စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 16]


“ရုပ်ရှင်မင်းသားကြီးတွမ်ခရုပြောတဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်း”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့အတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ စိတ်ခွန်အားဖြစ်ဖွယ် စာစု/အကြောင်းအရာများ “Motivational” ကဏ္ဍမှ ဖော်ပြပေးသွားမှာကတော့ အားလုံးလည်း ရင်းနှီးသားဖြစ်သူ ရုပ်ရှင်မင်းသားကြီး တွမ်ခရုပြောတဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းအကြောင်းပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးပေါင်း အနည်းဆုံး ( ၅၀ ) ကျော် ရိုက်ကူးပြီးဖြစ်တဲ့ နာမည်ကြီး အမေရိကန်ရုပ်ရှင်မင်းသား တွမ်ခရုဟာ သူကိုယ်တိုင် ရုပ်ရှင်ထုတ်လုပ်သူအဖြစ်ပါ ဆောင်ရွက်ရင်း အနုပညာလမ်းကြောင်းမှာတော့ သူဟာ အောင်မြင်ကျော်ကြားသူတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ လူတိုင်းအတွက် အရေးအကြီးဆုံးဖြစ်တဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းနဲ့ ပတ်သက်ပြီး မင်းသားကြီးတွမ်ခရု … ဘာတွေပြောဖူးလဲ ကြည့်လိုက်ရအောင်လားခင်ဗျာ … ။ 

မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်း

-	ခင်ဗျားမှာ အနုပညာဗီဇအခံရှိတယ်ဆိုပါတော့၊ ဒါကိုသိလိုက်တာနဲ့ တစ်ပြိုက်နက် ခင်ဗျားဟာ ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ပြုစုပျိုးထောင်ရမယ်၊ ရိုးရှင်းပါတယ်၊ ဒီဗီဇကို ခင်ဗျား ဖော်ထုတ်လိုက်ရုံနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းဆိုတာကို ရှာတွေ့သွားမှာပါ။ ဥပမာ … ခင်ဗျား ဇာတ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်နေတဲ့အခါမှာ ကိုယ့်ရဲ့ပင်ကို ဗီဇစရိုက်ဟာ အဲ့ဒီဇာတ်ကောင်အတိုင်း ဖြစ်နေစေရမယ်၊ အဲ့ဒီအခြေအနေမှာ ခင်ဗျားက ဒါဘာလဲ ဘယ်လိုလုပ်ရမလဲ ကွဲပြားခြားနားချက်ကြီးတစ်ခုကို ငါ ဘယ်လိုဈာန်ဝင်အောင် လုပ်ရမလဲ၊ ဒါကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဒီလိုသရုပ်ဆောင်တဲ့အခါမှာ ငါဘယ်လိုခံစားရလဲ၊ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့ ပါရမီ ဗီဇဟာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ ရှိတယ်၊ ဒါကို ဖော်ထုတ်လိုက်ပါ အကောင်အထည်ဖော်လိုက်ပါ၊ ဘယ်သူမှ ခင်ဗျားရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး၊ စပြီးလုပ်လိုက်ပါ၊ ယုံကြည်မှုရှိခြင်းက နောက်က လိုက်လာပါလိမ့်မယ်။ ဒါ ဘာလို့ ကျွန်တော်ပြောလဲဆိုတော့ ကျွန်တော်တို့မှာ အခြားနည်းလမ်းမရှိဘူး၊ ဒီတစ်ခုပဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာ ကိုယ့်ရဲ့ ပါရမီ ဗီဇကို သိအောင်လုပ်၊ ဖော်ထုတ်ခြင်းနဲ့ပဲ ရရှိနိုင်တာပါ။ 

ကဲ … ဒါကတော့ တွမ်ခရုပြောတဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းနဲ့ ပတ်သက်တဲ့ စကားလေးပါပဲ။ အလုပ်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်ချင်တယ်။ အောင်မြင်သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရဲဝံ့ပြတ်သားစွာ စိတ်ဓာတ်ခိုင်မာစွာ အရာရာကို စီမံဖန်တီးနိုင်သူတွေ ဖြစ်ကြပါတယ်။ လျှို့ဝှက်ချက်ကတော့ အောင်မြင်သူတွေဟာ သူတို့ရဲ့ ပါရမီ ဗီဇ လုပ်ကိုင်နိုင်စွမ်းရည်ကို သိရှိပြီး အဲ့ဒီစွမ်းရည်ကို ပြုစုပျိုးထောင် ပြန်လည်အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ 

တွမ်ခရုကတော့ သရုပ်ဆောင်အတတ်ပညာနဲ့ နှိုင်းယှဉ်ပြောဆိုသွားပါတယ်။ ကိုယ့်မှာ တိမ်မြုပ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း သိရှိအောင်လုပ်ပြီး အဆိုပါ အရည်အချင်းကို ထက်မြက်လာအောင် အကြိမ်ကြိမ်အခါခါ ကြိုးစားလုပ်ဆောင်ရင်းကနေ မိမိကိုယ်မိမိယုံကြည်မှုဆိုတာ ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။ 

Ref; Evan Carmichael You Tube Channel 
………….
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ဒီပို့စ်လေးကို ဖတ်ရှုပြီး ကိုယ့်အတွက် တစ်စုံတရာ အကျိုးရှိသွားတယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ ပတ်သင်ပြီး စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ” 

ကိုယ့်ကိုယ်ကိုယုံကြည်မှုစွမ်းရည်များ တိုးတက်မြင့်မားလာပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း စာချစ်သူများကို အမြဲချစ်ခင်နေမယ့် ဝန်ဇင်း … ။ 

Related Posts