Wun Zinn's Choice of the Week


"အရှေ့တံခါးအဝင် - ပုညခင်"

ဤစာအုပ်သည် #ရွှေကြာ ဟူသော ပြည့်တန်ဆာ မိန်းမငယ်လေးတစ်ယောက် နှင့်တကွ အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာများဖြစ်ခဲ့ရသော မြန်မာ့လူမှုအသိုင်းအဝိုင်းမှ မိန်းမသားများစွာ၏ ဘဝဖြတ်သန်းမှုအဖုံဖုံကို အခြေပြု၍ ရေးဖွဲ့ထားသောဝတ္ထုဖြစ်သည် ။ 

စာရေးသူကိုယ်တိုင် ထိုသို့သော မိန်းကလေးများ ကျင်လည်ရာ နိုက်ကလပ်များနှင့်  လမ်းဘေးဘဝများကို လပေါင်းများစွာ အချိန်ယူလေ့လာရေးဖွဲ့ခဲ့ခြင်းဖြစ်သည် ။ စာရေးသူက ဤဝတ္ထုကိုရေးရာတွင် လူသားချင်းစာနာစိတ်တစ်ခုကိုသာ နှလုံးသွင်း၍ ပြည့်တန်ဆာများအကြာင်းရေးသည့်တိုင် ကြမ်းတမ်းရိုင်းစိုင်းမှုများမပါဝင်ဘဲ နူးညံ့သိမ်မွေ့စွာသာ ဖွဲ့ဆိုရေးသားခဲ့ပေသည် ။ 

ဤစာအုပ်တွင် မြန်မာနိုင်ငံ၏ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေနှင့် ပြည့်တန်ဆာများ၏ရပ်တည်မှု ၊ အမှောင်လောကမှ ဘဝအခက်အခဲများနှင့်တကွ ၎င်းတို့၏ဆန့်ကျင်ဘက်ဖြစ်သော ဟိုတယ်ဝန်ထမ်း မိန်းကလေးတစ်ယောက်၏ ရိုးရှင်းသောဘဝဖြတ်သန်းမှု ၊ ဟိုတယ်လုပ်ငန်းခွင်အတွင်းမှ  လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံဗဟုသုတ များကိုပါ ရောယှက် ရေးဖွဲ့ထားသည်ကို တွေ့ရှိရသည် ။ 

မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်းမှ မိန်းကလေးများနှင့်တကွ သမီးရှင်များ အတွက် ခံစားမှုရသနှင့်တကွ သင်ခန်းစာယူ သတိမူရှောင်ရှားစရာ အတွေးအမြင်များစွာ ပေးနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည် ။ 

ခေတ်စနစ်ကို ထင်ဟပ်ရိုက်ခတ်ဖော်ပြနိုင်သဖြင့် စတင်ထုတ်ဝေချိန်မှ ယခုထိတိုင် အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်သော  best seller ဝတ္ထုတစ်ပုဒ်ဖြစ်သည် ။ 

ဤစာအုပ်ကို  ရွှေကြာ အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးထားသည် ။ 

ဝန်ဇင်းမှ e book အဖြစ် ဝယ်ယူဖတ်ရှုနိုင်သလို စာအုပ်အဖြစ်သာ ဝယ်ယူဖတ်ရှုလိုပါက ကျွန်တော်များ ဝန်ဇင်းမှ ပို့ခ အခမဲ့ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင် ပေးမည်ဖြစ်ပါသည် ။

Wun Zinn's Choice of the Week ကဏ္ဍကို အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့ရဲ့ မနက် (၁၁) နာရီမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ 

Related Posts