သင်သိရဲ့လား ( ၁၃ )


“သိန်းပေါင်း ( ၆ ) သိန်းခန့် ကုန်ကျခဲ့တဲ့ ဗြိတိန်ဘုရင်မရဲ့ မြေးတော်လက်ထပ်ပွဲ”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာ Wun Zinn ရဲ့ သင်သိရဲ့လား ( Did You Know ) ကဏ္ဍမှ ဝန်ဇင်းစာချစ်သူများအတွက် တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ မြန်မာငွေကျပ်အားဖြင့် “သိန်းပေါင်း ( ၆ ) သိန်းခန့် ကုန်ကျခဲ့တဲ့ ဗြိတိန်ဘုရင်မရဲ့ မြေးတော်လက်ထပ်ပွဲ” အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်ရဲ့ မြေးတော်၊ ဝေလမင်းသားနဲ့ ဒိုင်ယာနာမင်းသမီးတို့ရဲ့ သားငယ်ဖြစ်သူ ဟယ်ရီ ( Prince Harry ) နဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး မက်ဂန် ( Meghan Markle ) တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်၊ စနေနေ့မှာ ကျင်းပခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ၊ ဝင်ဆာရဲတိုက်မှာရှိတဲ့ ၁၄ ရာစု အနုလက်ရာတွေ ခြယ်သထားသော စိန့်ဂျော့ခ်ျဘုရားကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဟယ်ရီနဲ့ မက်ဂန်တို့ဟာ ဆက္ကဆက်နယ်စားကြီးနဲ့ နယ်စားကတော်ဘွဲ့တွေ ခံယူခဲ့ကြပါတယ်။ 

သူတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲဟာ အမေရိကန်ဒေါ်လာ ( ၄၅ ) သန်း [ မြန်မာငွေကျပ်အားဖြင့် သိန်းပေါင်း ( ၆ ) သိန်း ] ခန့် ကုန်ကျခဲ့တဲ့ ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး လက်ထပ်ပွဲတစ်ခုအဖြစ် စာရင်းဝင်ခဲ့တာပါ။ ခုလို တော်ဝင်လက်ထပ်ပွဲကြီးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်များကို ခုလို ဖော်ပြလိုက်ပါတယ်။ 

၁။ မင်္ဂလာပွဲကို တက်ရောက်ကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်နဲ့ ဧည့်သည်တွေ၊ ရဲတိုက်ပတ်ဝန်းကျင်နဲ့ သတို့သားသတို့သမီး လာရာလမ်းမှာ ရောက်ရှိနေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့ ရဲတပ်ဖွဲ့အင်အား သုံးသောင်းကျော်ကို အသုံးပြုခဲ့ပါသတဲ့။ ပြည်သူတစ်သိန်းကျော် လာရောက်ကြတဲ့ ဒီမင်္ဂလာပွဲရဲ့ လုံခြုံရေးကို ကြပ်မတ်ဖို့ အထူးတပ်ဖွဲ့ဝင်တွေ၊ လမ်းတိုင်းမှာ လုံခြုံရေအပြည့်ယူထားတဲ့ ရဲတွေနဲ့ တိုက်ခေါင်မိုးတွေပေါ်မှာ နေရာယူထားတဲ့ လက်ဖြောင့်စနိုက်ပါသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ 

၂။ မင်္ဂလာလက်ထပ်ပွဲ ကုန်ကျစရိတ်ကို ဗြိတိန်တော်ဝင်မိသားစုကပဲ ကျခံတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဂန်ကတော့ သတို့သမီးဝတ်စုံကို သူမဘာသာ ကျခံခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ သူမရဲ့ မင်္ဂလာပွဲဝတ်စုံဟာ အမေရိကန်ဒေါ်လာ သုံးသိန်းခွဲကျော် တန်ဖိုးရှိပါသတဲ့။ 

၃။ မင်္ဂလာပွဲမှာ ဧည့်ခံတဲ့ အစားအသောက်ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၆ သိန်း ၈ သောင်း ဖြစ်ပါတယ်။ 

၎။ အဖျော်ယမကာအတွက်ကတော့ ဒေါ်လာ ၄ သိန်းပါတဲ့။

၅။ အလှဆင်ပန်းတွေအတွက်ကတော့ ဒေါ်လာ ၁ သိန်း ၃ သောင်း ကုန်ကျပါသတဲ့။ 

၆။ အမေရိကန်ဒေါ်လာ ၆ သောင်း ၇ ထောင် ကုန်ကျတာကတော့ မင်္ဂလာကိတ်မုန့်ပဲ ဖြစ်ပါတယ်။ 

၇။ သံစုံတီးဝိုင်းအတွက် ဒေါ်လာ ၄ သိန်းတောင် ပေးရပါသတဲ့။ 

၈။ ထွေလီကာလီ အခမ်းအနားပြင်ဆင်မှုအတွက်က ဒေါ်လာ ၁ သိန်း ၇ သောင်း ၅ ထောင် ကျသင့်ပါသတဲ့။ 

၉။ သူတို့နှစ်ဦးရဲ့ ဟန်းနီးမွန်းခရီးစဉ်အတွက်က ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ကုန်ကျလိမ့်မယ်လို့ ဆိုပါတယ်။ 
Ref; www.harpersbazaar.com
….
“ဝန်ဇင်းပရိသတ်ကြီးတို့လည်း ဗြိတိန်ဘုရင်မကြီးရဲ့ မြေးတော်တို့ တော်ဝင်လက်ထပ်ပွဲအကြောင်းကို စိတ်ဝင်စားမိတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” 
“တော်ဝင်လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး ဝန်ဇင်းစာချစ်သူတို့ ပြောလိုတဲ့စကားများကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားပေးခဲ့ပါဦးခင်ဗျ”
….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts