စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 10]


“ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ ကျရှုံးမှုတွေ”

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတင် ဘဝကို အောင်မြင်ကျော်ကြားသူ အဖြစ် နေထိုင်ဖြတ်သန်းနေတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိကြပါတယ်။ ဘဝမှာ အောင်မြင်လိုသူ လူတိုင်းဟာ တကယ် အောင်မြင်သူ ပုဂ္ဂိုလ်တွေရဲ့ ဘဝကို လေ့လာကြရတယ်။ သူတို့ ဘယ်နည်းလမ်းတွေနဲ့ ဘယ်ပုံဘယ်နည်း အသုံးချခဲ့သလဲဆိုတာကိုပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ သူတို့ရဲ့ အောင်မြင်မှုကိုချည်း လေ့လာမိတတ်ပြီး သူတို့ ဘယ်လို ကျရှုံးမှုမျိုးတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာ လေ့လာဖို့ မေ့နေတတ်ကြပါတယ်။ ဘဝမှာ အောင်မြင်သူတွေနဲ့ ကျွန်တော်တို့ကြားက အဓိက ကွာခြားချက်ကတော့ သူတို့ဟာ ဘဝမှာ ဘယ်လိုမျိုး ရှုံးနိမ့်မှုမျိုး ကြုံရပါစေ ဘယ်တော့မှ လက်မလျှော့ခြင်းပါပဲ။ အခု ဖော်ပြမယ့် ပုဂ္ဂိုလ်တွေကတော့ ဘဝမှာ ကြီးမားတဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်မလျှော့ အရှုံးမပေးဘဲ ဘဝရဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒီတော့ သူတို့ရဲ့ ဘဝမှာ ဘယ်လို ရှုံးနိမ့်မှုမျိုးတွေကို ဖြတ်သန်းခဲ့ရလဲ … 

၁။ Jack Ma 
သူဟာ လက်ရှိ ကမ္ဘာမှာ နာမည်ကြီးဖြစ်တဲ့ KFC အပါအဝင် ကုမ္ပဏီပေါင်း ( ၃၀ ) ကျော်ကို အလုပ်လျှောက်ခဲ့ဖူးတယ်၊ ဒါပေမယ့် သူ့ကို ဘယ်ကုမ္ပဏီမှ အလုပ်ခန့်ခဲ့ဘူး၊ ပယ်ချခြင်းကို ခံရတယ်။ ဒါတင်မကသေးဘူး၊ နာမည်ကျော် ဟားဗတ်တက္ကသိုလ်ကို ဆယ်ကြိမ်တိုင်တိုင် ဝင်ခွင့်တင်ခဲ့ပေမယ့် တက်ရောက်ခွင့်မရခဲ့ဘူး။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်မှာလည်း စာမတော်တဲ့အပြင် စာမေးပွဲ တဗုန်းဗုန်းကျခဲ့တယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူဟာ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလျံကျော်ဝင်ငွေရှိတဲ့ အလီဘာဘာကုမ္ပဏီကြီးကို တည်ထောင်သူတစ်ယောက် ဖြစ်နေပါပြီ။

၂။ Walt Disney 
ကမ္ဘာကျော် The Walt Disney ရုပ်ရှင်ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူ Walter Elisa Disney ဟာ သတင်းစာပို့သမား အဖြစ်လုပ်ခဲ့တယ်။ လက်ထဲမှာ ဒေါ်လာ ၄၀ ပဲကျန်တဲ့အထိ ငွေကြေးပြတ်လပ်ခဲ့တယ်။ ကာတွန်းလောကမှာ နာမည်ကြီးဖြစ်လာမယ့် Mickey Mouse ဇာတ်ကောင်ကို MGM စတူဒီယိုကြီးက လက်မခံ၊ ငြင်းပယ်ခဲ့တယ်။ အဲ့ဒီနောက် သူဟာ ဒီကာတွန်းဇာတ်ကောင်ကို စွန့်စွန့်စားစား ပွဲထုတ်ရင်း ဒစ်စနေအင်ပါယာကို ထူထောင်ခဲ့တာ ခုဆို၊ Walt Disney ဆိုတာနဲ့ ကမ္ဘာကျော် animation ကာတွန်းရုပ်ရှင်ကြီးအဖြစ် အောင်မြင်ကျော်ကြား လူသိများနေပါပြီ။

၃။ J K Rowling
Harry Potter ရုပ်ရုပ်တွေရဲ့ မူရင်း ဝတ္ထုစာရေးဆရာမ J K Rowling ဟာ တစ်ချိန်က အလုပ်မရှိတဲ့ ကလေးအမေတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရဖူးတယ်။ စိတ်ကျရောဂါ အပြင်းအထန်ခံစားခဲ့ရဖူးပြီး သူမရဲ့ ဝတ္ထုကို ပုံနှိပ်ထုတ်ဝေသူ ( ၁၂ ) ဦးထိ ငြင်းပယ်ခြင်းခံခဲ့ရတယ်။ ဒါပေမယ့် ခုတော့ သူမဟာ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ( ၁ ) ဘီလီယံကျော် ကြွယ်ဝချမ်းသာတဲ့ ကမ္ဘာကျော် စာရေးဆရာမတစ်ဦး ဖြစ်နေပါပြီ။ 

၎။ Oprah Winfrey
သူမဟာ ကျောက်မီးသွေးတွင်း အလုပ်သမား၊ အိမ်အကူ စတဲ့အလုပ်တွေ လုပ်ကိုင်ခဲ့ရတယ်။ အသက် ၉ နှစ်နဲ့ ၁၃ နှစ်အရွယ်တို့မှာ အဓမ္မပြုကျင့်ခြင်း ခံခဲ့ရတယ်။ အသက် ၁၄ နှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့ရတယ်။ ဒီလို ရင်နာစရာ ဘဝအဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ပေမယ့် အရှုံးမပေးခဲ့တဲ့သူမဟာ ကမ္ဘာ့ရုပ်သံမီဒီယာထက်မှာ Talk Show Host အဖြစ် အောင်မြင်လာပြီး အသက် ၃၂ မှာတော့ မီလျံနာတစ်ဦး ဖြစ်လာခဲ့တယ်။

၅။ Stephen Hawking
အသက် ၂၁ လောက်မှာ အာရုံကြောသေတဲ့ ရောဂါရရှိခဲ့ပြီး လက်တွန်းကုလားထိုင်လေးပေါ်မှာ အသက်ရှင်ခဲ့ရတဲ့သူဟာ စကားပြောဆိုနိုင်စွမ်းနဲ့ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းတွေပါ သေဆုံးခဲ့ရတယ်။ ဒါပေမယ့် သူဟာ ကုလားထိုင်လေးပေါ်ကနေ ခမ်းနားကြီးကျယ်လှတဲ့ စကြာဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကို လက်တဆုံး နှိုက်ထုတ်ခဲ့တဲ့ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်လာခဲ့တယ်။ 

၆။ Sam Walton
ကမ္ဘာပေါ်မှာ အကြီးဆုံး ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ Walmart ကုမ္ပဏီကြီးကို တည်ထောင်သူ Sam Walton ဟာ ယာသမားမိသားစုမှာ မွေးဖွားလာသူဖြစ်တယ်။ နွားနို့ရောင်းပြီး ဝမ်းစာရှာခဲ့တဲ့သူဟာ သတင်းစာပို့သမားအဖြစ်လည်း လုပ်ကိုင်ခဲ့သေးတယ်။ ဒီလိုအခြေအနေကနေ သူဟာ ကြိုးစားရင်းနဲ့ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ဝင်ငွေရှိတဲ့ ကုမ္ပဏီကြီးကို တည်ထောင်နိုင်ခဲ့ပါတယ်။ 

၇။ Jim Carrey 
ကမ္ဘာကျော် ဟာသသရုပ်ဆောင်မင်းသားဖြစ်တဲ့ သူဟာ စက်ရုံတွေမှာ ညဆိုင်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့တဲ့။ တံခါးစောင့်အဖြစ်လည်း လုပ်ကိုင်ခဲ့တယ်။ ဗင်ကားလေးကို အိမ်အဖြစ် သတ်မှတ်နေထိုင်ခဲ့ရတယ်။ စာ အရေးအပြောအဖတ် မလုပ်နိုင်တဲ့ Dyslexia ရောဂါ ခံစားခဲ့ရတယ်။ တစ်ချိန်မှာတော့ သူဟာ အနုပညာကြေးအမြင့်ဆုံးပေးရတဲ့ ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

၈။ Colonel Sanders 
ကမ္ဘာကျော် KFC ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ သူဟာ ငွေ အကြွေ ( ၅ ) ဆင့်တည်းနဲ့ သူ့ရဲ့ ကြက်ကြော်တွေကို ရောင်းချခဲ့ရတယ်။ သူ့ရဲ့ ကြက်ကြော်ဟာ စားသုံးသူတွေ၊ စားသောက်ဆိုင်တွေရဲ့ ငြင်းပယ်မှုကို ( ၁၀၀၉ ) ကြိမ်တိုင် ခံခဲ့ရတယ်။ အဲ့ဒီနောက် ကိုးနှစ်ကြာတဲ့အခါမှာတော့ USA တစ်နိုင်ငံတည်းမှာပင် KFC ဆိုင်ခွဲပေါင်း ( ၆၀၀ ) ကိုဖွင့်လှစ်နိုင်ခဲ့တယ်။ ခုတော့ တစ်ကမ္ဘာလုံးမှာ KFC ဆိုင်ခွဲပေါင်း နှစ်သောင်းခန့် ဖွင့်လှစ်ထားပြီး အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅ မီလီယံကျော် ရရှိသူ ဖြစ်နေပါပြီ။ 

Ref; Sarcasm
…………….
“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …

Related Posts