စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 14]


“သင့်ဘဝအတွက် ၁၀ စက္ကန့်စာ စကားစုလေးတွေ”

၁။ ဘဝက ခံစားဖို့ နှလုံးသားနဲ့ စဉ်းစားဖို့ ဦးနှောက်ကိုပေးတယ်။ သူတို့ကို မှန်ကန်ကောင်းမွန်စွာ အသုံးချဖို့ကတော့ ကိုယ့်တာဝန်ဖြစ်သွားပြီ။ အသက်ရှင်ဖို့ အချိန်ကိုတော့ ဘဝကပေးပါလိမ့်မယ်။ ကြိုးစားရှင်သန်ဖို့အချိန်ကိုတော့ မိမိကိုယ်ကို ပြန်ပေးရလိမ့်မယ်။ 

၂။ ဘဝက သိပ်ဆန်းဆန်းပြားပြားတော့ မဟုတ်ပါဘူး။ မွေးဖွားလာတယ်။ ရှင်သန်နေထိုင်တယ်။ တစ်နေ့ကျ ပြန်လည်သေဆုံးသွားတယ်။ ဒါပါပဲ။

၃။ ဘဝက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် သင်ပြပေးတတ်တဲ့ ဆရာတစ်ဦးပါ။ သူက ကောင်းတာတွေ သင်ပေးတတ်သလို ဆိုးတာတွေလည်း သင်ပေးတတ်ပါတယ်။ ကိုယ်က ဂရုတစိုက်နဲ့ အကောင်းအဆိုး ခွဲခြားသင်ယူတတ်ဖို့ပဲလိုပါတယ်။

၎။ အုဝဲဆိုတာနဲ့ ဘဝဆိုတဲ့ လှေပေါ်ကိုရောက်ရှိလာကြပါတယ်။ လိုရာကိုသွားဖို့ လှော်တက်ကိုတော့ မိမိတို့ကိုယ်တိုင် မဖြစ်မနေ ဖန်တီးရပါလိမ့်မယ်။ 

၅။ ဘဝက လိုချင်တာတွေကိုပဲ အမြဲပေးလေ့မရှိပါဘူး။ ဒီတော့ မလိုချင်တာတွေ ပေးလာရင်လည်း ရှိအောင် အသုံးချလိုက်ပါ။

၆။ ဘဝက စိတ်ကူးယဉ်နေသူတွေအတွက် အိပ်မက်လှလှလေးတွေ ဖန်တီးပေးတတ်ပြီးတော့ ကြိုးစားရုန်းကန်နေသူအတွက်တော့ အနာဂတ်လှလှလေးတွေ ဖန်တီးပေးလေ့ရှိပါတယ်။

၇။ စိတ်ဓာတ်နိမ့်ကျနေခြင်းဟာ ဘဝနိမ့်ကျခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ထို့ကြောင့် မိမိစိတ်ဓာတ်ကို အမြဲမြှင့်တင်ပေးပါ။

၈။ တောင်တွေဟာ အနိမ့်အမြင့် မညီကြဘူး။ လူတွေရဲ့ ဘဝတွေဟာလည်း အနိမ့်အမြင့် မညီကြဘူး။ ဒါပေမဲ့ တောင်တွေစုပေါင်းခြင်းဖြင့် လှပတဲ့ တောင်တန်းကြီးတစ်ခုဖြစ်လာသလို လူတွေစုပေါင်းခြင်းဖြင့်လည်း လှပတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်လာတာပေါ့။

၉။ ဘဝဆိုတာ ယှဉ်ပြိုင်ဖို့မဟုတ်ဘူး။ ရင်ဆိုင်ဖို့။ အခြားသူတွေရဲ့ ဘဝနဲ့ ခိုင်းနှိုင်းဖို့ မဟုတ်ဘူး။ အကျိုးရှိဖို့။ တန်ဖိုးရှိရှိနဲ့ ကိုယ်တိုင်တည်ဆောက်ယူဖို့ပါ။
 
၁၀။ သင့်ဘဝကို ပြောင်းလဲနိုင်တာလည်း သင်ပါ။ သင့်ဘဝကို မြှင့်တင်နိုင်တာလည်း သင်ပါ။ သင့်ဘဝကို မောင်းနှင်ထိန်းကျောင်းရမှာလည်း သင်ပါ။ သင့်ဘဝရဲ့ သခင်ဟာလည်းသင်ပါ။ သင့်ဘဝရဲ့ အစေခံဟာလည်း သင်ပါ။ သင်ဟာ သင့်ဘဝရဲ့ ဖန်တီးရှင်ပါမိတ်ဆွေ။ 
………….

ခုဖော်ပြခဲ့တဲ့ ဘဝအတွက်ခွန်အားဖြစ်စေမယ့် စကားစုလေးတွေကို စာရေးဆရာကောင်းစံ ( ရေကြည် ) ရဲ့ “လူငယ်လမ်းညွှန်စာစုများ - ၁” မှ ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ အကယ်၍ စာချစ်သူတို့လည်း ဒီစာအုပ်လေးကို ဖတ်ရှုချင်တယ်ဆိုရင်တော့ Wun Zinn App မှတဆင့် ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ”
………….
“Wun Zinn Digest မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီတိုင်း တင်ဆက်ပေးနေတဲ့ စိတ်ခွန်အားဖြစ်ဖွယ်စာစုများကဏ္ဍလေးကို ဖတ်ရှုရတာ အကျိုးရှိတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ စာချစ်သူတို့ ပြောလိုတဲ့အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts