Wun Zinn's Choice of the Week (26)


“ဝန်ဇင်းစာချစ်သူတွေအတွက် ရှားလော့ဟုမ်းပြန်လာပြီ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူများအတွက် ရုံးပိတ်ရက်မှာ အနားယူရင်း ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ပင်ကိုရေးနဲ့ ဘာသာပြန်စာရေးဆရာကြီး ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “ရှားလော့ဟုမ်းပြန်လာပြီ” ဆိုတဲ့ စာအုပ်ပါပဲ။ 

ရှားလော့ဟုမ်းသည် ကမ္ဘာ့စာပေတွင် အထင်ရှားဆုံး၊ အကျော်ကြားဆုံးနှင့် လူသိအများဆုံးဇာတ်ကောင်၊ ရှားလော့ဟုမ်းသည် ကမ္ဘာ့စုံထောက်စာပေတွင် အစဉ်အမြဲ ထိပ်ဆုံးက ရပ်တည်နေသည့် စာအုပ်။ 

ပြီးခဲ့တဲ့အပတ်မှာ ရှားလော့ဟုမ်းအမှတ်စဉ် ( ၁ ) ဖြစ်တဲ့ 
ရှားလော့ဟုမ်း၏မှတ်တမ်းများ စာအုပ်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီစာအုပ်လေးသာဖတ်ပြီးခဲ့ရင်တော့
အမှတ်စဉ်( ၂ ) "ရှားလော့ဟုမ်းပြန်လာပြီ" The Return of Sherlock Holmes ဆိုတဲ့စာအုပ်လေးကို ကောင်းမကောင်း အထူးညွန်းစရာ မလိုလောက်တော့ပါဘူး။

အမှတ်စဉ်( ၁ ) စာညွန်း မဖတ်ရသေးသူတွေအတွက်တော့ ကမ္ဘာကျော်စာရေးဆရာကြီး ဆာအာသာကိုနင်ဒွိုင်းရေးတဲ့  စုံထောက်ကြီးရှားလော့ဟုမ်း ဆိုတာက ဆရာကြီး ရွှေဥဒေါင်းရဲ့စုံထောက်မောင်စံရှား၊ ဒဂုန်ရွှေမျှား၏ စုံထောက်ဦးထင်ကျော်၊ မင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် စတဲ့မြန်မာသိ စုံထောက်ဝတ္ထုတော်တော်များများမှ ဇာတ်လမ်း ဇာတ်ကောင်တို့သည် ဆာအာသာကိုနင်ဒွိုင်း၏ ရှားလော့ဟုမ်းမှ မွေးဖွားဆင်းသက်လာသည့် ကိုယ်ပွားတွေဆိုရင် မမှားပါဘူးလို့သာ  အကျဉ်းပြောပါရစေ။

အခု မိတ်ဆက်လိုက်တဲ့ "ရှားလော့ဟုမ်းပြန်လာပြီ " စာအုပ်လေးက၊ စာရေးသူဆာအာသာကိုနင်ဒွိုင်းက သူဇာတ်ကောင်ပေါ်မှာငြီးငွေ့လာပြီဆိုတာကို "ဟုမ်းကိုသတ်ပစ်လိုက်တာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်အမေ ၊ ဟုမ်းဟာ ကျွန်တော့် အချိန်တွေကိုသိပ်ယူနေတယ်။ တခြားအရေးကြီးတဲ့ အလုပ်တွေကိုမလုပ်နိုင်တော့ဘူး။" (ရှားလော့ဟုမ်းပြန်လာပြီ စာ-၉)

"ရှားလော့ဟုမ်း၏မှတ်တမ်း" စာအုပ် ( ၁ ) "ရှားလော့ဟုမ်း ၏ဇာတ်သိမ်း" ဝတ္ထုမှာ ဆာအာသာကိုနင်ဒွိုင်းက ရှားလော့ဟုမ်းကို ရေတံခွန်ထဲချသတ်လိုက်တယ်။ ရှားလော့ဟုမ်းကိုပြန်ရေးဖို့ စာဖတ်ပရိသတ်ရဲ့
တောင်းဆိုမှုများ ပြင်းထန်လာတဲ့အခါ ကိုနင်ဒွိုင်းက သူ့စာဖတ်ပရိတ်သတ်ကို အရှုံးပေးလိုက်ရတယ်။
သူကွယ်လွန်ချိန်ထိ ရှားလော့ဟုမ်းရဲ့ ဝတ္ထုတို ဝတ္ထုရှည်တို့ကို ရေးသားခဲ့ရတယ်။

ယခု "ရှားလော့ဟုမ်းပြန်လာပြီ " ဆိုတဲ့ စာအုပ်လေးက ရှားလော့ပရိတ်သတ်တို့ရဲ့ 
ပြင်းထန်လွန်းတဲ့ တောင်းဆိုမှုအရဖြစ်ပေါ်လာတဲ့ ရှားလော့ဟုမ်းရဲ့ဒုတိယမြောက်စာအုပ်ပါ။
ဆိုခဲ့တဲ့အတိုင်း ကောင်းမကောင်း အထူးညွန်းစရာမလိုတော့ဘူးပေါ့။ ဒီတော့စာမြည်းအနေနဲ့ ရှားလောဟုမ်းပြန်လာပြီ စာအုပ်လေးမှာပါဝင်တဲ့ ဝတ္ထုကောင်းများကတော့

၁။ လူမနေသောအိမ်ကြီး

သြသစတေးလျတိုက်ပြည်နယ်ဘုရင်ခံ၏သား အဒဲယားဆိုတဲ့လူငယ်လေးတဦးအသတ်ခံလိုက်ရတဲ့အမူဖြစ်တယ် ။ 
ဦးခေါင်းကိုခြောက်လုံးပြူးကျည်ပျော့်နဲ့ ပစ်သတ်သွားတာ။ အသတ်ခံရပုံက အဖြေရှာမရအောင်ဖြစ်နေတယ်။
အဒဲယားက ဘာဂါတယ်ဖဲကလပ်မှ အိမ်ပြန်ရောက်ပြီး အိပ်ခန်းထဲဝင်သွားတယ် 
ခဏကြာတော့သူ့ကို သွားခေါ်ကြည့်တာမရလို့ နောက်ဆုံးတံခါးဖျတ်ဝင်လိုက်မှ 
ဦးခေါင်းကို သေနတ်မှန်သေဆုံးနေတာ တွေလိုက်ရတယ်။

သူ့ကိုယ်သူသတ်သေတယ်ဆိုရင်လည်း အိမ်သားတွေကမအိပ်သေးဘူး သေနတ်သံကြားရမှာ 
အိပ်ခန်းထဲမှာလည်း ဘာသေနတ်မှမတွေ့ဘူး အပြင်ပြူတင်းပေါက်ကနေဝင်ပြီး သတ်ရအောင်လည်း 
သူ့အခန်းကပေနှစ်ဆယ်အမြင့်မှာ ပြူတင်းပေါက်အောက် ပန်းရုံတွေမြေတွေမှာလည်း 
ခြေရာလက်ရာမပျက် လမ်းပေါ်ကနေလှမ်းပြီး ပစ်ရအောင်ကလည်း တော်တော်လက်ဖြောင့်မှ၊
လမ်းပေါ်မှာယာဉ်အသွားအလာကမပြတ်ရှိတယ်။ အိမ်နဲ့ဂိုက်တစ်ရာကျော်မှာလည်း မြင်းရထားဂိတ်တစ်ခုရှိတယ်။  ဘယ်သူကမှ သေနတ်သံမကြားလိုက်ရဘူး။

ရှားလော့ဟုမ်းမရှိ့တဲ့နောက် ဒေါက်တာဝပ်ဆင်လည်း မလုပ်တတ်မကိုင်တတ် 
လန်ဒန်ပုလိပ်အဖွဲ့ကြီးကလည်း ဘယ်ကနေအစရှာရမယ်မှန်းမသိ 
ဒီလိုအခြေအနေမှာ ရှားလောဟုမ်က ဘေကာလမ်းက သူတိုက်ခန်းလေးမှာ 
အမှတ်မထင်ပြန်ပေါ်လာတယ်။

ရှားလော့ဟုမ်းသေရွာမှ မည်သို့မည်ပုံလွတ်မြောက်လာတာလဲ။ သူ့နောက်ကို တစိုက်မတ်မတ်လိုက်သတ်နေတဲ့ 
လူဆိုးဂိုဏ်းကြီးကနေ ခြောက်နှစ်လုံးလုံး ကမ္ဘာအနှံ့ပတ်ပြီး ရှောင်ပုန်းနေရာက နောက်ဆုံးလန်ဒန်မြို့ ဘေကာလမ်းတိုက်ခန်းလေးကိုဆိုက်ရောက်လာ၊ လူသတ်သမားနဲ့ ဥာဏ်ခြင်းယှဉ်ပြီး ဖမ်းဆီးလိုက်ပုံအကြောင်းရေးဖွဲ့ထားတာပါ။ လန်ဒန်ပုလိပ်ကြီးခေါင်းခဲနေတဲ့ အဒဲယားလူသတ်မူကိုပါ တလက်စတည်း ဖေါ်ထုတ်ပေးလိုက်ပါတယ်။ 

ဆိုခဲ့သလို ဝတ္ထုထက် ရှုပ်ထွေးမှု၊ ဆွဲဆောင်မှု မလျော့တဲ့အပြင် တစ်စထက်တစ်စ တိုးပြီး စိတ်ဝင်စားဖို့ကောင်းလာတဲ့ ဝတ္ထုများအဖြစ်

၂။ဥာဏ်များသောဗိသုကာ။
၃။ ကနေသောအရုပ်ကလေးများ
၎။ အဖော်မဲ့ စက်ဘီးသမား
၅။ ပျောက်ဆုံးသွားသော ကျောင်းသား
၆။ မိုက်ခဲ ပီတာ
၇။ မင်းကတော်လေးနှင့် ငွေညစ်သမား
၈။ နပိုလီယံ ခြောက်ဦး
၉။ မေးခွန်းပျောက်မူ့
၁၀။ ရွှေမျက်မှန်
၁၁။ ညာတောင်ပံ ဘောသမားပျောက်မှု့
၁၂။ ချစ်တဲ့စိတ်ဟာဆန်းကျယ်
၁၃။ ဒုတိယသွေးကွက် …. စတဲ့ ရှားလော့ဟုမ်းဝတ္ထုကောင်းတွေကို ဖတ်ရှုကြရမှာပါ။ 

ဝတ္ထုအပုဒ်တိုင်းမှာ ထူးဆန်းတဲ့ အမှုတွေရဲ့ နူးညံ့သိမ်မွေတဲ့ အပြောင်းအလဲလေးတွေ၊ အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို ဆက်စပ်ပြီး ယုတ္တကျတဲ့ စဉ်းစားတွေးတောမှုတွေက တစ်ဆင့် ခိုင်မာတဲ့ ကောက်ချချက်မှုနဲ့အတူ ရှားလော့ဟုမ်းရဲ့ စူးစမ်းစုံထောက်ပုံ …

စတဲ့ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုတွေကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 
သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီလို အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဝန်ဇင်းစာချစ်သူတို့က စုံထောက်ကြီး ရှားလော့ဟုမ်းကို သဘောကျတယ်၊ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စာဖတ်ပရိသတ်တွေလည်း ဖြစ်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …





Related Posts