သင်သိရဲ့လား ( ၁၂ )


“သင် ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် အံ့သြဖွယ် လျှို့ဝှက်ချက်တွေ”

၁။ သင်ဟာ တစ်ပတ်လောက် အစားမစားဘဲ နေနိုင်ပေမယ့် မအိပ်ဘဲနေမယ်ဆိုရင်တော့ ( ၁၁ ) ရက်သာ အသက်ရှင်ပါလိမ့်မယ်တဲ့။ 

၂။ လူ့ဦးနှောက်ဟာ အင်တာနက်ပေါ်က စွယ်စုံကျမ်း ( Wikipedia ) မှာ ရှိတဲ့ အချက်အလက် စုစုပေါင်းထက် ( ၅ ) ဆပိုများတဲ့ ဒေတာတွေကို သိမ်းဆည်းနိုင်စွမ်းရှိပါသတဲ့။ 

၃။ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ် ( concentrated hydrochloric acid ) က ဘလိတ်ဓားတွေကို အရည်ပျော်စေနိုင်တဲ့အထိ အက်ဆစ်ပြင်းအား ရှိပါသတဲ့။ 

၎။ လူ့ခန္ဓာကိုယ်မှာ မမျိုးဥက အကြီးဆုံးဆဲလ် ဖြစ်ပြီး သုတ်ကောင် ကတော့ အသေးဆုံးဆဲလ် ဖြစ်ပါသတဲ့။

၅။ ကျွန်တော်တို့ ခန္ဓာကိုယ်ကထွက်တဲ့ နာရီဝက်စာ အပူချိန်ဟာ ရေ ၁.၅ လီတာကို ဆူပွက်စေနိုင်ပါသတဲ့။ 

၆။ ကျွန်ုပ်တို့ဦးနှောက် အသုံးပြုမှုဟာ 10-watt ပမာဏရှိတဲ့ လျှပ်စစ်မီးသီးရဲ့ စွမ်းအင်ထုတ်လွှတ်မှု ပမာဏနဲ့ တူညီပါသတဲ့။ 

၇။ များများရယ်မောလေ့ရှိတဲ့လူတွေဟာ ရယ်မောခြင်းကင်းတဲ့သူတွေထက် ပိုပြီး ကျန်းမာကြပါသတဲ့။ 

၈။ အိုင်းစတိုင်းရဲ့ ပြောကြားချက်အရ ကမ္ဘာပေါ်မှာ ပျားသတ္တဝါတွေ မရှိတော့ဘူးဆိုရင် လူသားတွေဟာ ( ၄ ) ရက်အတွင်း သေဆုံးသွားနိုင်ပါသတဲ့။ ( ဘာကြောင့်လဲတော့ ဝန်ဇင်းပရိသတ်ကြီးပဲ စဉ်းစားကြည့်ပါဦး ) 

၉။ ကမ္ဘာပေါ်မှာ ပန်းသီးမျိုးစိတ်ပေါင်း များစွာရှိကြတယ်။ အဲ့ဒီအထဲက တစ်မျိုးချင်းစီကို သင်စားသွားမယ်ဆိုရင် နှစ်ပေါင်း ( ၂၀ ) ကြာမှသာ အကုန်စားပြီးမှာ ဖြစ်ပါတယ်တဲ့။ 

၁၀။ ညာသန်သူတွေဟာ သူတို့ ဘယ်ဘက်မှာရှိတဲ့ စားစရာကို ပိုသတိထားမိကြသတဲ့။ 

၁၁။ ဦးနှောက်ကနေ အလိုအလျောက် သတိထားမှု မလုပ်ဘဲ မနေနိုင်တဲ့အရာသုံးခု ရှိပါသတဲ့။ အဲ့ဒါတွေကတော့ အစားအသောက်၊ ကောင်လေးကောင်မလေး ချောချောလှလှ နဲ့ အန္တရာယ်တို့ပဲ ဖြစ်ပါတယ်။ 

၁၂။ လူတစ်ယောက်ရဲ့ အရပ်အမြင့်ဟာ သူ့ဖခင်ထံမှ အမွေရတာဖြစ်ပြီး အလေးချိန်ကတော့ မိခင်ဆီမှ ဖြစ်ပါသတဲ့။ 

၁၃။ ကမ္ဘာပေါ်မှာ သင်နဲ့ ရုပ်ချင်းချွတ်စွတ်တူတဲ့သူ ( ၆ ) ယောက်ရှိပါသတဲ့။ ဒါပေမဲ့ သူတို့ထဲက တစ်ဦးလောက်နဲ့ တွေ့ဆုံမိဖို့ကတော့ သင့်ဘဝတစ်လျှောက်လုံးမှာ ( ၉ ) ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိပါသတဲ့။ 

၁၄။ သင်ဟာ တစ်နေ့မှာ ( ၁၁ ) နာရီအထက် အထိုင်သမားဖြစ်တယ်ဆိုရင်တော့ သင်ဟာ နောက်သုံးနှစ်အတွင်း သေဖို့ ( ၅၀ ) ရာခိုင်နှုန်း ရှိနေပါသတဲ့။ 

၁၅။ ဖိနပ်တွေဟာ သင့်ကို အခြားသူစိမ်းက ပထမဆုံးသတိပြုမိတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် ဖိနပ်ကောင်းကောင်းဝတ်ပါလို့ ဆိုသတဲ့။ 
…
“စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအချက်လေးတွေကို ဖတ်ရှုရတာ သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” “အံ့သြဖို့ကောင်းတဲ့ အချက်အလက်လေးတွေကို ဝန်ဇင်းစာချစ်သူတွေ သိထားတယ်ဆိုရင် ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts