သင်သိရဲ့လား (၄)


"အများဆုံးပြောဆိုကြတဲ့ ဘာသာစကားများ"

ကမ္ဘာပေါ်မှာ လူဦးရေစုစုပေါင်းဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ စာရင်းအရ ၇ ဒဿမ ၆ ဘီလီယံအထိ ရှိပါပြီ။ ပြောဆိုကြတဲ့ ဘာသာစကားပေါင်းကတော့ ၃,၀၀၀ ကနေ ၈,၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ပြောဆိုမှုအများဆုံးဖြစ်တဲ့ ဘာသာစကား ( ၁၀ ) မျိုးနဲ့ ယင်းတို့ကိုပြောဆိုတဲ့ လူဦးရေ စုစုပေါင်း အရေအတွက်ကို အောက်ပါအတိုင်း ယှဉ်တွဲ ဖော်ပြလိုက်ရပါတယ်။

၁။ မန်ဒရင်းဘာသာစကား - ၈၄၅ သန်း 
၂။ စပိန်ဘာသာစကား - ၃၂၉ သန်း
၃။ အင်္ဂလိပ်ဘာသာစကား - ၃၂၈ သန်း
၎။ ဟန္ဒီဘာသာစကား - ၁၈၂ သန်း
၅။ ဘင်္ဂလီဘာသာစကား -၁၈၁ သန်း
၆။ ပေါ်တူဂီဘာသာစကား - ၁၇၈ သန်း
၇။ ရုရှားဘာသာစကား - ၁၄၄ သန်း
၈။ ဂျပန်ဘာသာစကား - ၁၂၂ သန်း
၉။ ဂျာမန်ဘာသာစကား - သန်း ၉၀
၁၀။ ဂျာဗားဘာသာစကား - ၈၅ သန်း 

Ref;  Ethnologue statisticis

Related Posts