Wun Zinn's Choice of the Week (49)


“ဒီစာအုပ်ဟာ ဘဝကို အရှုံးပေးချင်စိတ် ပေါ်လာတိုင်း ကိုယ့်အတွက် စိတ်ခွန်အား ဖြစ်စေမှာပါ။ အခက်အခဲတွေ ကျော်လွှားပြီး ပိုမိုအောင်မြင်တဲ့ ဘဝကို ရရှိစေပါလိမ့်မယ်”
……….
ကျွန်မတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေမှာ မတူကွဲပြားတဲ့ ဘဝအခက်အခဲမျိုးစုံ ရှိကြပါတယ်။ မျက်နှာပေါ်က အပြုံးများနဲ့ အပေါ်ယံစည်းစိမ်တွေကသာ ဖုံးချင်ဖုံးထားသော်လည်း ပြဿနာပေါင်းစုံ ရင်ဆိုင်နေကြရသူချင်းတော့ အတူတူပါပဲ။ ငွေကြေးဆင်းရဲတဲ့သူလည်း ငွေကြေးကြောင့် စိတ်သောက ရောက်နေကြရသလို ငွေကြေးချမ်းသာနေသူများကလည်း မေတ္တာတရား ငတ်မွတ်တောင်းတ နေရတတ်ပါတယ်။ 

ဆင်းရဲတဲ့သူပဲ ဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲ ဖြစ်ဖြစ် မိမိတို့ “စိတ်” ကို နှစ်သိမ့်ပေးတတ်ရင် “သောက်လေသောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေ” လိုပဲ အလိုဆန္ဒတွေက အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ကျွန်မ မမျှော်လင့်ဘဲ ဖတ်လိုက်ရတယ်။ အဲ့ဒီစာအုပ်ကတော့ ဘဝမှာ အကောင်းဆုံးနေနည်း စည်းမျဉ်း ( ၁၇ ) ချက်ကို ပြောပြထားတဲ့ ‘A Better Way to Live’ ဆိုတဲ့ စာအုပ်ကို ဆရာကြီးဟိန်းလတ် ဘာသာပြန်ဆိုထားတဲ့ ‘ပိုမိုကောင်းမွန်သော ဘဝနေနည်း’ စာအုပ်လေးပဲ ဖြစ်ပါတယ်။ စာချစ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ရှုကြဖို့ Book Review အဖြစ် ညွှန်းဆိုလိုက်ပါရစေ။

ဒီစာအုပ်လေး ဖတ်ရင်းနဲ့မှ လူမှန်ရင် ကိုယ့်အခြေအနေကို ဘယ်သူမှ ကျေနပ်တင်းတိမ်မှု မရှိကြောင်း ပိုပြီး သိနားလည်ရတယ်။ စာအုပ်ထဲက စည်းမျဉ်း ( ၁၇ ) ချက်ကို အဓိကပြောရရင်တော့ အကောင်းမြင်ဝါဒကို လက်ကိုင်ထားဖို့ တိုက်တွန်းပေးထားတာပါ။ နောက်ဆုံး ကျွန်မတို့ ဒီနေ့မှာပဲ အသက်ရှင်ခွင့် ရနေတာကိုက ကံအကောင်းဆုံးထဲက ဆုလာဘ်တစ်ခု ဖြစ်နေပါပြီတဲ့။ ဒီအချက်ကို ကျွန်မအပါအဝင် ဘယ်သူမှ တန်ဖိုးထား သတိရမိမှာ မဟုတ်ပါဘူး။
 
မူရင်းစာရေးသူ OG Mandino ကိုယ်တိုင် သူ့ဘဝမှာ ပို့လိုက်တဲ့ စာမူတိုင်းကို စာအုပ်တိုက်ပေါင်းများစွာက ပယ်ချ၊ ရည်မှန်းချက်တွေ ပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုတောင် အဆုံးစီရင်ပစ်လိုက်ဖို့အထိ စိတ်ဓါတ်တွေ အောက်ဆုံး ရောက်ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကို ဝန်ခံရေးသားထားပါတယ်။ အားလျှော့ခါနီး အချိန်လေးမှာ ဇနီးဖြစ်သူက အားပေးခဲ့လို့ နောက်ဆုံးစာအုပ်တိုက်ကို ပို့ခဲ့ရာမှ၊ သူ့ရဲ့ စာမူကို အသိအမှတ်ပြုပြီး နှစ်ပေါင်း ၂၀ ကြာ စာအုပ်တိုက်နဲ့ လက်တွဲလုပ်ပေးဖို့ ကမ်းလှမ်းခြင်းကို တအံ့တသြ လက်ခံခဲ့ရပါတယ်။ ကျွန်မတို့အတွက် ဘဝမှာ အခက်အခဲတွေ ပြဿနာတွေ ရှိနေတာ မှန်ပေမဲ့ ‘အမှောင်ဆုံးအချိန်သည် အရုဏ်တက်ဖို့ အနီးကပ်ဆုံးအချိန်ပဲ’ တဲ့။ ဒီစကားလေးကတော့ ဘဝမှာ အခက်အခဲ ကြုံလာရတိုင်း အလိုလို ဖြေရှင်းပေးတဲ့ မှော်အောင်တဲ့ စကားလေးပေါ့။ ဒီတော့ အမှောင်ဆုံးအချိန်တွေကို ဖြတ်ပြီး အရုဏ်တက်ချိန်အထိ ဘယ်လို ကြံ့ကြံ့ခံ နေထိုင်သွားမလဲ ? 

မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ဘဝကို အရှုံးပေးချင်စိတ် ပေါ်လာတိုင်း၊ အခက်အခဲများစွာ ကြုံတွေ့လာတိုင်းမှာ ကိုယ့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်မျိုးတွေကို ရှာဖွေ ဖတ်ရှုတတ်မယ်ဆိုရင် အကောင်းဆုံးပေါ့ရှင်။ အမှောင်ဆုံးအချိန်တွေကို ဖြတ်သန်းနိုင်ဖို့ ဒီနေ့ မိတ်ဆက်လိုက်တဲ့ “ပိုမိုကောင်းမွန်သော ဘဝနေနည်း” စာအုပ်ကိုသာ ဖတ်ဖြစ်ခဲ့မယ်ဆိုရင် အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကပဲ ပိုမိုအောင်မြင်တဲ့ အခြေအနေတစ်ခုကို တွန်းပို့ပေးမယ့် ခွန်အားတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်မတော့ အာမခံလိုက်ရပါတယ်။ 

စာအုပ်အမည် - ပိုမိုကောင်းမွန်သော ဘဝနေနည်း
ဘာသာပြန်စာရေးဆရာ - ဆရာဟိန်းလတ်
မူရင်းစာအုပ် - A Better Way to Live by OG Mandino

[ ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၆၀၀* ကျပ် ]

တကယ်လို့ စာချစ်သူတို့လည်း ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါနော်။
 
အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။




Related Posts