Wun Zinn's Choice of the Week (24)


“ဝန်ဇင်းစာချစ်သူတွေအတွက် ရှားလော့ဟုမ်းလာပြီ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူများအတွက် ရုံးပိတ်ရက်မှာ အနားယူရင်း ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ပင်ကိုရေးနဲ့ ဘာသာပြန်စာရေးဆရာကြီး ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “ရှားလော့ဟုမ်း၏မှတ်တမ်းများ” ဆိုတဲ့ စာအုပ်ပါပဲ။ 

စာဖတ်သူအချို့အနေဖြင့် ဆာအာသာကိုနင်ဒွိုင်းနဲ့ သူ့ရဲ့ဇာတ်ကောင် စုံထောက်ကြီး ရှားလော့ဟုမ်းကို မသိရင်သာ ရှိပါမယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား၊ ဒဂုန်ရွှေမျှား၏ စုံထောက်ဦးထင်ကျော်၊ မင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် စသည့် မြန်မာစုံထောက်ဝတ္ထု တော်တော်များများရဲ့ ဇာတ်ကောင်တို့က ကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်းမှ မွေးဖွားဆင်းသက်လာတဲ့ ကိုယ်ပွားတွေဆိုရင် မမှားပါဘူး။ 

ရှားလော့ဟုမ်းသည် ကမ္ဘာ့စာပေတွင် အထင်ရှားဆုံး၊ အကျော်ကြားဆုံးနှင့် လူသိအများဆုံးဇာတ်ကောင်၊ ရှားလော့ဟုမ်းသည် ကမ္ဘာ့စုံထောက်စာပေတွင် အစဉ်အမြဲ ထိပ်ဆုံးက ရပ်တည်နေသည့် စာအုပ်။ 

စာရေးသူဟာ ဆရာဝန်ဘဝမှ စာရေးဆရာ ဖြစ်လာသူပါ။ ၁၈၈၇ တွင် ခရမ်းရောင်အမှု ( The Study In Scarlet ) ၊ ၁၈၉၀ တွင် လေးပွင့်ဆိုင်အမှု ( The Sign of Four ) စသည့် ဝတ္ထုတို ဝတ္ထုရှည်တို့ဖြင့် စတင်ခဲ့တယ်။ ၁၈၉၁ စထရင်းမဂ္ဂဇင်းတွင် ၄င်း၏ဝတ္ထုများ ဖော်ပြလာပြီးနောက်ပိုင်း အောင်မြင်လာခဲ့တယ်။ စာဖတ်ပရိသတ်တို့က သူ့စာကို တောင်းဆိုလာကြတယ်။ အဲ့ဒီနောက်ပိုင်း ၁၈၉၄ မှာ ( The Memories of Sherlock Holmes ) ( ရှားလော့ဟုမ်း၏မှတ်တမ်းများ ) ယခုစာအုပ်ဟာ ရှားလော့ဟုမ်းအဖြစ် ကမ္ဘာကျော်လာစေတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ 

ရှားလော့ဟုမ်း၏ မှတ်တမ်းများစာအုပ်မှာ ဝတ္ထုပေါင်း ၁၁ ပုဒ် ပါရှိပါတယ်။ စာမြည်းအဖြစ် ဖော်ပြရရင် 

၁။ ပြိုင်မြင်းငွေကြာ ပျောက်ဆုံးမှု - ဝက်ဆက်ဖလားပွဲတွင် ဖေးဖရိတ်ဖြစ်နေသည့် ပြိုင်မြင်းကြီး ထူးဆန်းစွာပျောက်ဆုံးသွားခြင်းနဲ့ ပျောက်ဆုံးနေတဲ့ ပြိုင်မြင်းကြီးငွေကြာက ပရိသတ်ရှေ့မှောက် ထွက်ပေါ်လာခြင်းမရှိဘဲ၊ ပြိုင်ပွဲတွင် အောင်ပွဲခံ ဆုဖလားကြီး ရနိုင်ခဲ့ပုံ၊ ထရိန်နာသတ်သူကို ရှားလော့ဟုမ်းက ဖော်ထုတ်ပေးနိုင်သော်လည်း ထူးဆန်းလွန်းသည့် ဖြစ်ရပ်ကြောင့် လူသတ်တရားခံအား ဖမ်းဆီးမရဖြစ်ခဲ့ရပုံ။
 
၂။ နနွမ်းရောင်မျက်နှာကြီး - တစ်အိမ်နဲ့တစ်အိမ် ကင်းကင်းကွာကွာနဲ့ ဝေးခံခေါင်လွန်းသည့် နော်ဗာရီအရပ်ရှိ မစ္စတာဂရန့်နှင့် ဇနီးသည်အယ်ဖီ၏ အိမ်အနီးသို့ ကြောက်မက်ဖွယ်ရာ ထူးဆန်းသည့် နနွမ်းရောင် မျက်နှာဝါဝါကြီးနှင့် အိမ်နီးချင်းတို့ ပြောင်းရွှေ့လာကြပြီး နောက်ပိုင်းတွင် ဇနီးသည် အယ်ဖီ၏ ခြေလှမ်းတို့ ပျက်လာသည်။ ငွေကြေးကုန်ကျမှု များလာသည်။ အကြောင်းပြချက်မရှိ ငွေတောင်းခံလာသည်။ လင်ယောက်ျားအလစ် ညရေးညတာ ပျောက်ဆုံးသွားမှုပါ ဖြစ်ပေါ်လာသည့်နောက်ပိုင်း …

၅။ သိုက်သမား - အင်္ဂလန်နိုင်ငံ ဝက်ဆက်နယ်မှာ သက်တမ်းအရှည်ဆုံး၊ ၁၆ ရာစုနှစ်ကတည်းက တည်ရှိခဲ့တဲ့ ဟားလ်စတုန်း စံအိမ်ကြီးကြီးမှာ ဖြစ်ခဲ့တဲ့အမှုပါ။ အမှုမှ ဟားလ်စတုန်းစံအိမ်ကြီးရဲ့ အရှင်၊ အထက်လွှတ်တော်အမတ် မစ္စတာဂရေ့က ညကြီးအချိန်မတော် သူ့စာကြည့်ခန်းထဲမှာ ဘဏ္ဍာစိုး ဗရွန်တန်က သူတို့ရဲ့ ဆွေစဉ်မျိုးဆက်စာရင်း ကျမ်းကြီးဖြစ်တဲ့ မတ်စ်ဂရေ့ကျမ်းကြီးကို တိတ်တဆိတ် ခိုးဖတ်နေတာ တွေ့လိုက်ရတယ်။ မတ်စ်ဂရေ့ကျမ်းဆိုတာ သူတို့ မတ်စ်ဂရေ့မျိုးတွေရဲ့ မျိုးရိုးစဉ်ဆက်အမည်တွေ၊ ဆွေမျိုးစုဇယားတွေ၊ အမှတ်တံဆိပ်တွေ ရေးထားတာ။ မတ်စ်ဂရေ့တွေ အရွယ်ရောက်ရင် ဒီကျမ်းကြီးကို ထုတ်ပြီး တစ်ယောက်ကမေး တစ်ယောက်ကဖြေလုပ်ရတဲ့ ရှေးကျမ်းကြီးပါ။ 

အမတ်ကြီးလည်း ဒေါသထွက်ပြီး ဘဏ္ဍာစိုးကို အိမ်ကနေ မောင်းထုတ်တော့တာပဲ။ ဘဏ္ဍာစိုးကြီးက သူ့သိက္ခာကို ထိန်းသိမ်းပေးတဲ့အနေနဲ့ ဒီအိမ်မှ တစ်ပတ်လောက်နေပြီးရင် သူ့ဘာသာသူ ထွက်သွားပါရစေလို့ တောင်းဆိုမှုကို လိုက်လျောလိုက်တယ်။ ဒါပေမဲ့ သုံးရက်မြောက်မှာပဲ ဘဏ္ဍာစိုးကြီး သူပိုင်ပစ္စည်းတွေ ဘာမှမယူသွားဘဲ ပျောက်ဆုံးသွားတယ်။ သူ့ချစ်သူ အိမ်ဖော်မလေးကို မေးကြည့်တော့ ငိုလိုက်ရယ်လိုက်နဲ့ ရူးသလိုဖြစ်နေပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အိမ်ဖော်မလေးရဲ့ ခြေရာတွေက ရေကန်နားမှာ အဆုံးသတ်သွားပြီး သူမပါ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်။ ကန်ထဲမှာလည်း အလောင်းကို ရှာမတွေ့ဘူး။ ဒီလို ထူးဆန်းမှုတွေ ဆက်တိုက်ဖြစ်နေတော့ အမတ်ကြီးလည်း သူ့ကျောင်းနေဖက် စုံထောက်ကြီး ရှားလော့ဟုမ်းကို စုံစမ်းပေးဖို့ အမှုအပ်တော့တာပေါ့။

အခန်းပေါင်းများစွာ ဝင်္ကဘာလမ်းတွေ မြေတိုက်ခန်းတွေနဲ့ ရှု့ပ်ထွေးလှတဲ့ နှစ်ပေါင်း ၄၀၀ ဝန်းကျင် သက်တမ်းရှိတဲ့ ခြောက်ခြားစရာ မတ်စ်ဂရေ့ရဲတိုက်ကြီး၊ သူ့နဲ့ အဓိကဆက်နွယ်တဲ့ ရှေးဟောင်းကျမ်းကြီး၊ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ဘဏ္ဍာစိုးကြီးနဲ့ အိမ်ဖော်မလေး။ ဒါတွေကို ရှားလော့ဟုမ်းက ဖော်ထုတ်လိုက်တော့ ချားဘုရင်လက်ထက်က ဗိုလ်မှူးကြီး ဆာရာမ်မတ်စ်ဂရေ့ရဲ့ ပျောက်ဆုံးနေတဲ့ မတ်စ်ဂရေ့ရတနာသိုက်ကြီးနဲ့ ဆက်နွယ်လာတဲ့အခါ …

ဝတ္ထုအပုဒ်တိုင်းမှာ ထူးဆန်းတဲ့ အမှုတွေရဲ့ နူးညံ့သိမ်မွေတဲ့ အပြောင်းအလဲလေးတွေ၊ အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို ဆက်စပ်ပြီး ယုတ္တိကျတဲ့ စဉ်းစားတွေးတောမှုတွေက တစ်ဆင့် ခိုင်မာတဲ့ ကောက်ချချက်မှုနဲ့အတူ ရှားလော့ဟုမ်းရဲ့ စူးစမ်းစုံထောက်ပုံ …
စတဲ့ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုတွေကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီလို အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဝန်ဇင်းစာချစ်သူတို့က စုံထောက်ကြီး ရှားလော့ဟုမ်းကို သဘောကျတယ်၊ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စာဖတ်ပရိသတ်တွေလည်း ဖြစ်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …

Related Posts