Wun Zinn's Choice of the Week (12)


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

အတာသင်္ကြန်ကာလ ရုံးပိတ်ရက်မှာ ဝန်ဇင်းစာချစ်သူများ ဖတ်ရှုဖို့အတွက် ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ရှိပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာကြီး သုမောင်ရဲ့ “ကွမ်းစကားပေါင်းချုပ်” ဆိုတဲ့ စာအုပ်ပါပဲ။

ကွမ်းစကားဆိုတော့ ကွမ်းယာစားသလို အရည်မရ၊ အဖတ်မရ၊ အနှစ်ဗလာ ဟု ထင်ကြမှာစိုးသည်။ 
သို့သော် မစိုးရိမ်ပါနှင့်။ ဆရာသုမောင်ကိုယ်တိုင်က " ကျွန်တော်သည်စာစုတွေကို ကျွန်တော်က ကွမ်းစားသလို ဝါးသလို ရေးတာပါ" ဟု ပြောထားသည် မဟုတ်ပါလား။ ကွမ်းစားခြင်းက အရည်မရ အဖတ်မရပေမယ့် အရသာတော့ ရပါသေးသည်။ ယခုဆရာသုမောင်၏ စာစုများသည်လည်း အရသာထူးများပါဝင်နေသည်မှာ သေချာပါသည်။ စာဖတ်သူတို့ကြား ထင်ရှားပြီးသားဖြစ်သည့် ဆရာသုမောင်၏ ကွမ်းစကားတွေကို စုပေါင်းထားသည့် စာအုပ်ပါ။

ရေးစရာအကြောင်းအရာတွေ မြင်တတ်၊ တွေ့တတ်၊ တွေးတတ်၊ ရေးသားတတ်သော ဆရာသုမောင်သည် မိမိအနီးနားမှာရှိသော လူ၊ အကြောင်းအရာ၊ အရာဝတ္ထုတို့ကိုပင် စာတစ်ပုဒ်အဖြစ်ဖတ်၍ ကောင်းအောင် ရေးသားပြနိုင်သည်။ သည်စာအုပ်ထဲမှာတော့

" လေးနှစ်သမီး ထိဘီရင်လျားဝတ်တတ်နေသောအခါ ထိတ်လန့်သွားမိသော ဖခင်တစ်ယောက်၏ အဖြစ် " ၊ " လင်ယောက်ျားအသက်အရှုရပ်လို့ သေပြီးမှတ်ပြီး ရင်ဘတ်ကို ထုငိုရင်း လင်ယောကျာ်းအသက်ပြန်ရှုနိုင်လာသည့် အဖြစ် " ၊ " ရပ်ကွက်ထဲမှာ ဥက္ကဌတွေလုပ်ရတာများသဖြင့် ဦးဇင်းဝတ်သောအခါ ဘွဲ့နာမည်ကပါ ရှင်ဥက္ကဌ ဖြစ်သော အဖြစ် " စသဖြင့် အဖြစ်အပျက်ပေါင်းများစွာကို ရေးသားထားသည်။ ပြီးတော့ ထူးဆန်းသော တစ်မျိုးဖြစ်သော အရာတွေကိုလည်း ဆရာသုမောင်တို့အိမ်မှာ တွေ့ရပြန်သည်။

" ကျွန်တော်တို့ အိမ်သာသည် ကမ္ဘာပေါ်တွင် မရှိသော အိမ်သာဖြစ်ပါသည် ။
ထိုအိမ်သာထဲတွင် ရေနွေးကြမ်းအိုးတင်သော စင်တစ်ခုကို ရိုက်ထားသောကြောင့် ဖြစ်ပါသည် "

ဆန်းပြားလေခြင်း။ ဆရာသုမောင်၏ ကွမ်းစကားအပေါ် တခြားစာရေးဆရာကြီးများ၏ အမြင်ကိုလည်း ထည့်သွင်းပေးထားပါသေးသည်။ ဆရာသုမောင်၏ ကွမ်းစကားကို တစ်ယာလောက်ဖြစ်ဖြစ် စားသုံးကြည့်စေချင်သည်။ စာဖတ်သူများအားလုံး သဘာဝကျသော ကံကောင်းခြင်းများကိုပိုင်ဆိုင်နိုင်ကြပါစေသား ....။

ကဲ … ဒီတော့ ဝန်ဇင်းစာချစ်သူများအနေနဲ့ ဆရာကြီး သုမောင်ရဲ့ ကွမ်းစကားတွေကို ဖတ်ရှုဖို့ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှု လိုက်ကြရအောင်လားခင်ဗျာ ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးနော် ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းစာချစ်သူများ နှစ်ကူးအတာသင်္ကြန်ကာလမှာ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဝန်ဇင်းဝိုင်းတော်သားများက ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ ... ။ 



Related Posts