သင်သိရဲ့လား ( ၁၇ )


"ကမ္ဘာပေါ်မှာရှိတဲ့ နေ့စဉ်စာဖတ်မှုနှုန်းနည်းတဲ့ နိုင်ငံတွေ"
 
မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖို့ကောင်းမယ့် အကြောင်းအရာတစ်ခုကို ကျွန်တော်တို့ Wun Zinn Digest ရဲ့ “သင်သိရဲ့လား” ကဏ္ဍမှ ဖော်ပြပေးသွားတော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကတော့ ‘ကမ္ဘာပေါ်မှာရှိတဲ့ နေ့စဉ်စာဖတ်မှုနှုန်းနည်းတဲ့ နိုင်ငံတွေ’ ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ ‘ကမ္ဘာပေါ်က စာဖတ်အများဆုံးနိုင်ငံတွေ’ ဖော်ပြပေးခဲ့ပါတယ်။ 

အခုဖော်ပြမှာတဲ့ မတူတာကတော့ စာဖတ်အများဆုံးနိုင်ငံတွေမှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ တစ်ပတ်တာ ပျှမ်းမျှစာဖတ်ချိန်ကို အခြေခံဖော်ပြခဲ့တာဖြစ်ပြီး အခုတင်ဆက်မယ့် စာဖတ်အနည်းဆုံးနိုင်ငံတွေကတော့ နေ့စဉ်စာဖတ်မှုနှုန်းကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒီစာရင်းကို ၂၀၁၇ ခုနှစ်တုန်းက ကောက်ယူခဲ့တဲ့ သုတေသနစစ်တမ်း ( Online Survey ) အချက်အလက်တွေအရ ပြန်လည်ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ 

ကဲ … ဒီတော့ နေ့စဉ်စာဖတ်မှုနှုန်းနည်းတဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေဖြစ်မလဲ ကြည့်ရအောင်။ 

‘နေ့စဉ်စာဖတ်မှုနှုန်းနည်းတဲ့နိုင်ငံတွေ’ 

၁။ South Korea - ဇယားဖော်ပြချက်အရ ၄၀ ရာခိုင်နှုန်းထိပဲ သတ်မှတ်ထားနိုင်ရာမှာ တောင်ကိုရီးယားနိုင်ငံရဲ့ နေ့စဉ်စာဖတ်မှုနှုန်းဟာ ၁၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ 
၂။ Belgium - ဘယ်လ်ဂျီယံနိုင်ငံကတော့ ၁၉ ရာခိုင်နှုန်းပါတဲ့။ 
၃။ Japan - ဂျပန်နိုင်ငံရဲ့ နေ့စဉ်စာဖတ်နှုန်းကတော့ ၂၀ ရာခိုင်နှုန်းပါ။ 
၎။ Mexico - မက္ကစီကိုနိုင်ငံကတော့ ၂၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ 
၅။ Netherlands - နယ်သာလန်နိုင်ငံကလည်း ၂၂ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်ခင်ဗျ။ 
…………. တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ ၃၆ ရာခိုင်နှုန်းဖြင့် နေ့စဉ်စာဖတ်မှုနှုန်းအများဆုံးဖြင့် စာရင်းထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီအကြောင်းအရာလေးကို www.statista.com မှ ပြန်လည် ကောက်နုတ်ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ 
………….

“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောကြားလိုသည်များကို ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts