို မနာလို ဝန်တိုစိတ်နှင့် ယှဉ်ပြိုင်ခြင်းကို ဆိုလိုခြင်း မဟုတ်ပါ။ သူတစ်ပါးကို မနာလိုသော စိတ်မျိုးမှာ စိတ်စွမ်းအား အများကြီးရှိသော မိမိ၏ စွမ်းအင်ကို အခြားပြင်ပတစ်နေရာတွင် ဖြုန်းတီးပစ်ခြင်းမျိုး ဖြစ်ပါသည်။ ( လူငယ်နှင့် အောင်စိတ် … မှ ) 

စာရေးသူ၏ အမှာစာ ကောက်နုတ်ချက် - [ ယခုစာအုပ်ကား မူလရေးစဉ်ကတည်းကပင် လူငယ်ပရိသတ်ကို အဓိကထား ရည်စူး ရေးသားခဲ့သော ဆောင်းပါးများကို ပြန်လည်စုစည်း ထုတ်ဝေလိုက်သော ဆောင်းပါးများ ဖြစ်ပေသည်။ ထို့ကြောင့် ယခင်စာအုပ်များနှင့်မတူ တစ်မူထူးခြားသည်။ စာဖတ်သူများသည် ဤစာအုပ်၏ မာတိကာကို ကြည့်လိုက်လျှင်ပင် လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် မေတ္တာတရား၊ လူငယ်နှင့် အသိဉာဏ်ဖွံ့ဖြိုးရေး၊ လူငယ်နှင့် ဘာသာရေး စသည်ဖြင့် ဆောင်းပါးခေါင်းစဉ်များကို တွေ့ရပေလိမ့်မည်။ 
ကျွန်တော်သည် မူလရေးကတည်းက အခြားအခြားသော ဆောင်းပါးများမှာကဲ့သို့ ကြုံသလို ခေါင်းစဉ်မတပ်ဘဲနှင့် အဘယ်ကြောင့် “လူငယ်များနှင့် …” ဟူ၍ ခေါင်းစဉ် တပ်ခဲ့သနည်းဟု မေးစရာရှိသည်။ 

အတိုဆုံးဖြေရလျှင် ကျွန်တော့်စိတ်တွင် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖြစ်ပေါ်မှု သမိုင်းစဉ်တွင် လူငယ်များသည် အလွန်အရေးပါသော အင်အားစု ဖြစ်သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ]

ဖတ်ညွှန်းတို - လူငယ်တိုင်းအတွက် ရည်ရွယ်ရေးသားထားသော ဆောင်းပါးများပဲ ဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဆို ဆိုသလောက် စာဖတ်သူလူငယ်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သံသယဖြစ်စရာပင် မလိုပါ။ ဘာကြောင့်ဆိုတော့ ဆရာ ဦးတင်ဦး ( ကျူရှင် ) ဆိုလျှင် လူငယ်များအတွက် စိတ်ဓာတ်၊ အသိပညာဖွံ့ဖြိုးရေး၊ တိုးတက်ရေးတို့အတွက် စေတနာပါပါနှင့် မိမိ အတွေ့အကြုံတွေကို မျှဝေ၊ အတွေးအမြင်တွေကို ချပြ၊ ဝေဖန်စရာရှိတာကို ပညာနဲ့ယှဉ်ပြီး ဝေဖန်ပြောဆို ထောက်ပြတတ်တဲ့ ဆရာတစ်ဦးအဖြစ် စာဖတ်ပရိသတ် သိထားပြီးလို့ပဲ ဖြစ်ပါတယ်။ 

ဝန်ဇင်းပရိသတ်ကြီးလည်း ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး မြန်မာငွေကျပ် *၆၀၀* တည်းဖြင့် ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………	
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာချစ်သူများကို အမြဲတမ်းချစ်ခင်နေမယ့် ဝန်ဇင်း


Related Posts