သင်သိရဲ့လား (၅)


"အတောင်ရှိလျက် လေထဲမပျံနိုင်သော ငှက်များရှိတယ်ဆိုတာ သင်သိရဲ့လား"

၁။ ပင်ဂွင်း ( Penguins )
အမျိုးအနွယ် ၁၇ မျိုးမှ ၂၀ မျိုးအထိ ရှိသည်။ ရေခဲနေသော ကမ္ဘာ့တောင်ပိုင်းဒေသတွင် နေထိုင်ကြပြီး ပုစွန်ဆိတ်၊ ကင်းမွန်နှင့် ငါးအမျိုးမျိုးတို့ကို စားသုံးသည်။ အချို့ပင်ဂွင်းများမှာ အသက် ၃၀ အထိ ရှင်သန်နေထိုင်ကြသည်။ 

၂။ ကီဝီ ( Kiwi )
နယူးဇီလန်ကျွန်းဇာတိ ဖြစ်သည်။ ကီဝီငှက်များမှာ နယူးဇီလန်ကျွန်း၏ အမျိုးသား အမှတ်လက္ခဏာလည်း ဖြစ်ပြီး မျိုးစိတ် ၁၀ ခုအထိ တွေ့ရှိနိုင်သည်။ 

၃။ အီမူ ( emu )  
သြစတေးလျနိုင်ငံမှ ငှက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအရပ်အမြင့်ဆုံး ငှက်မျိုးစိတ်လည်း ဖြစ်သည်။ တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြင့် ပြေးနိုင်သည်။ သြစတေးလျနိုင်ငံ၏ အရေးပါသော ယဉ်ကျေးမှု အမှတ်လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ 

Source_from_wekipedia

Related Posts