Wun Zinn's Choice of the Week (43)


“မာဖီးယားဂိုဏ်းတွေအကြောင်း စိတ်လှုပ်ရှားစွာ ဖတ်ရှုရင်း လက်မှမချချင်အောင် ဆွဲဆောင်မှုရှိလှတဲ့ စာအုပ်”

………….

ကဲ … ဒီနေ့ စနေ၊ စနေဟာ ဒီနေ့ပဲ ဖြစ်ပါတယ်။ ဝန်ဇင်းစာချစ်သူများ ဒီနေ့အတွက် ဘာတွေ စီစဉ်ထားကြလဲတော့ မသိဘူးခင်ဗျ။ ကျွန်တော်တို့ဝန်ဇင်းကတော့ စီစဉ်ထားတာလေး ရှိပါတယ်။ အဲ့ဒါကတော့ ဝန်ဇင်းစာချစ်သူတွေအနေနဲ့ စနေ၊ တနင်္ဂနွေ အလုပ်နားရက် အားလပ်ချိန်တွေမှာ ဖတ်ရှုနိုင်ဖို့ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက် စာအုပ်များကဏ္ဍကနေ ဘာသာပြန် စာအုပ်ကောင်းတစ်အုပ် ရွေးချယ်ထားတဲ့အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ 


“အဲ့ဒီစာအုပ်ကတော့ စကိုင်လိုက်တာနဲ့ လက်မှမချချင်အောင် ဖတ်ကောင်းကောင်းနဲ့ ဝတ္ထုဆုံးတဲ့အထိ ဖတ်မိသွားလိမ့်မှာ အသေအချာပါပဲ။”


စာအုပ်နာမည်က >>> စစ္စလီကျွန်းသား


ဘာသာပြန်စာရေးဆရာ >>> တက္ကသိုလ်နေဝင်း 


စစ္စလီကျွန်းက အကျင့်ပျက်အုပ်စိုးသူတွေနဲ့ မာဖီးယားဂိုဏ်းရဲ့ ဗိုလ်ကျစိုးမိုးမှုကို တွန်းလှန်ခဲ့တဲ့ တောပုန်းဓားပြ ‘ဂီလီယာနို’ ရဲ့ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း။ သူ ဓားပြတိုက်လို့ ရသမျှကို ဆင်းရဲသားတွေအတွက် သုံးခဲ့တဲ့ ခေတ်သစ်ရော်ဘင်ဟု ဂီလီယာနိုအကြောင်း။ 


အီတလီလူမျိုး စာရေးဆရာ Mario Puzo က ၁၉၆၉ ခုနှစ်မှာ The Godfather ဆိုတဲ့ စာအုပ်ထဲမှာ အမေရိကန်က မာဖီးယားဂိုဏ်းတွေအကြောင်း ဖွင့်ချထားပါတယ်။ ဝတ္ထုကလည်း အရမ်းအောင်မြင်မှု ရသွားတယ်။ ဒါနဲ့ အခု ဒီစာအုပ် The Sicilians ‘စစ္စလီကျွန်းသား’ ကို ၁၉၈၄ မှာ ထုတ်ဝေခဲ့တယ်။ ဂေါ့ဒ်ဖားသားဇာတ်လမ်းနဲ့လည်း ဆက်စပ်နေတော့ ပေါက်သွားတဲ့စာအုပ် ဖြစ်သွားတယ်။ 


ဟိုး ရှေးခေတ်ကတည်းက စစ်သူကြီး ဟန်နီဘောတို့ ဖြတ်သန်းခဲ့တဲ့ နယ်မြေ၊ ကျွန်သူရဲကောင်း စပါတာကတ် ခတ္တခိုအောင်းခဲ့တဲ့နေရာ၊ စစ္စလီကျွန်းမှာ နေတဲ့ ဒေသခံ ဆင်းရဲသား လယ်သမား၊ မွေးမြူရေးသမားတွေရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းလှတယ်။ ခေါမလူမျိုးတွေ လာကျူးကျော်ပြီး ဖိနှိပ်ချုပ်ချယ်ခဲ့တယ်။ နော်မန်လူမျိုးတွေနဲ့ အာရပ်မျိုးနွယ်တွေလည်း ကျူးကျော်လာခဲ့ဖူးတဲ့ စစ္စလီကျွန်းသားတွေရဲ့ ဘဝဟာ ဖက်ဆစ်အာဏာရှင် မူဆိုလီနီလက်ထက်အပြီး ခရစ်ယာန် ဒီမိုကရက်တစ်အစိုးရလက်ထက်မှာ အဆိုးဝါးဆုံး ဖြစ်ခဲ့ရတယ်။ 


စစ္စလီကျွန်းသားတွေကို အုပ်ချုပ်သူတွေက ဖိနှိပ်ချုပ်ချယ်သလို ဒွန်ခရိုစီဆိုတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်ကလည်း အာဏာပိုင်တွေနဲ့ ပေါင်းသင်းပြီး စစ္စလီကျွန်းမှာ မင်းမူနေလေရဲ့။ ချမ်းသာသူတွေဆီက ဆတ်ကြေးတောင်းတယ်။ ဆင်းရဲသား လယ်သမားတွေဆီက ကောက်ပဲသီးနှံတွေကို နိုင့်ထက်စီးနင်း ယူတယ်။ လယ်သမားတွေကို ခေါင်းပုံဖြတ်နေတဲ့ သူဋ္ဌေးကြီးတွေကို ပြန်တော်လှန်တဲ့ အစွမ်းအစရှိတဲ့ လယ်သမားတွေကို လုပ်ကြံပေးတယ်။ 


စစ္စလီကျွန်းသားတွေဟာ ခေါင်းမာပြီး ရက်စက်ကြမ်းကြုတ်တယ်။ ပြဿနာတစ်ခုခုဖြစ်ရင် အားကိုးလို့မရတဲ့ တာဝန်ရှိသူတွေကို မတိုင်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းပစ်တတ်ကြတယ်။ ဒါကြောင့်လည်း အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ စစ္စလီကျွန်းသား လယ်သမားတွေဟာ ရန်သူတွေလို ဖြစ်နေကြတယ်။ 


အောက်တိုဘာလ၊ ၁၉၂၂ ခုနှစ်မှာ ‘ဂီလီယာနို’ ဟာ မွန်တီပါလာမြို့မှာ မွေးဖွားလာတယ်။ ဆင်းရဲသားတို့ အားကိုးရာ တောပုန်းလောင်းလျာ ဂီလီယာနိုက လူကောင်ထွားထွား ခန့်ခန့်ညားညားနဲ့ သူရသတ္တိပြည့်စုံသူတစ်ယောက် ဖြစ်တယ်။ ငယ်ငယ်ကတည်းက မဟုတ်မခံ စိတ်ထားရှိပြီး အားနည်းသူတွေကို ကူညီတတ်တယ်။ 


ဂီလီယာနို အသက် ၂၀ အရွယ်မှာ သူ့အစ်မကြီး မင်္ဂလာဆောင်အတွက် အဲ့ဒီခေတ်က မှောင်ခိုပစ္စည်းလို့ သတ်မှတ်တဲ့ ချိစ် ဒိန်ခဲတွေကို တောလမ်းကနေ သယ်လာခဲ့တာ အပြန်လမ်းမှာ အကျင့်ပျက် ရဲဝန်ထမ်းတွေက မတရားဖမ်းဆီးပြီး သေနတ်နဲ့ပစ်လို့ ဂီလီယာနို အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ 


ဒဏ်ရာသက်သာလာတဲ့အချိန်က စပြီး ဂီလီယာနိုရဲ့ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲသွားပါတယ်။ မတရား ဖိနှိပ်ချုပ်ချယ်တဲ့ ရဲတပ်ဖွဲ့နဲ့ စစ္စလီကျွန်းသား လယ်သမားတွေကို ခေါင်းပုံဖြတ်နေတဲ့ ဒွန်ခရိုစီရဲ့ မာဖီးယားဂိုဏ်းကို တွန်းလှန်ပြီး ဆင်းရဲသားလယ်သမားတွေကို ကူညီဖို့ တောပုန်းကြီး လုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ဒီတော့ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ?


သဘာဝခံတပ်ကြီးတစ်ခုလို ဖြစ်နေတဲ့ မွန်တီပါလာမြို့နားက တောင်တန်းတွေက ကျောက်ဂူတွေမှာ စခန်းချနေတဲ့ တောပုန်းကြီး ဂီလီယာနိုနဲ့ အနှိပ်စက်ခံ ဆင်းရဲသားတို့ကတစ်ဖက်၊ အီတလီအစိုးရစစ်တပ်နဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီး ဒွန်ခရိုစီတို့ကတစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြပုံအပြင် စစ္စလီကျွန်းသားတွေရဲ့ အတွေးအခေါ်၊ ဓလေ့ထုံးစံတွေကိုပါ သိရှိရမှာ ဖြစ်ပါတယ်။ 


ဝန်ဇင်းစာချစ်သူတို့လည်း ဒီစာအုပ်ကို ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာသာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 


အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 


………….


အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts