“ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်ဖို့ ဘယ်အချိန်အိပ်ယာထကြမလဲ”


“ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်ဖို့ ဘယ်အချိန်အိပ်ယာထကြမလဲ”

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ …

ဒီနေ့မှာ ကျွန်တော်တို့ Wun Zinn Digest ရဲ့ စိတ်ခွန်အားဖြစ်ဖွယ် အကြောင်းအရာ စာစုများ ( Motivational Articles ) ကဏ္ဍမှ တင်ဆက်ပေးသွားမှာကတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ နံနက်ခင်း အိပ်ယာထချိန်များပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … မျက်မှောက်မှာရော၊ သမိုင်းထဲမှာရော နာမည်ကြီးသူ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အိပ်ယာထချိန်နဲ့ အမူအကျင့်လေးတွေကို ဖတ်ရှုရင်း ဝန်ဇင်းပရိသတ်ကြီးလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်ဖို့ ဘယ်အချိန်အိပ်ယာထကြမလဲဗျ။

၁။ မာ့ခ်ဇူကာဘတ် ( Mark Zuckerberg ) - ဖေ့ဘုတ်လူမှုကွန်ရက်တည်ထောင်သူ ဇူကာဘတ်ကတော့ မနက် ၈ နာရီဟာ သူ့ရဲ့ အိပ်ယာထချိန်ပါတဲ့။ ပုံစံတူတီရှပ်တစ်မျိုးတည်းပဲဝတ်ပြီး အဝတ်အစားရွေးချယ်ခြင်းဖြင့် အချိန်ကို မကုန်ဆုံးစေချင်ပါဘူးတဲ့ခင်ဗျ။ 

၂။ အဲလ်ဘတ်အိုင်းစတိုင်း ( Albert Einstein ) - ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းကတော့ မနက် ၈ နာရီခွဲဆို ပုံမှန်အိပ်ယာထပါပြီတဲ့။ တစ်ရက်ကို ၁၀ နာရီမှ ၁၁ နာရီထိကြာအောင် အိပ်စက်လေ့ရှိပြီး ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာ သူ့အတွက် ဖန်တီးနိုင်စွမ်းရည်တွေ တိုးမြင့်လာစေပါသတဲ့။ 

၃။ စတိဗ်ဂျော့ ( Steve Jobs ) - ကမ္ဘာကျော် အက်ပဲလ်ကုမ္ပဏီကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ စတိဗ်ဂျော့ကြီးကတော့ မနက် ၆ နာရီဆို အိပ်ယာထပြီတဲ့ဗျ။ မနက်တိုင်း မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ့်ကို “မင်းရဲ့ ဒီနေ့အတွက် ရည်မှန်းချက်ကဘာလဲ” လို့ ပုံမှန်မေးလေ့ရှိပါသတဲ့။ 

၎။ ဘီလ်ဂိတ် ( Bill Gates ) - မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ၊ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်ကတော့ မနက် ၇ နာရီမှာ အိပ်ယာထတာပါ။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတဲ့အနေနဲ့ မနက်တိုင်း လမ်းလျှောက်စက်ပေါ်မှာ ပြေးလေ့ရှိပြီး သူဒီလို ပြေးနေချိန်မှာ တစ်ပြိုင်နက်တည်း ပညာရေးနဲ့ဆိုင်တဲ့ ရုပ်သံအစီအစဉ်တွေကိုလည်း ကြည့်ရှုနေတတ်ပါသတဲ့။ 

၅။ ထောမတ်စ်အက်ဒီဆင် ( Thomas Edison ) - လျှပ်စစ်မီးသီး နဲ့ အသံဖမ်းစက် အပါအဝင် အခြား လျှပ်စစ်ပစ္စည်းများကို တီထွင်ဖန်တီးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သူ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး အက်ဒီဆင်ကတော့ အိပ်ချိန် ၃ နာရီမှ ၄ နာရီလောက်ထိသာထားပြီး ကျန်အချိန်တွေမှာ တီထွင်ဖန်တီးမှုတွေကို လုပ်ကိုင်ပါသတဲ့။
 
၆။ ဘင်ဂျမင်ဖရန်ကလင် ( Benjamin Franklin ) - အမေရိကန်ပြည်ထောင်စုကြီးကို တည်ထောင်သူတွေအနက် တစ်ဦးအပါအဝင်ဖြစ်သူ၊ စာရေးဆရာနဲ့ ဖရီးမေဆင်ဂိုဏ်းသားလည်းဖြစ်သူ ဖရန်ကလင်ကတော့ မနက် ၅ နာရီဆို အိပ်ယာထပါပြီတဲ့။ အိပ်ယာနိုးတာနဲ့ “ငါ ဒီနေ့အတွက် ဘာကောင်းတာတွေ လုပ်ဆောင်မလဲ” လို့ မေးလေ့ရှိပါသတဲ့။ 

၇။ လီယိုနာဒိုဒါဗင်ချီ ( Leonardo Da Vinci ) - ပန်းချီဆရာ၊ ပန်းပုဆရာ၊ ပိသုကာပညာရှင်၊ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင် … စတဲ့စတဲ့ ပညာရပ်တွေအပါအဝင် ဘူမိဗေဒ၊ ရုက္ခဗေဒ၊ မနုဿဗေဒ၊ သမိုင်းပညာရှင်၊ စာရေးဆရာလဲဖြစ်သူ အီတလီလူမျိုး ဒါဗင်ချီရဲ့ အိပ်ချိန်စနစ်ကတော့ ထူးဆန်းတယ်ပြောရမယ်ခင်ဗျ။ သူက တစ်ရက်မှာ လေးနာရီရောက်တိုင်း မိနစ်နှစ်ဆယ် အိပ်စက်လေ့ရှိပါသတဲ့။ တချို့ကတော့ ဒါဟာ ဒဏ္ဍာရီဆန်ဆန် ပုံပြင်ပါကွာလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လေ့လာမှု၊ တတ်မြောက်ထားတဲ့ ပညာရပ်တွေက ကြွင်းကျန်ရစ်တဲ့ အနုပညာလက်ရာတွေနဲ့ သူ့ရဲ့ နာမည်ဟာ နှစ်ပေါင်းငါးရာ ကြာသည့်တိုင် ယနေ့ထက်ထိ ကမ္ဘာကျော်ဆဲပဲ ဖြစ်ပါတယ်။ 
………….
“ကဲ … ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းပရိသတ်ကြီးရော မနက်မနက်ဆို ဘယ်အချိန်အိပ်ယာထလေ့ရှိကြသလဲ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးဗျာ”
………….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts