Wun Zinn's Choice of the Week (17)


“ခေတ်သစ်ကျန်းမာရေး လေ့လာလိုက်စားလိုသူတိုင်း မရှိမဖြစ် လေ့လာထားသင့်တဲ့စာအုပ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူတွေ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ အေးအေးဆေးဆေး ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ဘာသာပြန်စာအုပ်ကောင်း တစ်အုပ်နဲ့ တင်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ ဘာသာပြန်စာရေးဆရာကြီး တင်မောင်မြင့် ဘာသာပြန်တဲ့ “အမတရှာပုံတော်” ဆိုတဲ့ စာအုပ်ပါပဲ။ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဒေါက်တာဆန်ဂျေးဂွတ်ပထား ( Dr. Sanjay Gupta ) ရေးတဲ့ “CHASING LIFE” စာအုပ်ကိုြ့မန်မာပြန် ရေးသားထားတာပါ။ မူရင်းစာရေးသူဟာ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့အပြင် CNN သတင်းဌာနရဲ့ ဆေးသိပ္ပံသတင်းထုတ်လွှင့်သူ၊ TIME မဂ္ဂဇင်းကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 

ဒီစာအုပ်ဟာ ‘အမတရှာပုံတော်’ ဆိုတဲ့အတိုင်း လူသားတွေ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေးနည်းလမ်းတွေကို အာရုံစိုက်လာတဲ့ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ ရှုထောင့်၊ သူကိုယ်တိုင် လေ့လာရှာဖွေ၊ ကျင့်သုံးလိုက်နာခြင်းက ရရှိလာတဲ့ တွေ့ရှိချက်တွေ၊ ပြင်ပမှာ တကယ်လက်ရှိ အသက်ရှည်စွာ နေထိုင်နိုင်ကြသူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့မှုက ရရှိလာတဲ့ ကျန်းမာရေးအမြင်တွေကို ခက်ခဲရှုပ်ထွေးတဲ့ ဆေးသိပ္ပံပညာကို အရှေ့တိုင်း အနောက်တိုင်း အယူအဆ သဘောတရားတွေနဲ့ ပေါင်းစပ်ပြီး ရှင်းလင်းထားတာဟာ ကျန်းမာရေးလက်စွဲစာအုပ် ဖတ်နေရသလိုမျိုး မဟုတ်ဘဲ ဝတ္ထုဖတ်သလို စိတ်ဝင်စားဖို့ကောင်းအောင် လွယ်လွယ်ကူကူ လေ့လာသိရှိနိုင်မှာပါ။ 

“သည်စာအုပ်၏ ရည်ရွယ်ချက်မှာ ခင်ဗျား အသက်ရှည်ရှည် နေနိုင်ဖို့ ကျန်းကျန်းမာမာ နေနိုင်ဖို့ ဖြစ်ပါသည်။ သည်ကိစ္စနှင့်ပတ်သက်လို့ အငြင်းပွားစရာ အယူအဆအမျိုးမျိုး ရှိပါသည်။ ကိစ္စမရှိပါ။ ကျွန်တော်က စိစစ်ရွေးထုတ်ပြီး ခင်ဗျားအတွက် အကောင်းဆုံးနည်းနှင့် အထိရောက်ဆုံးနည်းလမ်းများကို ရွေးပေးပါမည်။ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းအတွက် ခုချက်ချင်း စ,လုပ်နိုင်သည့် နည်းလမ်းများကို ညွှန်ပြသွားပါမည်။” 

ဒီစာအုပ်ထဲမှာ ခေတ်သစ်ဆေးသိပ္ပံလောကရဲ့ ပြောင်းလဲတိုးတက်လာပုံနဲ့ မျက်မှောက်ခေတ်မှာ လက်ခံကျင့်သုံးသင့်တဲ့ ကျန်းမာခြင်းနည်းလမ်းတွေကို အခန်း ( ၁၀ ) ခန်းခွဲပြီး တင်ပြထားတယ်။ ရှာပုံတော်အစ၊ နှစ်တစ်ရာတိုင်၊ ခေတ်စားလာသော ဖြည့်စွက်အာဟာရများ၊ ဘဝနောက်ကို အပြေးလိုက်ပါ၊ မှတ်ဉာဏ်၊ လူသတ်ကောင်ကို အောင်နိုင်ဖို့၊ ကြီးထွားလာသော ပြဿနာ၊ ပျော်ရွှင်ခြင်းဟူသည်၊ အနာဂတ်ဆီသို့၊ အမတရှာပုံတော် … စတဲ့ ခေါင်းစဉ်တွေအောက်က အကြောင်းအရာ၊ ကိန်းဂဏန်းနဲ့ ဆေးသိပ္ပံပညာရပ်ဆိုင်ရာ ပြောင်းလဲလာမှု ဖြစ်စဉ်တွေက သိပ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်ဆိုတာ ပြောချင်ပါတယ်။ 

[ ‘အသက်ရှည်ကာ အနာကင်း အဆင်းလှခြင်း’ ဆိုသည့် စကားလုံးသည် လျင်မြန်စွာ တာစားလာပြီး ဘယ်လောက်ကြာကြာ နေရမည်ဆိုသည့် သက်တမ်းကို လူတစ်ဦးချင်း၏ ဆန္ဒအလိုက် ဆုံးဖြတ်၍ ကြိုက်သလောက် နေသွားနိုင်တဲ့အထိ ဖြစ်လာနိုင်ချေရှိနေပြီတဲ့။ ကျွန်တော့်မျက်စိထဲတွင် “အသက် ၁၂၀ အရွယ် လူငယ်များ” ကို မြင်ယောင်နေသည်။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကလိစာများကို မူအနေအထားအတိုင်း ခြေရာလက်ရာမပျက် ခွဲစိတ်ပြောင်းလဲ တပ်ဆင်ထားသူများဖြစ်သည်။ … ]

ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ စာဖတ်သူ သိရှိထားပြီးဖြစ်တဲ့ ကျန်းမာစွာနေထိုင်ခြင်းအပေါ် ရှုမြင်သုံးသပ်ပုံတွေက ထူးခြားဆန်းသစ်စွာ ပြောင်းလဲလာပါလိမ့်မယ်။ ဒီ့အပြင် ‘အသက်ရှည်ခြင်း’ ဆိုတဲ့အရာပေါ်မှာ စိတ်ဝင်စားမှု ပိုမိုတိုးမြင့်လာလိမ့်မယ်ဆိုတာ သေချာနေပါတယ်။ 

ကဲ … စာဖတ်သူရဲ့စိတ်ပါဝင်စားမှုကို ဆွဲဆောင်ထားမယ့် ‘အမတရှာပုံတော်’ ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

“ဒီပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. ။ 

Related Posts