စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 20]


“စာရေးဆရာ ဦးဘုန်း ( ဓာတု ) ရဲ့ အတွေးလက်ဆောင်များ” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီတစ်ပတ်အတွက် Wun Zinn Digest ရဲ့ “စိတ်ခွန်အားဖြစ်ဖွယ် စာစု၊ အကြောင်းအရာများ” ကဏ္ဍမှ ဖော်ပြတင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ လူငယ်များရဲ့ ဘဝတိုးတက်ရေးအတွက် စိတ်ခွန်အားဖြည့်စာများ ရေးသားလေ့ရှိသူ စာရေးဆရာဦးဘုန်း ( ဓာတု ) မန္တလေး ရဲ့ အတွေးလက်ဆောင် စာစုလေးများပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ရိုးရိုးရှင်းရှင်းနဲ့ တိုတိုတုတ်တုတ် ဒီစာစုလေးတွေဟာ စာဖတ်သူတိုင်းအတွက် အတွေးအမြင် တစ်စုံတစ်ရာကို ရရှိသွားစေမယ့်အပြင် စိတ်ဓါတ်ခွန်အားလည်း တိုးမြင့်စေတာမို့ ခုပဲ ဖတ်ရှုကြည့်လိုက်ရအောင်လားခင်ဗျာ။ 
………….
ခြေရာဆိုတာ ….. အိပ်နေသူတွေအတွက် မဟုတ်ပါ။ ရှင်သန်တဲ့ နာမည်ဆိုတာ ….. ဝိရီယမဲ့သူတွေအတွက် မဟုတ်ပါ။

အောင်မြင်မှုဆိုတာ အချိန်ပေါ်မှာလည်း မတည်ဘူး။ လူပေါ်မှာပဲ မူတည်တယ်။ 

နာကြည်းမုန်းတီးဖို့ လွယ်သလောက် သည်းခံခွင့်လွှတ်ဖို့ ခက်တယ်။ အကြံပေးဖို့ လွယ်သလောက် လိုက်နာဆောင်ရွက်ဖို့ ခက်တယ်။ အပြစ်တင်ဖို့ လွယ်သလောက် ချီးမွမ်းတတ်ဖို့ ခက်တယ်။ 

ကြောက်စရာအကောင်းဆုံးနဲ့ စွမ်းအားအကောင်းဆုံး ရန်သူဟာ “ပျင်းရိခြင်း” ပါပဲ။ 

စိတ်ဓာတ်ကျခြင်းဟာ အချိန်ဖြုန်းခြင်းတစ်မျိုးပါပဲ။ အချိန်ဖြုန်းတာဟာ ဥစ္စာဓနဖြုန်းတာထက် နှမြောဖို့ကောင်းတယ်။ 

ဘဝင်မမြင့်နဲ့ ဘဝမြှင့်ပါ။ 

အပျံသင်ရင်း ပြုတ်ကျမှာကို ကြောက်နေရင် မင်းဟာ ဘယ်တော့မှ “လေဟုန်စီးနိုင်တဲ့ ငှက်” ဖြစ်လာမှာ မဟုတ်ဘူး။ 

ကြိုးစားရမယ်ဆိုတာ သိရုံနဲ့ အောင်မြင်မှုဆိုတာ မရှိနိုင်ဘူး။ လက်တွေ့မပါတဲ့ ကြိုးစားမှုဟာ အချည်းနှီးပါပဲ။ 

လောကမှာ တန်ဖိုးအရှိဆုံးက အချိန်၊ အရေးကြီးဆုံးက စိတ်ဓာတ်၊ အကြီးမားဆုံးက မိဘကျေးဇူး။ 

အခက်အလက်၊ အညွန့်အတက် မရှိသောအပင်ကို သစ်ငုတ်ဟု ခေါ်သည်။ အတွေးအခေါ်၊ အသိအမြင်၊ အကြံအဆ၊ နည်းလမ်း မရှိသောလူကိုလည်း လူသစ်ငုတ်ဟု ခေါ်သည်။ 

ရဲရင့်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ ဒုတိယအမည်တစ်ခုပါ။ အောင်မြင်မှုအတွက် ဘာမှမခက် ကြိုးစားမှုနဲ့တက်။ 

နောင်တဆိုတာ အမှည့်လွန်မှကြွေတဲ့ သစ်သီးတစ်လုံး ဖြစ်ပါတယ်။ 

ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အတွေးဟာ လူညံ့တွေရဲ့ အတွေးပါ။ လူတော်တွေကတော့ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ တွေးစမြဲပါ။

ကဲ့ရဲ့တတ်သူတွေရဲ့စကားဟာ ကျွန်တော့်အတွက် အားဆေးပါ။ အမုန်းထားသူတွေရဲ့အကြည့်ဟာ ကျွန်တော့်အတွက် ခွန်အားပါ။ အထင်သေးသော သူတွေရဲ့ အပြုအမူဟာ ကျွန်တော့်အတွက် လမ်းပြကြယ်တွေပါ။ 

ကိုယ်မှန်တယ်လို့ ယူဆထားတဲ့ အမှန်တရားဟာ ကိုယ်တစ်ယောက်အတွက်သာ မှန်မနေဘဲ … လူသားအားလုံးအတွက်ပါ မှန်နေဖို့လိုတယ်။ 

အောင်မြင်ကျော်ကြားသော သူဖြစ်အောင် ကြိုးစားသည်ထက် တန်ဖိုးရှိသော သူဖြစ်အောင် ကြိုးစားရမည်။ 

တကယ်တော့ … အုတ်ကြာမြက်ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင်ထူထောင်ရတဲ့ မြက်ပင်ပါ။ အားမငယ်စမ်းပါနဲ့ 

လူတစ်ဦး၏ အကြီးမားဆုံးသော နစ်နာဆုံးရှုံးမှုမှာ ဘဝင်မြင့် မာနထောင်လွှားခြင်းဖြစ်၏။ လူတစ်ဦး၏ အကြီးမားဆုံးသော ဥစ္စာဓနမှာ ကျန်းမာခြင်းပင် ဖြစ်သည်။ လူတစ်ဦး၏ အကြီးမားဆုံးသော လက်ဆောင်မှာ သည်းခံခြင်းဖြစ်သည်။ 

သူများကို ကိုယ်က ကဲ့ရဲ့ပြစ်တင် ပြောဆိုနေရအောင် ကိုယ်ကရော အကဲ့ရဲ့ အပြစ်တင် ပြောဆိုခြင်းမှ လွတ်ကင်းအောင် လုပ်နိုင်ရဲ့လားဆိုတာ မိမိကိုယ်ကို ပြန်စဉ်းစားပါ။ 

ရေဆိုတာ အဆက်မပြတ် စီးဆင်းနေမှ သန့်ရှင်းတယ်။ လူဆိုတာလည်း အမြဲကြိုးစားနေမှ တိုးတက်မယ်။ မြောင်းမတူးရင် ရေမလာသလို ဘာမှမလုပ်ချင်ရင် ဘာတစ်ခုမှ မရဘူး။ သစ်ပင်စိုက်ဖို့ ရေလိုတယ်။ ဒါပေမဲ့ ရေတွင်းထဲမှာ သစ်ပင်စိုက်လို့ မရဘူး။ ဒါကြောင့် မျှတမှုဆိုတာ လှပမှုတစ်ခုပါ။ 

ရည်ညွှန်း - ဦးဘုန်း ( ဓာတု ) မန္တလေး ၏ လူကြီးပဲဖတ်ဖတ်၊ လူငယ်ပဲဖတ်ဖတ်၊ နည်းနည်းဖတ်ပြီး များများတွေးဖို့ “အတွေးလက်ဆောင် ဒိုင်ယာရီ” စာအုပ်။ 
………….
ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာ ဦးဘုန်း၏ စိတ်ခွန်အားဖြစ်ဖွယ် သုတ၊ ရသ စာအုပ်များကို ဝန်ဇင်း app ရှိ မူလစာမျက်နှာမှ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” ကဏ္ဍသို့ဝင်ရောက်ရှာဖွေ၍ ဝယ်ယူဖတ်ရှုနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။

ဖတ်ရှုရ အကျိုးရှိစေပြီး မိမိအတွက် အသိအမြင် တစ်စုံတရာ ရရှိသွားစေမယ့် စိတ်ခွန်အားဖြစ်ဖွယ် စာစု / အကြောင်းအရာများကို Wun Zinn Digest မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
………….
“ဒီပို့စ်လေးကို ဖတ်ရှုပြီး ဝန်ဇင်းစာချစ်သူများအတွက် တစ်စုံတရာ အကျိုးဖြစ်ထွန်းသွားတယ်၊ ဖတ်ရှုရ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ  ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … ။


	

Related Posts