Wun Zinn's Choice of the Week (28)


“လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေကို ဖတ်ရှုရမယ့် ရှားလော့ဟုမ်း၏ စွန့်စားခန်းများ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့လို တနင်္ဂနွေရုံးပိတ်ရက်မျိုးမှာ ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရွေးချယ်တင်ဆက်ပေးနေတဲ့ ရှားလော့ဟုမ်းဝတ္ထုစီးရီးထဲက “ရှားလော့ဟုမ်း၏ စွန့်စားခန်းများ” ဆိုတဲ့ စာအုပ်ပါပဲ။ ပင်ကိုရေးနဲ့ ဘာသာပြန်စာရေးဆရာကြီး ဆရာမြသန်းတင့်က မြန်မာပြန်ဆိုထားတာပဲဖြစ်ပြီး ရှားလော့ဟုမ်း၏ စွန့်စားခန်းများဆိုတော့ အထွေအထူး ညွှန်းဖို့မလိုဘဲ ရှားလော့ဟုမ်းရဲ့ စွန့်စားခန်း လျှို့ဝှက်သည်းဖိုဝတ္ထုတွေကို ဖတ်ရှုရတော့မှာပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေရက်သတ္တပတ်တွေမှာ မိတ်ဆက်တင်ပြခဲ့တဲ့ ရှားလော့ဟုမ်းဝတ္ထုတွေနဲ့ မတူ၊ ထူးခြားစွာ ပါဝင်လာတဲ့အရာကတော့ ကျွန်တော်တို့အားလုံး သိချင်နေတဲ့ ရှားလော့ဟုမ်းရဲ့ အတ္ထုပ္ပတ္တိကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ပဲ ဖတ်ရှုရတော့မှာဖြစ်ပါတယ်ခင်ဗျ။ ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆင်တို့ တွေ့ဆုံခဲ့ကြပုံ၊ ရှားလော့ဟုမ်းရဲ့ အရည်အချင်းတွေ၊ ရှားလော့ဟုမ်းရဲ့ အားနည်းချက်၊ အားသာချက်တို့ကို “ရှားလော့ဟုမ်း ဘာလဲဘယ်လဲ” အဖြစ် အသေးစိတ်ဖတ်ရှုနိုင်အောင် ဆရာမြသန်းတင့်က အမှာစာမှာတင် ရှည်းလျားစွာတင်ပြထားပါတယ်။ ဆရာမြရဲ့ ရှားလော့ဟုမ်းအကြောင်း ဖော်ပြချက်တင် ဒီစာအုပ်က စာဖတ်သူကို စိတ်ကျေနပ်မှု ရစေမှာဖြစ်တဲ့အပြင် ရှားလော့ဟုမ်းရဲ့ စွန့်စားခန်းတွေအကြောင်းပါ ထပ်မံဖတ်ရှုရဦးမယ်ဆိုတော့ …. 

“ရှားလော့ဟုမ်း၏ ထူးခြားသောစရိုက်တစ်ခုမှာ အရာကိစ္စတစ်ခုကို ကျိုးကြောင်းစိတ်ဖြာ  ကြည့်သည့်နည်းဖြစ်သည်။”

စာရေးဆရာကြီး ဆာ အာသာ ကိုနင်ဒွိုင်းလ်ရဲ့ “The Adventures of Sherlock Holmes” ဝတ္ထုကို မြန်မာပြန်ဆိုထားတဲ့ ဒီစာအုပ်ထဲမှာ ရှင်ဘုရင်ကို အသရေဖျက်ရန်ကြံမှု၊ ဆံပင်နီဂိုဏ်း၊ ရှာပုံတော်ကြီး၊ သားဇောသမီးဇော၊ လိမ္မော်စေ့ငါးစေ့၊ နှုတ်ခမ်းထော်ကြီးနှင့်လူ … စတဲ့ လျှို့ဝှက်သည်းဖိုဝတ္ထုပေါင်း ၁၀ ပုဒ်ကျော်ကို ဖတ်ရှုရမှာဖြစ်ပြီး ဒီဝတ္ထုတွေထဲမှာ ရှားလော့ရဲ့ အရည်အသွေးတွေကို ထင်ထင်ရှားရှား ပိုပြီးမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

စာချစ်သူများအတွက် ဆရာမြသန်းတင့်ရဲ့ အမှာစာမှာပါတဲ့ ရှားလော့ဟုမ်းအကြောင်းအနည်းငယ်ကို စာမြည်းအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်။ 

ရှားလော့ဟုမ်း၏ အရည်အချင်းများ

၁။ စာပေအရည်အချင်းမရှိ။
၂။ ဒဿနပညာရပ်အရည်အချင်းမရှိ။
၃။ နက္ခတ္ထဗေဒပညာမရှိ။
၎။ နိုင်ငံရေးအားနည်းသည်။
၅။ ရုက္ခဗေဒအသင့်အတင့်။ ဘိန်း၊ အဆိပ် စသည်တို့အကြောင်းကို ကောင်းစွာသိရှိ၊ လက်တွေ့သစ်ပင်စိုက်ပျိုးနှင့် ပတ်သက်၍ ဘာမျှမသိ။ 
၆။ ဘူမိဗေဒအနည်းအကျဉ်းသိ။ 
သို့ရာတွင် လက်တွေ့ကျသည်။ မြေကြီးခဲတစ်ခဲကို ကြည့်၍ မြေအမျိုးအစား တွေ့နိုင်သည့်နေရာတို့ကို ခွဲခြားပြောနိုင်သည်။ ဘောင်းဘီတွင်  ပေလာသည့် ရွှံ့စက်များကိုကြည့်၍ လန်ဒန်မြို့ မည်သည့်ရပ်ကွက်မှ လာသည်ကို သေချာစွာပြောနိုင်သည်။ 
၇။ ဓာတုဗေဒ နှံ့စပ်သည်။
၈။ ခန္ဓာဗေဒ တိကျသည်။ သို့ရာတွင် စနစ်မကျ။ 
၉။ မှုခင်းစာပေ ကျွမ်းကျင်နှံ့စပ်။ ဆယ့်ကိုးရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သော မှုခင်းကြီးများအကြောင်းကို ကြေညက်စွာသိရှိ။ 
၁၀။ တယောထိုးကောင်းသည်။ 
၁၁။ လက်ဝှေ့၊ ဓားသိုင်းနှင့် တုတ်သိုင်းတို့ကို ကျွမ်းကျင်သည်။ 
၁၂။ ဗြိတိသျှတရားဥပဒေတွင် နှံ့စပ်သည်။ … ဤသည်တို့မှာ ရှားလော့ဟုမ်း၏ စိတ်နေစိတ်ထား၊ အရည်အချင်းများနှင့် ပတ်သက်၍ ဒေါက်တာဝပ်ဆင်၏ အမြင်များဖြစ်သည်။ 
…….
ကဲ .. ဒီလို ရှားလော့ဟုမ်းဝတ္ထုမျိုးကိုမှ မဖတ်ရင် အခြားဘယ်လို လျှို့ဝှက်သည်းဖိုဝတ္ထုမျိုးကို ဖတ်နေဦးမှာလဲဗျာ။ ဒါကြောင့် ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး၊ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုရင်း ရှားလော့ဟုမ်းနဲ့အတူ စွန့်စားခန်းတွေမှာ ပါဝင်လိုက်ရအောင်လားခင်ဗျ။

သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီလို အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဝန်ဇင်းစာချစ်သူတို့က စုံထောက်ကြီး ရှားလော့ဟုမ်းကို သဘောကျတယ်၊ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စာဖတ်ပရိသတ်တွေလည်း ဖြစ်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”

“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …



Related Posts