စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 5]


စိတ်ကူးအိပ်မက်များဖြင့် ရှင်သန်ခြင်း

ထိပ်တန်းအဆင့် အောင်မြင်မှု ရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို သာမန် အလုပ်သမားတစ်ဦးက ခုလိုမေးတယ်။ 

"ခင်ဗျားရဲ့ ဘဝတစ်လျှောက်လုံးကို ဘယ်လိုမျိုး ရှင်သန် နေထိုင်ခဲ့တာလဲ" 

လုပ်ငန်းရှင်ကြီးက အားရကျေနပ်စွာနဲ့ပဲ ပြန်ဖြေတယ်။ "ကျုပ်ရဲ့ ကြီးကျယ်ခမ်းနားသော အိပ်မက်တွေနဲ့ပေါ့ဗျာ" တဲ့။ ပြီးတော့ သူက ဆက်ပြောတယ် ... " ကျုပ် လုပ်ချင်တဲ့အရာတွေကို စိတ်ကူးအိပ်မက်,မက်ဖို့ ကျုပ်ရဲ့ စိတ်ကို ဖြေလျှော့တယ်၊ ပြီးတော့ အိပ်ယာဝင်ပြီး အဲ့ဒီစိတ်ကူးအိပ်မက်တွေကို စဉ်းစားတွေးတောလိုက်တယ်၊ အိပ်ပျော်သွားတဲ့အခါ အဲ့မတိုင်ခင် စိတ်ကူးထားတဲ့အရာတွေကို အိပ်မက်တော့တာပေါ့၊ အဲ့...မနက်နိုးတဲ့အခါကျ ကျုပ်ရဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ်ဖြစ်လာဖို့ နည်းလမ်းတွေ စဉ်းစားမိတော့တာပဲ " 

"သူများတွေကတော့ ပြောကြတာပေါ့ဗျာ၊ အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ခင်ဗျားအဲ့သလို လုပ်လို့မှမရတာတဲ့၊ ကျုပ်ကတော့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအတွက် ကိုယ့်လမ်းကို ကိုယ်ကောင်းမွန်စွာပဲ ဆက်လျှောက်တယ်။ " 

အမေရိကန်ပြည်ထောင်စုရဲ့ ၂၈ ယောက်မြောက်သမ္မတဖြစ်တဲ့ ဝူး(ဒ်)ရိုး ဝဲလ်ဆင်က ပြောခဲ့တဲ့စကားရှိတယ်။ အဲ့ဒါကတော့ "ကျွန်တော်တို့ဟာ စိတ်ကူးအိပ်မက်တွေနဲ့ ရှင်သန်ကြတယ်၊ ကြီးကျယ်အောင်မြင်တဲ့ လူတွေအားလုံးဟာ စိတ်ကူးအိပ်မက်,မက်ကြခဲ့ကြတဲ့ သူတွေပါပဲ" တဲ့။ သူတို့ဟာ အရာရာကို နွေပူတဲ့ နေ့တစ်နေ့ရဲ့ နှင်းမှုန်လေးတွေလို ဒါမှမဟုတ် ရှည်လျားတဲ့ ဆောင်းရာသီညနေခင်းတစ်ခုရဲ့ မီးပုံတစ်ခုလို မြင်တတ်ကြတယ်။ တချို့လူတွေကတော့ စိတ်ကူးအိပ်မက်တွေကို ရှင်သန်အောင်မလုပ်နိုင်၊ အိပ်မက်တွေ သေဆုံးသွားစေပေမယ့် တချို့ကတော့ ကံဆိုးမိုးမှောင်ကျချိန်မှာတောင် သူတို့ရဲ့ အိပ်မက်တွေကို အကာအကွယ်ပေးပြီး ရှင်သန်စေတယ်။ အဲ့ဒီအိပ်မက်တွေ အမှန်တကယ် ဖြစ်လာတဲ့အထိပေါ့လေ ...။ 

ဒါကြောင့် ကျေးဇူးပြုပြီး ခင်ဗျားဟာ ခင်ဗျားရဲ့ စိတ်ကူးအိပ်မက်တွေကို အခြားသူတွေ ခိုးမယူစေအောင်လုပ်၊ ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားရဲ့စိတ်ကူးအိပ်မက်တွေဟာ သိပ်ကို  ဖြစ်နိုင်တာပဲလို့ အခြားသူတွေက ထင်မြင်ပြောဆိုလာအောင်လုပ်။ 

" ကိုယ့်တေးကိုယ်သီ၊ ကိုယ့်အိပ်မက် ကိုယ်မက်ပြီး ကိုယ့်မျှော်လင့်ချက် ကိုယ်မျှော်လင့်ရင်းနဲ့ ကိုယ် လုပ်စရာရှိတာ ကိုယ်လုပ်ရမယ်ဗျ "

( Grow Great by Dreams ) ( via google facts/adaptation )


Related Posts