Wun Zinn's Choice of the Week (45)


[ စာဖတ်သူကို ကျောင်းသားဘဝ တစ်ခေါက်ပြန်ရောက်သွားစေမယ့် ဆရာမင်းလူရဲ့ ချစ်စရာ လက်ရာကောင်း ဝတ္ထုတစ်ပုဒ် ] 

………….

ဒီတစ်ပတ်ရဲ့ စနေ၊ တနင်္ဂနွေ အလုပ်နားရက်၊ ရုံးပိတ်ရက်တွေမှာ ဝန်ဇင်းစာချစ်သူများ ဖတ်ရှုဖို့ စာအုပ်ကောင်းတစ်အုပ် ရွေးချယ်ထားတယ်ခင်ဗျ။ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက် စာအုပ်များကဏ္ဍကနေ တင်ဆက်လိုက်တာဖြစ်ပြီး စာအုပ်ကတော့ ……….

စာရေးဆရာ >>> မင်းလူ

စာအုပ်အမည် >>> ချစ်သောပန်းကလေး

ဖတ်ညွှန်း - ဆရာမင်းလူရဲ့ ဒုတိယမြောက်လုံးချင်းဖြစ်တဲ့ ဒီဇာတ်လမ်လေးက ၁၉၇၈ ခုနှစ်က  ရန်ကုန်တက္ကသိုလ် ဘူမိဗေဒကျောင်းသားတွေရဲ့ လှုပ်ရှားမှု ပုံရိုက်တွေကို ထင်ဟပ်ပြသထားပါတယ်။ သူတို့ခေတ်က ဘယ်လို ပြောဆိုကြတယ်၊ ကျောင်းသားအချင်းချင်း ဗရုတ်ကျပုံတွေ၊ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြပုံတွေကို ကြည်နူးစွာနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ဇာတ်လမ်းကတော့ ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒကျောင်းသားတွေ ရှမ်းပြည်နယ်အစပ်က ကျွဲတတ်ဆုံရွာနဲ့ ပျဉ်ညောင်ရွာမှာ ကွင်းဆင်းခရီးထွက်ကြရင်း ကြုံတွေ့ခဲ့တာတွေ၊ တက္ကသိုလ်ကျောင်းသားတွေရဲ့ အပေါင်းအသင်း အတန်းဖော်အတန်းဖက် စိတ်ဓါတ်၊ အခက်အခဲတွေကို လက်မလျှော့တမ်း ရင်ဆိုင်ကြတဲ့အကြောင်းကို အဓိက ရေးသားထားတဲ့ ဝတ္ထုပါ။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ချစ်ခြင်းမေတ္တာ ဇာတ်လမ်းလေးလည်း ပါတာပေါ့။ 

အဲ့ဒီ ဘူမိဗေဒ ကျောင်းသားတွေထဲမှာ ‘ပစ်တိုင်းထောင်အဖွဲ့’ ဆိုတဲ့ ငလှောင်တွေ အုပ်စုပါတယ်။ ဘယ်လိုပဲ စိတ်ညစ်စရာကြုံကြုံ ပျော်ပျော်နေတတ်တယ်။ သူများတွေကိုလည်း စတတ်နောက်တတ်လို့ အဲ့ဒီနာမည် တွင်သွားတာပါ။ အဲ့ဒီအဖွဲ့ထဲက ရည်းစားမရှိသေးတဲ့ တစ်ဦးတည်းသောကျောင်းသား ကိုအောင်ရဲ့ အားမရချင်စရာ အချစ်ဇာတ်လမ်းလေးကလည်း လွမ်းမောစရာကောင်းနေပါတယ်။ 

ရန်ကုန်တက္ကသိုလ်မှာ စာသင်ချိန်သင်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်ချိန်ထိုင်လိုက်၊ ချစ်သူနဲ့ အင်းလျားကန်ဘောင်ပေါ် လျှောက်လိုက်နဲ့ ပျော်ရွှင်ပေါ့ပါးစွာ နေခဲ့ကြတဲ့ ဘူမိဗေဒ ကျောင်းသားတွေဟာ သူတို့ရဲ့ ကွင်းဆင်းခရီးမှာ တောင်တွေကိုတက်ရ၊ မြေကြီးမှာ ငုတ်ရိုက်ပြီး တိုင်းရထွာရ၊ အစားအသောက်ကလည်း ဆင်းရဲနဲ့ ကျောင်းသားတွေ ပင်ပန်းလှပါတယ်။ 

ဒါပေမဲ့ ထုံးစံအတိုင်း ပင်ပန်းနေတဲ့ကြားက တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ကြ၊ အားပေးကြနဲ့ သူတို့ရဲ့ ကွင်းဆင်းခရီးဟာ သက်ဝင်လှုပ်ရှားနေတယ်။ ပစ်တိုင်းထောင် ငလှောင်အဖွဲ့က လူရိုးလူအေး ကိုအောင်ဟာ ပျဉ်ညောင်ရွာရဲ့ အကြော်ဆိုင်က မစိန်တင်ကို တွေ့ပြီး မြင်မြင်ချင်း မျက်စိကျသွားတယ်။
 
အချစ်နဲ့ မကြုံဖူးသေးတဲ့ ကိုအောင်နဲ့ မစိန်တင်တို့နှစ်ယောက်၊ ကွင်းဆင်းခရီး ပြီးဆုံးခါနီးမှ ဆုံတွေ့ကြရတဲ့အတွက် ဆုံဆည်းခွင့် ရှိပါ့မလား ……

ဒီစာအုပ်လေးဟာ ရှမ်းပြည်နယ်အစပ်ကို ကွင်းဆင်းခရီးထွက်ကြတဲ့ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားတွေရဲ့ အတွေ့အကြုံ၊ ရိုင်းပင်းကူညီကြတဲ့ သူငယ်ချင်းစိတ်ဓါတ်၊ ကျောင်းသားသဘာဝ ဟာသတွေ၊ ဖြူစင်လှပတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ စာဖတ်သူကို ကျောင်းသားဘဝ တစ်ခေါက်ပြန်ရောက်သွားစေမယ့် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဝန်ဇင်းစာချစ်သူတို့လည်း ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………
	
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts