Wun Zinn's Choice of the Week (13)


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေအတွက် ရုံးပိတ်ရက်မှာ ဖတ်ရှုနိုင်ဖို့ ဒီတစ်ပတ်ရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာကြီး ဒဂုန်တာရာ ရေးသားတဲ့ “လရောင်ရွှန်းမြသောညတစ်ည ( နှင့် အခြားဝတ္ထုရှည်များ )” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ 

ဒီစာအုပ်ထဲမှာ လရောင်ရွှန်းသောညတစ်ည၊ သတို့သမီး မြကေခိုင်သက်၊ ကြွေဝေတို့ ညီအစ်မ .. စတဲ့ ဝတ္ထုရှည် ( ၃ ) ပုဒ် ကို ဖတ်ရှုရမှာပါ။ တကယ်တော့ ဒီဝတ္ထုရှည်တွေဟာ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလျံဆမ်းမားဆက်မွမ် ( W.Somerset Maugham ) ရဲ့ ဝတ္ထုရှည်လက်ရာဖြစ်တဲ့ Up at the Villa, ရုရှားစာရေးဆရာကြီး ချက်ကော့ ( Anton Chekhov ) ရဲ့ လက်ရာနှစ်ပုဒ်ဖြစ်တဲ့ The Bride နဲ့ The house with the mansard an artist’s story စတဲ့ ဝတ္ထုရှည်သုံးပုဒ်ကို မြန်မာမှုပြု ရေးသားထားတာပဲ ဖြစ်ပါတယ်။ 

[ “အနာဂတ်အကြောင်းကို အခုမပြောကြပါစို့နဲ့လားဗျာ၊ အဖိုးမဖြတ်နိုင်တဲ့ အခု အချိန်အခါကို ပျော်စမ်းပါရစေ၊ ကျွန်တော့် တစ်သက်လုံးမှာ တစ်ခါမှ ဒါမျိုးမကြုံတွေ့ဖူးပါဘူး၊ နောက်မှ ဘာပဲဖြစ်ဖြစ် အခုအချိန်ကလေးကိုတော့ လှိုက်လှိုက်လှဲလှဲ အပူအပင်မရှိဘဲ ခံစားချင်တယ်လေ..ကျွန်တော့် တစ်သက်တာမှာ တန်ဖိုးထားစရာအဖြစ် အမှတ်တရ နှလုံးသားထဲမှာ သိုဝှက်ထားချင်တယ်”
ခင်သည် သူ့အား ဆန်းကြယ်စွာ စိုက်ကြည့်နေ၏။ တိတ်ဆိတ်သော ညအခါ၌ သူ၏စကားသည် ပဲ့တင်ထပ်နေ၏။ ခင်သည် သူ့ရန်ခုန်သံကိုပင် သူကြားနေရသည်ဟု မှတ်ရလေသည်။ ] ( လရောင်ရွှန်းသောညတစ်ည … မှ ) 

ဝတ္ထုရှည် ( ၃) ပုဒ်လုံးမှာပါဝင်တဲ့ ဇာတ်ကောင်စရိုက်တွေဟာ စာဖတ်သူကြီးအတွက် ထူးခြား ဆန်းသစ်နေပါလိမ့်မယ်။ မမျှော်လင့်ထားတဲ့ ဇာတ်လမ်းမှာပင် မထင်မှတ်ထားတဲ့ ဇာတ်ကောင်တွေရဲ့ အပြုအမူနဲ့ ဇာတ်သိမ်းခန်းတွေဟာ ဝန်ဇင်းစာချစ်သူတွေအတွက် ရသမျိုးစုံကို ရရှိခံစားစေမှာပါ။  ဝတ္ထုရှည် တစ်ပုဒ်ချင်းစီတိုင်းရဲ့ ဇာတ်လမ်းတွေဟာ တစ်ခုနဲ့တစ်ခု လုံးဝ ကွဲပြားခြားနားပြီး ဖတ်ရှုရသူအဖို့ စိတ်ကျေနပ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် အထွေအထူး ညွှန်းဆိုမနေတော့ပါဘူး။ 

ကမ္ဘာကျော်စာရေးဆရာကြီးတွေရဲ့ ဝတ္ထုရှည်လက်ရာတွေကို စာရေးဆရာကြီး ဒဂုန်တာရာရဲ့ မြန်မာပြန်လက်ရာနဲ့အတူ ဖတ်ရှုခံစားဖို့အတွက် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ … 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးဗျ ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ ၀န်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......  



 

Related Posts