စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 1]


စိတ်ဓာတ်ကျနေပြီလား ၊ ဒီအချက် (၃) ချက်ကို လုပ်ကြည့်ပါ ။ 

ကျွန်တော်တို့တွေဟာ The pursuit of happiness တို့  ၊ Soul Suffer တို့လို ရုပ်ရှင်တွေကြည့်ရင် ၊ စိတ်ခွန်အားတွေရတယ်လို့ ခံစားရကြတယ်မလား ။ အဲ့ဒီဇာတ်ကားတွေထဲက ဇာတ်ကောင်တွေ ရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေနေရတာတွေနဲ့ တစ်ထပ်တည်းကျတယ် လို့ ယုံကြည်စေတယ်။ အဲ့ဒီဇာတ်ကောင်တွေရဲ့ အောင်မြင်ခြင်းတွေက ၊ ကျွန်တော်တို့ကိုယ်တိုင် အောင်မြင်မှုရသလို ပျော်ရွှင်မှုတွေရရှိစေတယ်  ၊ ဟီးရိုးတွေလို့ ခံစားရစေတယ်လေ ။ 

ဒါပေမဲ့ ဒီအရာတွေက ၊ ကျွန်တော်တို့လိုလိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ၊ အိမ်မက်တွေကို အရောက်ပို့ပေးနိုင်မဲ့ နည်းလမ်းတွေမဟုတ်ပါဘူး ။ 
နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ကျွန်တော်တို့ စိတ် နဲ့ ခန္တာကိုယ်အတွက် ငြိမ်းချမ်းမှုတွေလိုတယ် ၊ အဲ့ဒါမှ တီထွင်စမ်းသစ်နိုင်တဲ့ ဖန်တီးမှုအသစ်တွေကို ဖန်တီးနိုင်မှာ ဖြစ်တယ် ။ တီထွင်ဖန်တီးမှုအသစ်တွေ ၊ အိုက်ဒီယာအသစ်တွေက ကွန်တော်တို့ဘဝအောင်မြင်မှုအတွက် အရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပဲ မဟုတ်လား ။ 
အကယ်၍ ကျွန်တော်တို့ 	ရှေ့ဆက်ရမဲ့နေ့ရက်တွေအတွက် စိတ်ခွန်အား(Motivation)တွေ လိုနေပြီဆိုရင် ၊ 

ဒီအချက် (၃) ချက်ကို ကြိုးစားလုပ်ဆောင်ကြည့်ပါ ။ 

(၁) တရားထိုင်ကြည့်ပါ ။ 

တရားထိုင်ခြင်းကို တရားဘာဝနာပွားများဖို့ တစ်ခုတည်းအတွက် သီးသန့်လုပ်ကြတာမဟုတ်ပါဘူး ၊ စိတ်တည်ငြိမ် ၊ အေးချမ်းနိုင်တဲ့အပြင် ၊ စိတ်ဖိစီးမှုတွေ ၊ စိတ်ဓာတ်ကျတွေလျော့နည်းစေပြီး ၊ အာရုံစူးစိုက်နိုင်စွမ်းတွေ ၊ ဦးနှောက်ဖွံ့ဖြိုးတိုးတတ်မှုတွေကို ဖြစ်စေတယ်လို့ research data များအရသိရပါတယ် ။ အကယ်၍ သင်က ပထမဆုံးတရားထိုင်ဖူးတဲ့သူဖြစ်တယ်ဆိုရင် ၊ တရားကိုအကြာကြီးထိုင်ကြည့်စရာမလိုပါဘူး ။ IOS မှာ Calm app နဲ့ Android မှာ headspace app ကို စမ်းပြီးသုံးကြည့်ပါ ။ ဒီ application မှာ စိတ်တည်ငြိမ်ဖို့အတွက် ကိုယ်တိုင်ပြုလုပ်လို့ရနိုင်တဲ့ နည်းစနစ်တွေပါဝင်တဲ့အတွက် ၊ ဒီ application တွေက နေတဆင့် ခင်ဗျားရဲ့ စိတ်ကို တည်ငြိမ်ပြီး ပျော်ရွှင်တဲ့ ဘဝကို ရအောင် ဖန်တီးသွားနိုင်ပါတယ် ။ 

(၂) Social Media အသုံးပြုခြင်းကို ခဏရပ်ကြည့်ပါ ။ 

ခင်ဗျားရဲ့ ဖုန်းက စလို့ ၊ ကွန်ပြူတာမှာပါ Sign in ဝင်ထားတဲ့ social media တွေကနေ log out လုပ်ပြီး ၊ ခင်ဗျာ့ကိုယ် ခင်ဗျား Break ပေးလိုက်ပါ ။ ခင်ဗျား စိတ်ကို အနားပေးလိုက်ပါ ။ 

(၃) သီချင်းနားထောင်ပါ 

သင့်အကြိုက်ဆုံးသီချင်းကို နားထောင်တာကလည်း သင့် စိတ်ခံစားချက်ကို မြှင့်တင်နိုင်စေပြီးတော့ ၊ သင့်ကို ပိုပြီး အလုပ်မှာ ပိုမိုတတ်ကြွစေတယ် ၊ ပိုမိုတီထွင်နိုင်စွမ်းရှိစေပြီးတော့ ၊ အိုက်ဒီယာ အသစ်အဆန်းများလည်း ရရှိလာအောင် အထောက်အကူပြုစေပါတယ် ။ 
ကဲ အဲ့ဒီတော့ သင်စိတ်ဓာတ်ကျနေတယ်လို့ ခံစားရတဲ့အခါ ၊ အပေါ်ကနည်းလမ်း (၃) ခုကို စမ်းလုပ်ကြည့်ပါ ။ အံသြစရာကောင်းလောက်အောင် ထိရောက်မှုရှိတယ်ဆိုတာ သိလာပါလိမ့်မယ် ။ 

Related Posts