စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 2]


"ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပေမဲ့ ၊ လက်ရှိမှာ အောင်မြင်နေတဲ့သူ (၃) ယောက်"

ဟင်နရီဖို့ဒ် 

 အမေရိကန်နိုင်ငံထုတ် Ford ကားတွေရဲ့ ထုတ်လုပ်သူဖြစ်တဲ့  ဟင်နရီဖို့ဒ် ဟာ ၊ သူရဲ့ တီထွင်ဆန်းသစ်မှုတွေကြောင့် ၊ အခုအချိန်မှာ လူသိများကျော်ကြားနေပေမဲ့လည်း ၊ သူဟာလည်း တစ်ကြိမ်တည်းနဲ့ ကမ္ဘာကျော်သည်အထိ အောင်မြင်ခဲ့တဲ့ သူ တစ်ယောက်တော့မဟုတ်ပါဘူး ။ Ford ကားကုမ္ပဏီ ကို မတည်ထောင်ခင် ၊ သူ ပထမဆုံးလုပ်ခဲ့တဲ့ အလုပ်က ရှုံးနိမ့်ခဲ့ပြီးတော့ ၊ သူ့လုပ်ငန်းတွေဟာ ၊  (၅)ကြိမ်တိုင်အောင် ဒေဝါလီခံခဲ့ရပါတယ် ။

ဝေါ့ဒစ္စနေး 

 ဒီနေ့ခေတ်မှာတော့ ဝေါ့ဒစ္စနေးဟာ ရုပ်ရှင်လောက နဲ့ ကစားကွင်းလောကမှာ ထိပ်ဆုံးကနေရာရထားပြီး  ၊ ဈေးကွက်ထဲမှာလည်း ၊ ဘီလီယံနဲ့ချီပြီးနေရာရထားတဲ့ လုပ်ငန်းစုကြီးတစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သူဟာလည်း အောင်မြင်မှုကိုတစ်ကြိမ်တည်းနဲ့ ပိုင်ဆိုင်ခဲ့ရတဲ့သူမဟုတ်ပါဘူး ။ သူဟာ “အကြံဥာဏ်အသစ်တွေမရှိဘူး” ဆိုတဲ့ အကြောင်းပြချက်နဲ့အလုပ်အဖြုတ်ခံရဖူးပါတယ် ။ အဲ့ဒီနောက်မှာ ဒစ္စနေးဟာ စီးပွားရေးမျိုးစုံကို တည်ထောင်ခဲ့ပေမဲ့လည်း ၊ မအောင်မြင်ခဲ့တဲ့အပြင် ၊ ဒေဝါလီတောင် ခံခဲ့ရတဲ့အထိ၊  ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူတစ်ယောက်ပါ ။ ဒါပေမဲ့လည်း သူဟာ အားမလျော့ပဲကြိုးစားခဲ့တာကြောင့် ၊ 
ခုချိန်မှာ သူရဲ့ ကုမ္ပဏီဖြစ်တဲ့ Walt Disney ဟာ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ရတယ် ။ 

ဂျေကေရိုးလင်း 

 ရိုးလင်းဟာ အခုချိန်မှာ Harry Potter ကြာင့်လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြစ်နေပေမဲ့ ၊ 
အဲ့ဒီအချိန်မတိုင်မှီတုန်းကတော့ ၊ သူဟာ အောင်မြင်ထင်ရှားလူသိများခဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး ။ လက်ထဲမှာ ခြူးတစ်ပြားမှမရှိခဲ့တဲ့ရက်တွေကို ဖြတ်ကျော်ခဲ့ရတဲ့အပြင် ၊ အတိတ်က နေ့ရက်တိုင်းမှာ စိတ်ပျက်ဝမ်းနည်းအားငယ်မှုတွေနဲ့ နေထိုင်ခဲ့ရတဲ့ ရက်တွေ လက်ချိုးရေလို့တောင်မရနိုင်ခဲ့ပါဘူးလို့ ပြောခဲ့တဲ့ 
အမျိုးသမီးတစ်ယောက် ။ 
အစိုးရက ပေးတဲ့ထောက်ပံ့ကြေးပေါ်ကို မှီခိုပြီး ၊ ခိုင်မာတဲ့ရည်မှန်းချက်နဲ့ အလုပ်တွေကြိုးစားလုပ်ရင်း 
(၅)နှစ်အကြာမှာ မှာ အောင်မြင်တဲ့ အမျိုးသမီးဘဝကို ရောက်ရှိသွားခြင်းဖြစ်ပါတယ် ။ 





 

Related Posts