သင်သိရဲ့လား ( ၁၅ )


“နောက် ( ၇ ) နှစ်အတွင်း ဖြစ်ပေါ်လာမယ့် အဆင့်မြင့်နည်းပညာများ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ယနေ့ မျက်မှောက်ခေတ်ရာစုဟာ နည်းပညာခေတ်ကြီးဖြစ်တဲ့အလျောက် နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အဆန်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဒီလို တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေဟာ နောက် ( ၇ ) နှစ် အတွင်းမှာ ဘာတွေဖြစ်ပေါ်လာမလဲ၊ နည်းပညာနဲ့အတူ လူသားတွေရော ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ ကျွမ်းကျင်သူပေါင်း ( ၈၀၀ ) ပါဝင်တဲ့ အဖွဲ့က နောက် ( ၇ ) နှစ်အကြာ - ၂၀၂၅ ခုနှစ်ရောက်ရင် ဖြစ်ပေါ်လာမယ့် နည်းပညာ တိုးတက်ပြောင်းလဲမှုတွေကို ခုလို ခန့်မှန်းတွက်ချက်ထားပါတယ်။ ကဲ … ကြည့်လိုက်ရအောင်လားခင်ဗျာ။

၁။ လူဦးရေ ၁၀ ရာခိုင်နှုန်းလောက်က အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ နည်းပညာသုံး အဝတ်အစားတွေကို အသုံးပြု ဝတ်ဆင်လာပါလိမ့်မယ်တဲ့။ ဖြစ်နိုင်ချေက ၉၁.၀၂ ရာခိုင်နှုန်း။

၂။ လူသားနေရာမှာ စက်ရုပ်အစားထိုးပြီး ဆေးရောင်းမယ့် ဆေးဆိုင်တွေဟာ အမေရိကန်မှာ ပထမဆုံး ပေါ်လာပါလိမ့်မယ်တဲ့။ ဖြစ်နိုင်ချေက ၈၆.၀၅ ရာခိုင်နှုန်း။ 

၃။ ကားတွေကို 3D Printer နဲ့ ထုတ်လုပ်လာကြလိမ့်မယ်။ ဖြစ်နိုင်ချေရာခိုင်နှုန်းက ၈၄.၀၁။

၎။ လူဦးရေ ၉၀ ရာခိုင်နှုန်းက အင်တာနက်ကို ပုံမှန်သုံးစွဲလာနိုင်ပါလိမ့်မယ်။ ဖြစ်နိုင်ခြေကတော့ ၇၈.၀၈ ရာခိုင်နှုန်းဖြစ်ပါသတဲ့။

၅။ အမေရိကန်ပြည်ထောင်စုရဲ့ လမ်းမတွေပေါ်မှာ သွားလာနေတဲ့ ကားတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ မောင်းသူမဲ့ကားတွေ ဖြစ်နေပါလိမ့်မယ်တဲ့။ ဖြစ်နိုင်ခြေရာခိုင်နှုန်းကတော့ ၇၈.၀၂ ရာခိုင်နှုန်းပါ။ 

၆။ 3D Printer နဲ့ထုတ်ထားတဲ့ အသည်းဟာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုအတွက် ပထမဆုံး ဖြစ်လာပါလိမ့်မယ်။ ဖြစ်နိုင်ခြေရာခိုင်နှုန်းကတော့ ၇၆.၀၄ ပဲ ဖြစ်ပါတယ်။ 

၇။ လူဦးရေ ငါးသောင်းအထက်ရှိပြီး မီးပွိုင့်တွေလည်း တပ်ဆင်ထားခြင်းမရှိတဲ့ ပထမဆုံးမြို့တစ်မြို့ ပေါ်လာပါလိမ့်မယ်။ ဖြစ်နိုင်ခြေကတော့ ၆၃.၀၇ ရာခိုင်နှုန်းပါတဲ့။ 

Ref; World Economic Forum
………….
“ဝန်ဇင်းပရိသတ်ကြီးလည်း နည်းပညာအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ သိထားတဲ့ နည်းပညာအကြောင်းတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts